Part 1(Unicode)

399 39 2
                                    

Unicode

Part-1 : 2နှစ်ကြာလမ်းခွဲခြင်း

'ပန်းလေးလိုပွင့်လန်းခြင်း'ဆိုသည်မှာ ပရိုဂရမ်ရိုက်ကူးရေးဌာနတစ်ခုဖြစ်သည်။

အဲ့တာက စကားပြောအစီအစဉ်ပရိုဂရမ်တစ်ခုဖြစ်သည်။ပရိုဂရမ်အသင်းကနေ အနုပညာရှင်တွေ ဧည့်သည့်တွေအများကြီးကို ပါဝင်ဖို့ ဖိတ်ကြားမယ်။သူတို့ကိုအင်တာဗျူးမယ်။ပြီးရင်တော့ သူတို့နဲ့စကားပြောကြသည်။

ဒီပရိုဂရမ်ထုတ်လွှင့်မှုမှာ အမျိုးအစားနှစ်ခုရှိသည်။တစ်ခုက အကြိုတိုက်ရိုက်လွှင့်တာဖြစ်ပြီး နောက်တစ်ခုကတော့ ထုတ်လုပ်ပြီးတဲ့အခါ ပြသတဲ့ တရားဝင်platformတစ်ခုဖြစ်သည်။

အစက fanတွေရဲ့ ပရမ်းပတာရန်ပွဲတွေကြောင့် သူတို့ဟာ ဒီအစီအစဉ်ကို တိုက်ရိုက်ထုတ်လွှင့်ခဲ့ကြသေးတယ်။

Fanတွေက ပရိုဂရမ်အဖွဲ့က ဒီအစီအစဉ်ကို ပြသတဲ့အခါမှာ မဟုတ်မမှန်တွေ တည်းဖြတ်ပြင်ဆင်ထားကြတယ်လို့ ထင်နေခဲ့ကြတယ်။ဒါကြောင့် ပရိုဂရမ်အဖွဲ့က ကြည့်ရှုသူတွေ ရိုက်ကူးရေးရဲ့ လုပ်ငန်းစဉ်တစ်ခုလုံးကို ပိုပြီးသိသွားအောင်လို့ တိုက်ရိုက်ထုတ်လွှင့်တဲ့နည်းလမ်းကို ထပ်ထည့်လိုက်ကြတယ်။

အခုတော့ ဒီ*ကြမ်းတမ်းတဲ့အစီအစဉ်က နောက်ဆုံးတစ်ခေါက် fanတွေပွဲဖြစ်သွားတဲ့ထဲက အဓိကဇာတ်ဆောင် နှစ်ယောက်ကို ဒီရိုက်ကူးရေးမှာ နောက်တစ်ခေါက် ပါဝင်ဖို့ ဖိတ်ကြားထားတယ်။

(fanတွေဘယ်လောက်ပြောပြော မတုန်လှုပ်လို့ကြမ်းတမ်းတဲ့အစီအစဉ်လို့ပြောတာပါ)

ဒါကတော့ တကယ့်ကို ဗန်းပြထားတဲ့ လုပ်ဇာတ်ကြီးဆိုတာ သံသယဝင်စရာမလိုပါဘူး။

ဒီတိုက်ရိုက်ထုတ်လွှင့်မှုရဲ့ အောင်မြင်မှုနှုန်းကတော့ တစ်ခါမှမကြုံစဖူးပဲ။ထုတ်လွှင့်မှုအစကတည်းက တခြား အရှေ့တန်း တင်ဆက်သူတွေ အနုပညာရှင်တွေရဲ့ တိုက်ရိုက်ထုတ်လွှင့်ခန်းတွေကိုကျော်ပြီး အကျော်ကြားဆုံး တိုက်ရိုက်ထုတ်လွှင့်ခန်းဖြစ်လာခဲ့တယ်။

*တိုက်ရိုက်ထုတ်လွှင့်ခန်းရဲ့Barrageကအရမ်းလူများလွန်းပြီးခဲတောင်ခဲနေတယ်။မကြာခဏဆိုသလို ဝန်းထမ်းတွေက ထစ်နေတဲ့ screenကိုဘယ်လိုပြင်ရမလဲဆိုတဲ့အကြောင်း ပြောနေသံတွေကို ကြားနေရသေးတယ်။

မင်းငါ့ကိုဘာလို့မချော့​တော့တာလဲ?/မင်းငါ့ကိုဘာလို့မချော့တော့တာလဲ?Where stories live. Discover now