ကျွန်တော့်နာမည် "ဝေယံထက်"ပါ အသက်ကတော့ ၂၃ နစ်ထဲရောက်နေပီ ******ဆိုတဲ့ Private School မှာ ကျောင်းစာရေးရုံးဝန်ထမ်းလုပ်နေတာပေါ့။ကျောင်းဆိုပေမဲ့ သင်တန်း သဘောမျိုးပါပဲ သင်္ချာရယ် အင်္ဂလိပ်စာရယ်ပဲ ငါးနစ်နဲ့ဆယ်နစ်ကြား ကလေးတွေကို သင်ကြားပေးတဲ့ပုံမျိုးပါ။စာအပြင် ကလေးတွေ တခြားဗဟုသုတ ရစေမဲ့ အရာတွေလဲသင်ပေးပါတယ်။ကွန်ပျုတာ တို့ ဂီတ တို့ အက တို့ ဘက်စုံပေါ့
ဒီကျောင်းမှာ ကျွန်တော် အလုပ်စဝင်တာ ဒီနေ့ နဲ့ဆို တစ်နစ်ကျော်ပဲ ရှီသေးတယ် သိပ်တော့ ပင်ပင်ပန်းပန်းမလုပ်ရပါဘူး ကျွန်တော်က စာစီစာရိုက်ပိုင်းနဲ့ အားကစားပိုင်းမှာ လုပ်ရတာ ကလေးတွေနဲ့ဆိုတော့ ပျော်စရာကြီးပါ။
"ကလင် ကလင်"ဟလို ဟုတ်ကိုကျော် ရောက်ပီလား ခဏခဏကျွန်တော် ထွက်ခဲ့မယ် လာပီလာပီ
ကိုကျော်ဆို တာ ကျွန်တော့် အလုပ်ထဲက စီနီယာအကိုတစ်ယောက်ပါ ဒီနေ့ ရုံးပိတ်ရက်မို့ လက်ဖက်ရည်ဆိုင်ထိုင်ဖို့ လာခေါ်တာ လေ
လာကိုကျော် ဒီနေ့ ကိုကျော် ဝယ်တိုက်မှာမလား
"ဟမ် ဟိုတစ်ပတ်ကလဲ ငါပဲတိုက်ကတာ ကို"
"ဟဲဟဲ ကိုကျော်ကလဲဗျာ ကိုကျော်က အကြီးပဲဟာ ကဲပါ သွားရအောင် မိုးတွေ မှောင်လာပီ"
အဲ့လိုနဲ့ ကျွန်တော် သူ့ဆိုင်ကယ် နောက်ကနေ ခွထိုင်လိုက်ပီး ကျွန်တော်တို့ထိုင်နေကျ ရွှေနင်္ဂါး လက်ဖက်ရည်ဆိုင် ကို မောင်းပါတော့တယ်။
ဆိုင်ကို ရောက်တော့ "ညီလေးအကို့ကို ပုံမှန်တစ်ခွက်နဲ့ အီကြာကွေးတစ်ပွဲချ ပြီးတော့ ဆေးလိပ်တစ်ပွဲရော" ကျွန်တော်လဲ ပုံမှန်ပဲ "အေးအာ့ဆို ပုံမှန်နစ်ခွက်ချ" "ဟျောင့် မင်းကောင်မလေး မနေ့ညက ဘာဖြစ်တာလဲ" "ဗျာ! ဘာဖြစ်လို့လဲ"
မနေ့ညက ငါ့ဆီကို ငိုပြီး ဖုန်းဆက်လို့လေ
"အော်! ဟုတ်တယ် မနေ့ညက ကျွန်တော်နဲ့ နဲနဲစကားများထားလို့ပါ အကို့ကို ဘာပြောလို့လဲ"
"ဟေ ဘာမှ တော့ထွေထွေထူးထူး မပြောပါဘူးကွာ၊အကို့ သူငယ်ချင်းက မကောင်းဘူး ဘာညာပေါ့" အကို ဘာပြန်ပြောလိုက်လဲ "ငါလဲ အလုပ်ရှုပ်နေလို့ညီမရေ နောက်မှ အကို သူ့ကို ဆုံးမလိုက် ပါမယ် ဆိုပီး ဖုန်းချလိုက်တယ်၊ ဘာဖြစ်ကျတာလဲ" "ဘာမှ မဖြစ်ပါဘူးဗျာ ဒီလိုပါပဲ
အချစ်စမ်းကျတာ ပါ"
ကျွန်တော့်ကောင်မလေး
နာမည်က "မေသက်ခိုင်" တဲ့ သူ့အိမ်ကလူတွေက
"မီးမီး" လို့ပဲ ခေါ်ကျတာ ကျွန်တော်လဲ သူ့ကို "မီးမီး" လို့ပဲခေါ်တယ် သူကတော့ ကျွန်တော့်ကို "ကိုကို" လို့ခေါ်တယ်။ မီးမီးက ကျွန်တော့်ထက် ၂နစ်ငယ်တယ် အခုမှ သူက ၂၁ နစ် ပြည့်ခါစ ရှီသေးတာ အခုရန်ဖြစ်တယ်ဆိုတာ ကလဲ ကျွန်တော် သူမွေးနေ့ ကို မမှတ်မိလို့လေ ...
