Part -2

291 1 0
                                    

အိမ်ပြန်ရောက်တော့ ရေမိုးချိုး အဝတ်စားလဲ ထမင်းစားပြီး ဖုန်းဖွင့်ကြည့်တော့ မီးမီး ကျွန်တော့်ကို ဖုန်းခေါ်ထားတာ 7call လောက်ရှီတယ် ကျွန်တော်လဲ ပြန်ခေါ်လိုက်ပြီး သူ့ကို ချော့ ရမှာ ပျင်းသလိုလို ဖြစ်နေတာ နဲ့ပဲ မခေါ်တော့ပဲ တရေး လောက်အိပ်မယ်ဆိုပီး အခန်းထဲဝင် Aircon လေးဖွင့်ပြီး ပက်လက်လှန် မျက်လုံးလေးမှိတ်ထား ထဲ စိတ်ထဲမှာ ကို ကျော်နဲ့ လက်ဖက်ရည်ဆိုင်ထိုင်တုန်းက မီးမီး အကြောင်းပြောတာကို သတိရပီး တစ်ယောက်ထဲ ပြန်တွေးနေမိတော့တယ်......
ဆယ်တန်းစာမေးပွဲ နောက်ဆုံးနေ့ ဖြေပြီး အိမ်ပြန်ရောက်လာတာ မီးမီးဖုန်းဆက်တယ် "ဟလို ဘယ်သူလဲခင်ဗျ" မီးမီးက ကျွန်တော့်ဆီက ဖုန်းနံပတ် တောင်းဖူး ပေမဲ့ တစ်ခါမှ ဖုန်းမဆက်ဖူးဘူးလေ....
"ဟုတ် ကိုကြီး မီးမီးပါ ကိုကြီးက မီးမီး အသံတောင်မမှတ် မိဘူးလား ဟွန့်" အော်မီးမီးမေသက်ခိုင် ပြောလေ ညီမလေး ဘာကိစ္စ ရှီလို့လဲ "ဘာမှ မဟုတ်ပါဘူး ကိုကြီးဖြေနိုင်လားလို့ လှမ်းမေးတာ" အော်အေး ဖြေနိုင်ပါတယ် ညီမလေးရေ မီးမီးရော ဖြေနိုင်လား? " ဟုတ် ‌မီးမီးကဖြေနိုင်ပါတယ် စာမေးပွဲ ပြီးပြီ ဆိုတော့ အိမ်က ဖုန်းပေးကိုင်လို့လေ ဒါ မီးမီး နံပတ်နော် ကိုကြီး မှတ်ထားအူး" အင်းအင်း ကိုကြီးမှတ်ထားလိုက်မယ် ရှစ်တန်း အောင်လို့ ကိုးတန်းတတ်ရင် အကန်ု အင်္ဂလိပ်လိုသင်ကတော့မှာ မြန်မာစာက လွဲရင် ဆက်ကြိုးစားနော် ညီမလေး... "ဟာကိုကြီးကလဲ စာမေးပွဲတောင် အခုမှ ပြီးတာ ကို နောက်အတန်းအကြောင်းတွေမပြောပါနဲ့အူး စိတ်ဆင်းရဲလို့ပါ" ဟားဟားဟား အိမ်ရောက်တယ်ဆို နားတောင်နားရဲ့လား ဖုန်းတန်းကိုင်တော့တာပဲ
"နားပါတယ် မီးခုလေးတင် ထမင်းစားပြီးတာ ကိုကြီးကော ထမင်းစားပြီးပြီလား" အင်းကိုကြီးလဲ အခုလေးတင်စားပြီးတာ..."ကိုကြီးဆယ်တန်းအောင်သွားရင် မီးနဲ့ မတွေ့ရတော့ဘူးပေါ့နော် မအောင်ရင်ကောင်းမှာပဲ 🥺" ဟာမီးမီးကတော့နောက်ပီ အခုမှ ဖြေထားတာ စိတ်တောင်မပေါ့သေးဘူး နိမိတ်မရှီနမာမရှီတွေ လျောက်ပြောနေပီ ဖက်ဖက်လွဲပါစေချော်ပါစေ
