Part 2(Unicode)

326 41 3
                                    

Unicode

Part-2 : ပြန်ပေါင်းထုပ်ခြင်း

"ကျွန်တော်က သူတို့နဲ့ဘာအကြောင်း ပြောရမှာလဲ" ရန်ရှုက ဖုန်းကို ပုခုံးနှင့်နားရွက်ကြား ထားပြီးပြောနေသည်။ တစ်ဖက်မှာလည်းကြောင်စာကို ကြိတ်စက်​လေးနဲ့ မွှေနေသေးသည်။ သူက ကြောင်စာကို ဘူးထဲကနေ ကျွမ်းကျွမ်းကျင်ကျင် ဆွဲထုတ်လိုက်ပြီး သင့်တင့်သလောက် ရေနှင့်ရောစပ်လိုက်သည်။ သူက ကြောင်စာကို နေရာမှာမချပေးသေးခင် ခွက်ထဲကိုထည့်လိုက်သည်။

ထည့်ပေးပြီးတဲ့အချိန်မှာ ကြောင်နက်တစ်ကောင်က ဗီရိုပေါ်ကနေ ခုန်ချလာခဲ့သည်။ သူက ခုန်ချလာခဲ့ပြီးတဲ့အချိန်မှာ ကြောင်စာခွက်နားကို တလိမ့်ချင်းစီမသွားခင် အနည်းငယ် အကျောဆန့်လိုက်သေးသည်။

သူ့ခန္ဓာကိုယ်က လမ်းလျှောက်နေတာတောင် တိတ်တိတ်ကလေးလျှောက်နိုင်လောက်တဲ့အထိ ပေါ့ရွှတ်နေသည်။ ကြောင်နက်လေးဟာ ညအချိန်ကနတ်သူငယ်လေးလို သိမ့်မွေ့သည်။

ရန်ရှုက ကြောင်နက်ကလေး စားနေတာကိုကြည့်ပြီးမှ ဖုန်းကိုသူ့လက်နဲ့သေချာကိုင်ပြီး စကားဆက်လိုက်သည်။ "သူတို့ကျွန်တော့်အတွေးကို ဂရုစိုက်တယ်ဆိုရင် ကျွန်တော့်ကိုစိတ်တိုစေမယ့်ကိစ္စတွေ လုပ်မှာမဟုတ်ဘူး။ အခုတော့ ကောကကျွန်တော့်ကို သူတို့ကုမ္ပဏီကိုသွားပြီး သူတို့ကို တောင်းပန်စေချင်တာလား။"

"ဒါကအမှန်ပဲလေ မင်းကနာမည်မကြီးတော့ဘူး ပြီးတော့ လူတွေကလည်း မင်းကိုသူတို့ပရောဂျက်တွေအတွက် မသုံးကြတော့ဘူး။ ဒါကြောင်မို့ မင်းတခါတလေ သေချာ ညှိညှိနှိုင်းနှိုင်းလေး လုပ်သင့်တာ" လျှိုကောက မျှော်လင့်ချက်မဲ့နေတဲ့ အသံနဲ့ သူ့ကို ဖျောင်းဖြားနေသည်။

"မဟုတ်ပါဘူး အဆိုးဆုံးဖြစ်နိုင်မှ ကျွန်တော် ဖျော်ဖြေရေးလောကထဲကထွက်သွားရုံပေါ့ ကျွန်တော့ကို မကျေနပ်ချက်တွေနဲ့ခံစားရအောင်မလုပ်ပါနဲ့"

ရန်ရှုကသိပ်ဂရုမစိုက်ချေ။

သူက နာမည်ကြီးခဲ့ပြီးပြီ။ တော်လည်းတော်သည်။ ထူးချွန်းပြောင်မြောက်တဲ့အလုပ်တွေလည်း လုပ်ခဲ့ပြီးပြီ။

မင်းငါ့ကိုဘာလို့မချော့​တော့တာလဲ?/မင်းငါ့ကိုဘာလို့မချော့တော့တာလဲ?Where stories live. Discover now