"အောင်မာ အချစ်စမ်းတယ်တောင် ဖြစ်ရသေးတယ် ဟားဟား ပြောပြာစမ်းပါဟ ဘာဖြစ်တာလဲ သိချင်လို့ သူခဗျာ တကယ်ငိုနေတာ ဟ"
သူမွေးနေ့ကို ကျွန်တော်မေ့နေလို့ ကိုကြီးရေ အဲ့တာ မေ့ရမလား ဆိုပီး စိတ်ဆိုး နေတာ ဗျာ သိပီလား! "ဟာ!မင်းကအဲ့တာ ကျ လွန်တာ ပေါ့ဟ ကို့ကောင်မလေး မွေးနေ့ ကို မေ့စရာလားဟ ငါဆို ပါးရှစ်စိတ်ကွဲအောင်ရိုက်မှာ" ဟာဗျာမဟုတ်ပါဘူးဗျာ ကျွန်တော်က အဲ့လိုပဲ မွေးနေ့တွေ နံပတ်တွေ နေ့တွေရက်တွေ ဆို မှတ်တာ ညံ့တယ်ဗျ...."ဘယ်လိုပဲ ဖြစ်ဖြစ်လေကွာ ကောင်မလေး မွေးနေ့တော့ မေ့စရာလားဟ" "အဲ့ကောင်မလေး မင်းလိုလူ ကို ဘာကြည့်ကြိုက်လဲ မသိဘူး၊ငါ့ကို မင်းတို့ ဇာတ်လမ်းပြောပြစမ်းကွာ ငါလဲရည်းစားနဲ့ပျက်တာ မကြာသေး ဘူးဆိုတော့ မင်းဇာတ်လမ်း လေးနားထောင်ပီး ကောင်မလေး နောက်တစ်ယောက်လောက်လိုက်ရအောင်လို့"
ဟာ အာ့ဆိုရင်တောင် ကိုကျော် လူပေါင်းမှားပီ
"ဟမ် ဘာလို့လဲ" ကျွန်တော်က ကောင်မလေးတွေကို လိုက်တဲ့ နေရာမှာ ညံ့တယ် ဗျ ဒီကောင်မလေးက လဲ သူကအရင် ကျွန်တော့်ကို စကြိုက်တာ..
"ဟာ စွန်လှချည် လား၊လုပ်စမ်းပါအူး မင်းတို့ဇာတ်လမ်းလေး..."
ဆေးလိပ်တစ်လိပ် ကို မီးညှိ လိုက်ပီး .. ပြောရရင်တော့.....
