Part 1(Zawgyi)

118 2 1
                                    

Zawgyi

Part-1 : 2နှစ်ကြာလမ်းခွဲခြင်း

"ပန်းလေးလိုပွင့်လန်းခြင်း"ဆိုသည်မှာ ပရိုဂရမ်ရိုက်ကူးရေးဌာနတစ်ခုဖြစ်သည်။

အဲ့တာက စကားပြောအစီအစဉ်ပရိုဂရမ်တစ်ခုဖြစ်သည်။ပရိုဂရမ်အသင်းကနေ အနုပညာရှင်တွေ ဧည့်သည်တွေအများကြီးကို ပါဝင်ဖို့ ဖိတ်ကြားမယ်။ သူတို့ကိုအင်တာဗျူးမယ်။ ပြီးရင်တော့ သူတို့နဲ့စကားပြောကြသည်။

ဒီပရိုဂရမ်ထုတ်လွှင့်မှုမှာ အမျိုးအစားနှစ်ခုရှိသည်။ တစ်ခုက အကြိုတိုက်ရိုက်ထုတ်လွှင့်တာမျိုးဖြစ်ပြီး နောက်တစ်ခုကတော့ ထုတ်လုပ်ပြီးတဲ့အခါ ပြသတဲ့တရားဝင်platformတစ်ခုဖြစ်သည်။

အစက fanတွေရဲ့ ပရမ်းပတာရန်ပွဲတွေကြောင့် သူတို့ဟာ ဒီအစီအစဉ်ကို တိုက်ရိုက်ထုတ်လွှင့်ခဲ့ကြသေးသည်။

Fanတွေက ပရိုဂရမ်အဖွဲ့ဟာ ဒီအစီအစဉ်ကို ပြသတဲ့အခါမှာ မဟုတ်မမှန်တွေ တည်းဖြတ်ပြင်ဆင်ထားကြတယ်လို့ ထင်နေကြသည်။ဒါကြောင့် ပရိုဂရမ်အဖွဲ့ဟာ ကြည့်ရှုသူတွေ ရိုက်ကူးရေးရဲ့ လုပ်ငန်းစဉ်တစ်ခုလုံးကို ပိုပြီးသိသွားအောင်လို့ တိုက်ရိုက်ထုတ်လွှင့်တဲ့နည်းလမ်းကို ထပ်ထည့်လိုက်ကြသည်။

အခုတော့ ဒီ*ကြမ်းတမ်းတဲ့အစီအစဉ်က နောက်ဆုံးတစ်ခေါက်fanတွေပွဲဖြစ်သွားတဲ့ထဲက အဓိကဇာတ်ဆောင် နှစ်ယောက်ကို ဒီရိုက်ကူးရေးမှာ နောက်တစ်ခေါက် ပါဝင်ဖို့ ဖိတ်ကြားထားသည်။

(*fanတွေကဘယ်လောက်ပြောပြော မတုန်လှုပ်လို့ ကြမ်းတမ်းတဲ့အစီအစဉ်လို့ပြောတာပါ)

ဒါကတော့ တကယ့်ကိုဗန်းလုပ်ထားတဲ့ လုပ်ဇာတ်ကြီးဆိုတာ သံသယဝင်စရာမလိုချေ။

ဒီတိုက်ရိုက်ထုတ်လွှင့်မှုရဲ့ အောင်မြင်မှုနှုန်းကတော့ တစ်ခါမှမကြုံစဖူးပင်။ ထုတ်လွှင့်မှုအစကတည်းက တခြားအရှေ့တန်း တင်ဆက်သူတွေ အနုပညာရှင်တွေရဲ့ တိုက်ရိုက်ထုတ်လွှင့်ခန်းတွေကို ကျော်ပြီး အကျော်ကြားဆုံး တိုက်ရိုက်ထုတ်လွှင့်ခန်းဖြစ်လာခဲ့သည်။

*တိုက်ရိုက်ထုတ်လွှင့်ခန်းရဲ့ barrageကအရမ်းလူများလွန်းလို့ ခဲတောင်ခဲနေသည်။မကြာခဏဆိုသလို ဝန်ထမ်းတွေက ထစ်နေတဲ့ screenကိုဘယ်လိုပြင်ရမလဲဆိုတဲ့အကြောင်း ပြောနေသံကို ကြားနေရသေးသည်။

မင်းငါ့ကိုဘာလို့မချော့​တော့တာလဲ?/မင်းငါ့ကိုဘာလို့မချော့တော့တာလဲ?Where stories live. Discover now