ကျွန်တော်ဆယ်တန်းတုန်းက ပေါ့ အဲ့တုန်းက သူကရှစ်တန်း ပဲရှီသေးတာ၊တစ်နေ့ ကျွန်တော်စီးတဲ့ ကျောင်းကား ပေါ်ကို ကျောင်းသူလေး အသစ်တစ်ယောက် လိုက်စီးတယ်...အဲ့တာ သူပေါ့၊
ကျွန်တော်တို့ကား က Minibus အမျိုးအစား
နောက်ဆုံးတန်းမှာ လေးယောက် ထိုင်လို့ ရတယ်
ကျွန်တော် က အမြဲ နောက်ဆုံးတန်းမှာပဲ ကျွန်တော့် ဘော်ဒါ လေးယောက်နဲ့ အတူ ထိုင်တယ်
သူက ကျွန်တော့် အရှေ့ က ခုံ မှာ ဝင်ထိုင်တယ်၊
သူကျွန်တော်တို့ ကျောင်းကားကို ပြောင်းစီးတာ သူ့သူငယ်ချင်း တစ်ယောက်ပါလို့ တဲ့ သူရယ်သူ့သူငယ်ချင်းစုစုဆိုတဲ့ကောင်မလေး ရယ် ကျွန်တော့်ရှေ့မှာ ရှီတဲ့ နစ်ယောက်တန်း ခုံမှာ ထိုင်တယ် ကျွန်တော် က ကားပေါ်မှာ ဆို ကျောင်းကား ပေါ်မှာ ဖွင့်တဲ့ သီချင်းတွေနားထောင်ပီး အိပ်နေလေ့ ရှီတယ်...အဲ့တော့ အစပိုင်းမှာ သူ့ကို သတိမထား မိဘူးပေါ့၊တစ်နေ့ကျ ကျောင်းမုန့်ဈေးတန်းမှာ သူက ကျွန်တော့်ကို တွေ့ပီး
"ကိုကြီး မုန့်လာဝယ်စားတာလား၊မီး ကိုကော မဝယ်ကျွေးချင်ဘူးလား" ကျွန်တော်နဲနဲ ကြောင်သွားတယ် အဲ့တုန်းက သူ့ပုံစံက အရပ်ပုပု လူက မပိန်ဘူးဆိုပေမဲ့ဝလဲမဝဘူး ဒါပေမဲ့ နဲနဲ ပြည့်တယ် ပါးဖောင်းဖောင်း ဆံပင်ဂုတ်ဝဲလေးနဲ့ မျက်မှန်လေး လဲ တပ်ထားသေးတယ် ၊အသားဖြူတော့ ပါးမို့မို့လေး နစ်ဖက်က ပန်းနုရောင်ဖျော့ဖျော့လေးသန်းနေတယ် နှုတ်ခမ်းလေးက ဖူးဖူး သေးသေးလေး ရယ် ပြီးတော့ညာဘက် အပေါ် နှုတ်ခမ်းထောင့်လေးမှာ မှဲ့လေး ပါသေးတယ်ချစ်စရာလေး သွက်သွက်လက်လက်လဲရှီတယ်၊ကျွန်တော်လဲ ရုတ်တရက် သူ့ကို စိုက်ကြည့်မိသွားပီး ကျောင်းကားပေါ်က ကောင်မလေး မှန်း သတိရသွားတယ်၊ သူ့ဘက်က အရင် အဲ့လို ဖော်ဖော်ရွေရွေ စကား စပြောလာတော့ ဘာပြန်ပြောရမှန်း မသိ ဖြစ် သွားတယ်၊ကျွန်တော်က ချမ်းသာတဲ့မိသားစုအသိုင်းအဝိုင်းက မဟုတ်ပေမဲ့ အရမ်းကြီးဆင်းရဲတဲ့ထဲ လဲ မပါပါဘူး အဲ့တုန်းက တစ်နေ့ မုန့်ဖိုး ၁၅၀၀ ရတယ်၊ယောက်ကျားလေးဆိုတော့သိတဲ့အတိုင်း စုတာ ဆောင်းတာ သိပ်မရှီဘူးလေ ရတာ အကုန်သုံးပဲ အဲ့တာတောင်မလောက် ချင်ဘူးရယ်..."အော် အေးညီမလေး ဘာစားချင်လို့ လဲ စားလေ"အလကားစတာ ပါကိုကြီးရယ် မီးကို မမှတ်မိဘူးလား စကားပြန်ပြောဖို့ ကို တော်တော်စဉ်းစား ယူနေတယ်၊မကျွေးချင်လဲ ရပါတယ်နော် မီးက ဒီတိုင်း နှုတ်ဆက်တဲ့သဘောနဲ့ စ လိုက်တာ ပါနော်..."မဟုတ်ပါဘူး sorry ပါကွယ် အကိုလဲ ရုတ်တရက် ဆိုတော့ လူမှား မှာစိုးလို့ ပါ" ဟာ! လူမှား ရအောင် ကောင်မလေး ဘယ်နစ်ယောက်လောက် မုန့်ဝယ်ကျွေးနေရလို့လဲ ဆိုပီးကျွန်တော့်ကို မျက်စောင်းလေး ထိုးကြည့်တယ်၊ရုတ်တရက် ကျွန်တော်လဲ
တော်တော် ကြောင်သွားတယ် ဒီကောင်မလေးက ဘာလဲ ဟ ပေါ့ "မဟုတ်ပါဘူး ကွယ် ကျောင်းကားပေါ်မှာလဲ စကားမပြောဖြစ်တော့ သိပ်လဲ
မရင်နှီးတော့ ဇဝေဇဝါ ဖြစ်သွားတာပါ sorry ပါကွယ်၊ အခုစားချင်တာရှီရင် စားလေ အကိုဝယ်ကျွေးပါ့မယ်" တကယ်နော်! အာ့ဆို milk shake ဝယ်တိုက် "အင်း ဘာသောက်မှာလဲ" jelly milk shake သောက်မယ် စပျစ် အရသာလေးဟီးဟီးဆိုပီး ပြုံးပြတယ်၊ရင်တောင်နဲနဲ ခုန်သွားတယ် သူ့
အပြုံးလေး က "အန်တီ ကျွန်တော့်ကို jelly milk shake တစ်ခွက်လောက်" "သားလေး ဘာသောက်မလဲ စတော်ဘယ်ရီရှီတယ် စပျစ်ရှီတယ်......." ဟုတ်စပျစ် ပေး အန်တီ ဘယ်လောက်ကျလဲ အန်တီ " တစ်ခွက် တစ်ထောင်လေ သား "အော်ဟုတ်!" ကျွန်တော့်ကိုတစ်ခွက်ပေးပါနော် "ကိုကြီးမသောက်ဘူးလား"
ကိုကြီး က jelly မကြိုက် ဘူး၊ တကယ်က ပိုက်ဆံမလောက်တော့တာပါ ကျွန်တော်လဲသောက်ချင်လို့လာတာ ပါ 😅
"ဒီမှာ ရပီ သား " ဟုတ် အန်တီ ဒီမှာ ပိုက်ဆံ!
ညီမလေးရော့ "နယ်...ဂိုမာစမီသာ..."
ဘာပြောတာလဲ အဲ့တာ "ကိုရီးယား လို ဟုတ်ကျေးဇူးပါလို့ပြောလိုက်တာလေ" အော်
"ဟာ ဒါလေးတောင်မသိဘူးလား၊ကိုကြီးငတုံးကြီး" ဟာ!ဟားဟားဟား...အင်းပါအင်းပါ မှတ်ထားလိုက်ပါမယ် အာ့ဆို တာ့တာနော် အခန်းပြန်တော့မယ်.."ဟာနေအူးလေ ကိုကြီးက ဘာမှ မဝယ်တော့ ဘူးလား" အင်းမဝယ်တော့လေ
"ဟာ အာ့ဆို ကိုကြီးက မုန့်ဈေးတန်းဘာလာလုပ်တာလဲကောင်မလေး လာချောင်းတာလား"
အာ...မဟုတ်ပါဘူး ဒီတိုင်းပါပဲ ကျောင်းပြန်တတ်ခါနီးပီလေ ငါးမိနစ်လောက်ပဲလိုတော့တယ်လေ
"ဟုတ်လို့လား!မီးကိုဝယ်ကျွေးလိုက်လို့ ပိုက်ဆံ မရှီတော့လို့လားဟင်" မဟုတ်ပါဘူး ဒီတိုင်းပဲ မစားချင်တော့လို့ပါ "ဟုတ်လို့လား မီးမီးကို အားမနာနဲ့နော် မီး ပြန်ဝယ်ကျွေးမယ်လေ" မဟုတ်ပါဘူး ရပါတယ် ညီမလေး ရဲ့ ကိုကြီး ထမင်းစားပီးပါပီ ဒီတိုင်းဗိုက်လေး လို့ လမ်းလာလျောက်ရင်း စားချင်တာ လေးရှီရင် ဝယ်စားရအောင်ထွက်လာတာ ပါ လောလောဆယ် စားချင်တာ မတွေ့တာ လဲပါပါတယ်စိတ်မပူပါနဲ့ တကယ်ပြောတာပါ ရပါတယ်! "အော်ဟုတ် အာ့ဆို မီးလဲ သွားတော့မယ်နော် တာ့တာ!!!" ကျွန်တော်လဲ အဆောင်ဘက် ပြန်လျောက်လာပြီး အခန်းထဲ ဝင် ထိုင်ခုံမှာထိုင်ပီး ပြုံးစီစီနဲ့ထိုင်စဉ်းစားနေတာပေါ့။
ညနေ ကျောင်းဆင်းတော့ ကျောင်းကားပေါ်ကို တတ်ပီး ထိုင်နေကျ နေရာလေးဝင်ထိုင်တော့
သူက ရောက်တောင်ရောက်နေပီ ကျွန်တော့်ကို နောက်လှည့်ပီး ကိုကြီး ဒီမှာ ရော့ဆိုပီး cola တစ်ဗူးနဲ့ အာလူးကြော်တစ်ထုတ် ပေးတယ် "ဘာကြီးလဲ" ကိုကြီးစားဖို့လေ "အော်ရပါတယ် စားစား ညီမလေးစား" မဟုတ်ဘူး ကိုကြီးစားဖို့ဝယ်လာတာ နေ့လယ်က မီးကို မုန့်ဝယ်ကျွေးလို့ပြန်ကျွေးတာ "အော်ရပါတယ်ညီမလေးရဲ့ မလိုပါဘူး"
ဟွန်း...ယူပါကိုကြီးရဲ့ မီးက စားစေချင်လို့ဝယ်လာတာကို ကိုကြီးမစားရင် မီး အဲ့တာတွေ အိမ်အထိ ပြန်သယ်သွားရမှာ! "အေးလေကွာ ယူလိုက်လေကွာ မင်းမစားချင်လဲငါတို့စားမှာ ပေါ့ဟ" ဆိုပီး ဘေးက အငတ်တစ်သိုက်က ထပြောတယ်၊ "နေ..နေ ငါပဲယူပီးစားလိုက်မယ် ပေးညီမလေးပေး" အဟီးဟီး ဟုတ်ကိုကြီးရော့ "နယ်...ဂိုမာစမီသာ..." ဟာ! ကိုကြီးက မှတ်မိတယ်ကြည့်စမ်း မီးနေ့လယ်က အဲ့တာကို တစ်ခါထဲ ပြောလိုက်တာကို.... "ဟဲဟဲ မီးကိုကြီးကမှတ်ဉာဏ်ကောင်းတယ်လေ" အယ်လဲ့ မိုက်တယ်ကွာ အဟီးဟီး "ဟဲ့မိန်းမ နစ်ယောက်သား ဘယ်တန်ုးက သိသွားကျတာလဲ" ကိုကြီးက ငါ့ကိုနေ့လယ် ကmilk shake တစ်ဗူးဝယ်တိုက်တယ်ဟ "ဟာမိုက်လှချည်လား ကိုကြီးဝေယံတို့များနော် သမီးတို့ကျ သိတာကြာလာပီ တစ်ခါမှ မဝယ်ကျွေးဖူးပါဘူးနော်" မဟုတ်ပါဘူးဟယ်နင်တို့ကလဲ နင်တို့က ဘယ်တုန်းက ငါ့ကို ဝယ်တိုက်ပါလို့ပြောဖူးလို့တုန်း "ဟာ ဝယ်တိုက်ခိုင်းမှ ဝယ်တိုက်မှာလားလို့
ဒီတိုင်းကိုယ့်ညီမလေးတွေတစ်ခါတစ်လေ သောက်ပါစေဆိုပီးဝယ်တိုက်လဲ ရတာပဲဟာ"
နင်တို့ကလဲဟယ် မလုပ်ပါနဲ့ ငါ့ကိုကြီးသနားပါတယ် "အမယ် ငါ့ကိုကြီး ဆိုပါလား ကောင်မ ညီးနော်!အဟင်းဟင်း" ဟဲ့ဟဲ့ ဘာတွေလျောက်ပြောနေတာလဲ ငါက ဒီတိုင်း နင်တို့ကို အကုန် လိုက်တိုက်နေရရင် သူမုန့်တောင်စားရမှာ မဟုတ် ဘူးအဲ့တာကြောင့် သနားပါတယ်ပြောတာပါနော် နင်တို့နော် မ စ နဲ့နော် "ဟယ် နင့်ကိုလဲ ဘာမှ မပြောရသေးပါဘူးဟယ်၊တစ်ယောက်ထဲ အိုးမလုံအုံ ပွင့်နေတယ်" တော်ပီတော်ပီဟာ နင်တို့နဲ့ စကားမပြောတော့ဘူး အိပ်တော့မယ် "အမယ်အမယ် ကောင်မလေး ရှက်သွားပီ" ကဲကဲ မစ ကျပါနဲ့ သူက တကယ်သနားလို့ပြောတာပါ သူပြောတာလဲ ဟုတ်တာပဲ နင်တို့အကုန် ငါဝယ်ကျွေးရရင် သေရချည်ရဲ့ "အမလေး ဒီကလဲ စကားအဖြစ်ပြောတာ ပါနော် ကိုကြီးဝေယံ ကပ်စေးနည်းမှန်း တစ်ကားလုံးသိတယ်" ဟာငါဘယ်မှာ ကပ်စေးနည်းလို့တုန်း "ဟုတ်တယ်လေ ကျောင်းကား တစ်ပတ်တစ်ခါ အားလုံးတစ်ယောက်ငါးရာဆိုက်ပီး မုန့်ဝယ်စားကျမယ်ဆိုတုန်းက မပါတော့ဘူးငြင်းပြီးတော့အမြဲအိပ်ခြင်ယောင်ဆောင်နေတာ မသိရင်ခက်မယ်" မဟုတ်ပါဘူးဟာ ငါက ပိုက်ဆံကိုကျောင်းမှာထဲကအကုန်သုံးပစ်တာများလို့ပါ ချန်ထားရင် ရန်များတယ်လေ ပြီးတော့ ကားစီးရင် လူက အလိုလို အိပ်ချင်တာ အဟဲဟဲ " အင်းပါအင်းပါ ဟုတ်ပါပီ အာ့ဆို အိပ်ပါရှင့် အိမ်မက်လှလှမက်ပါစေရှင့်" နယ် ဂိုမာစမီသာ...
အဲ့လိုနဲ့ ကျွန်တော်လဲ အရင်လို မဟုတ်ပဲ ကားပေါ်မှာ အဲ့ကောင်မလေးတွေနဲ့ ရင်းရင်းနှီးနှီးနေတတ်လာတယ်....
တစ်နေ့ ....ကျွန်တော် အိပ်ယာထနောက်ကျပီး ကျောက်းကားမစီးပဲ လိုင်းကား စီးပီးကျောင်းသွားလိုက်ရတယ်၊ကျောင်းကားမောင်းတဲ့ကားဆရာ ဖုန်းဆက်မှ ကျွန်တော်လဲ နိုးတယ် ကားဆရာကို မစောင့်ခိုင်းပဲ ဒီတိုင်းပဲ သွားခိုင်းလိုက်ပီး လိုင်းကားပဲ တိုးစီးလိုက်တယ်၊ နေ့ခင်းမုန့်စားဆင်းချိန်ကျ ကျွန်တော်ထမင်းချိုင့်မထည့်လာရလို့ မုန့်ဈေးတန်း မှာ ခေါက်ဆွဲပြုတ် စားမလို့ cola တစ်ဗူး နဲ့ မားမားတစ်ဗူး ဝယ်ပီး အတန်းထဲပြန်လာပြီးစားပြီး ထိုင်နေတုန်း ကျွန်တော့်တို့အခန်း အပေါက်ဝမှာ မေသက်ခိုင်ကိုတွေ့လိုက်တယ် သူက ကျွန်တော့်ကို လက်ယှက်ခေါ်တော့ ကျွန်တော်လဲ ပုဆိုးပြင်ဝတ်ပီး သူ့ဆီ ထွက်လာလိုက်တယ် " ကိုကြီး မနက်က ဘာလို့ကျောင်းကားလိုက်မစီးတာလဲ နေမကောင်းဘူးလား"
မဟုတ်ပါဘူး မနက်က အိပ်ယာထနောက်ကျတာနဲ့ပဲ ကားမမှီတော့လို့မစီးတော့တာ " ဟုတ်လား မသိပါဘူးမီးက နေမကောင်းလို့ကျောင်းမတတ်တော့ဘူးတောင်ထင်တာ ဒါပေမဲ့ မနက်က နိုင်ငံတောင်သီချင်းဆိုတော့ ကိုကြီး ကို ကျောင်းဂိတ်ပပေါက်ဝ မှာ ဝင်လာတာ တွေ့လိုက်လို့ အခုလာမေးကြည့်တာ" အော်ဟုတ်လား အကိုလဲမနေ့ညက နာရီကို အလမ်းပေးဖို့မေ့သွားတာ မနက်ကျတော့လူကမနိုးတော့ဘူးဖြစ်သွားတာ ငါ့ညီမက ကိုကြီးကို စိတ်ပူနေတာပေါ့ဟုတ်လား...
"မဟုတ်ပါဘူး ဒီတိုင်း ဘာလို့မစီးတာ လဲဆိုတာ သိချင်လို့လာမေးတာပါ ဘာမှမဖြစ်ရင်လဲပီ့းရော"ဆိုပီးရှက်သလိုမျနက်နာအမူအရာလေးနဲ့မျက်နာလေးတစ်ခုလုံးရဲသွားပီး လှည့်ထွက်သွားပါလေရော... ကျွန်တော်လဲ အနောက်ကနေ သူပြေးသွားတာလေးကို ကြည့်ပီး စိတ်ထဲမှာ ပုံမှန်မဟုတ်တဲ့ခံစားချက်မျိုး ခံစားလိုက်ရတယ် သူကရှစ်တန်းပဲရှီသေးတယ်ဆိုပေမဲ့ ကလေးမဟုတ်ဘူးဆိုတာ သတိထားမိသွားပီး အာခေါင်တောင်နဲနဲခြောက်သွားပြီးတံတွေးမြိုချလိုက်ရသေးတယ်....
"ဟေ့ကောင်! ဝေယံ နေပါအူးမင်းဟာက ငါအအကောင်းမှတ်လို့နားထောင်လာတာ တဖြေးဖြေးနိုင်ငံရေးတွေပါလာပြီ" ဆိုပီးကိုကျော်က ပြောတယ်... မဟုတ်ပါဘူးဗျ ကျွန်တော်ကအဲ့တုန်းက ခံစားချက်ကိုပြောပြတာပါဗျ " တော်တော်ငါ့ကောင် မင်းကောင်မလေး အကြောက်းနားထောင်ရတာ ပျင်းလာပီဂိမ်းပဲဆော့ပြီး ပြန်ရအောင်" အဲ့တာနဲ့ကျွန်တော်တို့နသ်ယောက် pubg သုံးလေးပွဲ ဆော့ပီး ပြီး လက်ဖက်ရည်က နေပြန်လာခဲ့တယ် ကိုကျော်လဲသူ့အိမ်သူပြန်သွားတယ် ကျွန်တော်လဲ အိမ်ရောက်တော့ရေမိုးချိုးပီး တစ်ယောက်ထဲ အခန်းထဲပက်လက်လေးလှန်ပြီး အရင်တန်ုးက အကြောင်းတွေ ပြန်စဉ်းစားနေမိတော့တယ်.....Part-2 will Coming soon...
Thank you for reading this Shit...Edit: ပထမအပိုင်းတွေ ပျင်းစရာကောင်းနေရင်
တောင်းပန်ပါတယ်ခင်ဗျ၊အခုမှ
စရေးဖူးတာမို့လို့ပါ၊နောက်အပိုင်းတွေ ကို
အတတ်နိုင်ဆုံး ကောင်းအောင် ကြိုးစား
ထားပါတယ်ဗျ ဝေဖန် အကြုံပြပေးကျပါ
ဦးခင်ဗျာ။
YOU ARE READING
All I need is Love
Romanceကောင်လေး တစ်ယောက်နဲ့ ကောင်မလေးနစ်ယောက် အချစ်ဇာတ်လမ်းလေးပါ၊စိတ်ကူးယဉ်သက်သက်ပါပဲ၊ပထမဆုံးစရေးတာမို့ အရေးအသားညံ့တာ တောင်းပန်ပါတယ်၊လိင်အသားပေးအပိုင်းတွေလဲ ပါတာမို့ ၁၈နှစ်ပြည့်ဖတ်ပါခင်ဗျ။ ‼️18+ warning ⚠️