"ဟွန်း...ကိုကြီးက မီးတို့နဲ့မတွေ့ချင်တော့ဘူးလား" အဲ့လိုမဟုတ်ဘူးလေ မီးမီးရဲ့ ဆယ်တန်းလေးတော့ အောင်ချင်တော့ပါ ကွ ကျရင် အမေက အိမ်က ကန်‌ချ လိမ့်မယ် 😅 မီးမီးတို့နဲ့ တွေ့ချင် ဒီတိုင်းလာတွေ့လဲ ရတာပဲဟာ " လျောက်ပြောနေတယ် ဘာမှ လာတွေ့မှာ မဟုတ်ဘူး မုန့်ဝယ်ကျွေးရမှာ စိုးလို့ ပတ်ပြေးနေမှာ မသိတာကျနေတာပဲ ဟွန့်" လာတွေ့မှာပါ မီးမီးကဲ့ မုန့်လဲဝယ်ကျွေးမှာ ပါ မပြေးပါဘူး "အာ့ဆို နက်ဖန်လာတွေ့"
ဟာချက်ချင်းကြီး! "ဟီး အလကားစတာပါ ဘာလဲမတွေ့ချင်ဘူးလား" မဟုတ်ပါဘူး ချက်ချင်းကြီးမို့လို့ပါ
"ကိုကြီး FB မသုံးဘူးလား" သုံးတယ် acc ပြန်ဝင်ရအူးမှာ "အင်း မီးမီးလဲ သုံးတယ် မီးမီးကို add လိုက်လေ ကိုကြီး စကားပြောလို့ရတာ ပေါ့" အင်းမီးမီး ‌acc ပြောလေ "Mee Mee ကိုကြီး မီးပုံပဲတင်ထားတယ်" အင်းအင်းကိုကြီးပြီးရင်ရှာပြီး add ထားလိုက်မယ် ကိုကြီး ‌acc က Wai Yan Htet ပဲ " အော်ဒါနဲ့ လေ ကိုကြီး မီးမီးသူငယ်ချင်းတွေနဲ့လေ နောက်အပတ်တနင်္ဂနွေ နေ့ကျရင် ချောင်းသာ သွားမလို့ ကိုကြီးလိုက်ခဲ့ပါလား"
မလိုက်တော့ပါဘူး ကွယ် သွားကျပါ "လိုက်ခဲ့ပါကိုကြီးရဲ့ ဘာလို့လဲ ကားခမပေးရပါဘူး ထမင်းလဲကျွေးမှာပါ" မဟုတ်ပါဘူး မီးမီးရဲ့ မီးမီးသူငယ်ချင်းတွေနဲ့သွားမှာ ကိုကြီး လိုက်တော့ တစ်ယောက်ထဲ ကြောင်တောင်တောင်ကြီး ဖြစ်နေမှာ ပေါ့ "ယောက်ကျားလေး သူငယ်ချင်းနစ်ယောက်တောင် ပါပါတယ် ကိုကြီးရဲ့ မီးမီး ဦးလေး လိုက်ပို့မှာ သူ့မိန်းမလဲ ပါပါတယ် မိန်းကလေးက မီးမီးရယ်အန်တီရယ် စုစုရယ်
ယွန်းရယ် နောက်နစ်ယောက်ကတော့ကိုကြီး မသိဘူး စုစုပေါင်း ခြောက်ယောက်ပဲ ပါတာ ယောက်ကျားလေးနစ်ယောက်ကလဲ ကားပေါ်က ဟိုနစ်ကောင်လေ ကိုကြီး သိပါတယ် ဘိုဘိုနဲ့ အောင်ကိုလေ လိုက်ခဲ့ပါ ကိုကြီးမပျင်းစေရပါဘူး" မလိုက်တော့ပါဘူးမီးမီးရယ် မီးမီးတို့ ကလေးတွေ ပဲ ပျော်ပျော်ပါးပါး သွားကျပါ "ဟာဘာကိုကလေးလဲ ၈တန်းပီးပီ နောက်နစ်ဆို ကိုးတန်းတောင်တတ်တော့မှာ ဟွန့် " မီးမီးအမေက ယောက်ကျားလေးတွေနဲ့သွားမှာကို စိတ်ချလို့လား "အမေနဲ့အဖေက စ လုံးမှာလေ မီးမီးက ဒီမှာ အဘွားရယ် ဦးလေးတို့လင်မယားနစ်ယောက်ရယ်နဲ့ပဲ နေတာလေ" ဟုတ်လားမီးမီးအဖေ နဲ့အမေက စလုံးမှာဘာလုပ်တာလဲ " သူတို့က အင်ဂျင်နီယာ လေ မြန်မာနိုင်ငံကို တစ်နစ်လောက်နေမှ တစ်ခါပြန်လာတာ တစ်ခါတစ်လေ အလုပ်ရှုပ်ရင်လဲ မလာတော့တဲ့နှစ်တွေရှီတယ်" ဟုတ်လား ဒါဆို မီးမီးအဖေတို့က ဘောစီ တွေပဲ တော်လိုက်တာ "အခုလဲ ဦးလေးတို့ပါတော့သူတို့ကစိတ်ချပါတယ်အဲ့တာကြောင့်ကိုကြီးလဲ လိုက်ခဲ့ပါလို့ ကိုကြီးတစ်ယောက်ထဲပျင်းရင် ကိုကြီးဇေယျာဦး ကိုလဲ ခေါ်ခဲ့လေ လုပ်ပါ လိုက်ခဲ့ပါ နော်နော်နော်..." အင်းပါကိုကြီး အဲ့ကောင်ကိုမေးကြည့်လိုက်ပါအူးမယ်ပြီးတော့ အိမ်ကိုလဲ မေးလိုက်အူးမယ်လေ " အိမ်ကထည့်ရင်လိုက်မှာမလား ဟင်"
အင်းလိုက်ခဲ့မယ်လေ "ယေး....ဒါမှ ငါ့ကိုကြီး "အင်းပါအင်းပါဟုတ်ပါပီ အာ့ဆို ဒါပဲလေး နော်မီးမီးရေ ကိုကြီးနားလိုက်အူးမယ် မီးမီးလဲ နားအူးလေ စာမေးပွဲဖြေထားရတာ ပင်ပန်းနေရောပေါ့ "ဟုတ်ကဲ့ပါ ကောင်းကောင်းနားပါရှင့် တာ့တာ!" အင်းအင်းတာ့တာ
တာ့တာ!..
9:45PM ကျွန်တော် မအိပ်သေးပဲ FB nf ကြည့်နေတုန်း
"ကတောင်" "Hi ကိုကြီး" အင်းညီမလေးပြော"ညီမလေးလို့မခေါ်ပါနဲ့ကိုကြီးရဲ့စိမ်းလိုက်တာ မီးမီး လို့ပဲ ခေါ်ပါ"
အင်းအင်းsorryမီးမီးပြော "ကိုကြီးမအိပ်သေးဘူးလား ဘာလုပ်နေတာလေဲ ကောက်မလေးတွေလိုက် Q နေတာလား " မQပါဘူးကွာ ပျင်းလို့ nf ကြည့်နေတာပါ " လျောက်ပြောနေတယ် ကိုကြီးacc ထဲမှာ ကောက်မလေးတွေအားကြီးပဲ မီးမီးတွေ့တယ် "အဲ့တာ အရင်တုန်းက လျောက်add ထားတာတွေ တစ်ယောက်နဲ့မှ စကားမပြောဖူးဘူး ဒုါမဲ့ လိုင်းပေါ်က သိတဲ့ အမတစ်ယောက်ပဲ ရှီတယ် အဲ့တစ်ယောက်နဲ့ပဲ တစ်ခါတလေ ကျ စကားပြောဖြစ်တာ "ဟင်ဟုတ်လား ဘယ်သူကြီးလဲ ကိုကြီး သူ့ကိုကြိုက်နေတာလား သူက ကိုကြီးကိုကြိုက်နေတာလား ဘာတွေလဲ" ဖြေးဖြေး လုပ်ပါမီးမီးရဲ့ မဟုတ်ပါဘူး ဒီတိုင်းခင်ယုံပဲ ရှီတာပါ သူ့နာမည်က ဝေမာနှင်း တဲ့ ကိုကြီးက မဝေလို့ပဲခေါ်တာ ဒီတိုင်း ခင်တာပါ အပျင်းအပြေ အာလာဘ သာလဘ ပြောယုံပါ မီးမီးရဲ့ "ဟာကိုကြီးကလဲကွာ ဘာလို့မသိတဲ့သူတွေနဲ့စကားတွေလျောက်ပြောနေတာလဲပွာ မီးမီးကိုကျ မပြော ဘူး "အခုမီးမီးနဲ့ပြောနေတာလေ မီးမီးရဲ့ "မီးမီးက အရင်စပြော‌တာလေ ကိုကြီးကမီးမီး active ဖြစ်နေတာတောင်မသိပြနဲ့များ" ကိုကြီးက messenger ထဲမှာမှ မရှီတာ မီးမီးရယ် "မသိပါဘူး ကွာ ကိုကြီးမီးမီးနဲ့ပဲစကားပြော‌ရမယ် မသိတဲ့သူတွေမပြောရပါဘူးကွာ ဒါပဲ " ဟာ မီးမီးက လာဆိုးနေပါလား ကိုကြီးအမေတောင်ကိုကြီးကို အဲ့လောက် မချုပ်ချယ်ဘူး မသိရင် ကိုကြီး ရည်းစားကျနေတာပဲ "ဟာ ကိုကြီးနော် မီးမီးက ကိုကြီးကို မကောင်းတဲ့မိန်းမတွေနဲ့တွေ့မှာ စိုးလို့ပြောတာကို မတော်လို့ သူ့မှာ ယောက်ကျားရှီရင် ဘယ်လိုလုပ်မလဲ" မရှီပါဘူးမီးမီးရဲ့ ဘာတွေလျောက်ပြောနေတာလဲ ရှီတော့ရော ဘာဖြစ်လဲမီးမီးရဲ့ ကိုကြီးက သူ့ကိုကြိုက်တာမှ မဟုတ်တာ "ကိုကြီးကဘယ်သူ့ကိုကြိုက်တာလဲ အဲ့တာဆို" ဘယ်သူ့မှ မကြိုက်ပါဘူး "ဟုတ်လို့လား 😏 crush တွေဘာတွေ မရှီဘူးလား ကိုကြီးမှာ "
မရှီပါဘူး "ကိုကြီးကလေ ဘယ်လိုပုံစံကောက်မလေူတွေကို ကြိုက်တာလဲ ဟင်" အင်း....အရပ်ရှည်ရှည် ဆံပင်ရှည်ရှည် body လှလှ လေးနဲ့ တည်ငြိမ်တဲ့ကောင်မလေးတွေဆို သဘောကျတယ် အထူးသဖြင့်ကိုကြီးထက် အသက်နဲနဲကြီးတဲ့ ကောင်မလေးတွေပေါ့ မမ တွေပေါ့ အဟဲဟဲ ဒါမှမဟုတ်လဲ ရွယ်တူထဲကပေါ့ "ဟင်း..ဘာလို့လဲကိုကြီးရဲ့ ကိုယ့်ထက်ငယ်တော့နုပီး ချစ်ဖို့ကောင်းတဲ့ဟာကို!"အငယ်တွေ မကြိုက်ပါဘူး တော်ကြာကလေးထိန်းနေရအူးမယ် အငယ်တွေကဆိုးတယ် "မဆိုးပါဘူး ကိုကြီးရဲ့လိမ္မာပါတယ် ကိုကြီးတစ်ခွန်းဆိုတစ်ခွန်းပဲနေမှာ ဟာကို" ဟင့်အင်း! No pr အငယ်တွေတော့ ဝေါင်ဝေါင်ရွှေး ပါပဲခင်ဗျာ " ဟွင်းးး ကိုကြီးကလဲ အငယ်တွေက ချစ်စရာလေးပါဆို " ချစ်စရာမကောင်းပါဘူး ကြောက်စရာလေးတွေပါ "မီးမီးကရော ကြောက်စရာလေးလား🥺" မီးမီးက ချောပါတယ်မီးမီးရဲ့ "ချစ်ဖို့ရောမကောင်းဘူးလားအာ့ဆို"
အင်း ချစ်စရာလေးပါ "အာ့ဆိုမချစ်ဘူးလား😁"
မချစ်ပါဘူး "ဟာ" "ဘာလို့လဲ ကိုကြီးပဲ ပြောတော့ချစ်စရာလေးဆို" အင်းလေ "အာ့ဆို ဘာလို့မချစ်တာလဲလို့ " အလကားစတာပါ မီးမီးရဲ့ မီးမီူကို ကိုကြီးညီမလေး အရင်းတစ်ယောက်လို ချစ်ပါတယ် "ဟာ.....အဲ့လိုကြီး အချစ်မခံချင်ဘူးကွာ...." ဟင် အဲ့လိုကညီးအချသ်မခံချင်လို့ မီးမီးက ဘယ်လို အချစ်ခံချင်တာတုန်း
"မသိဘူးကွာ ကိုကြီးငတုံးကြီး အရူးကြီး ငပေါကြီး "
ဟာပလိန်းကြီးပါလားမီးမီးရဲ့ "သိဘူးကွာ အိပ်တော့မယ် မချစ်လဲနေတော့ ဟွန့် ..."အော်ချစ်ပါတယ်ဆို ဒီကလေးမ ဘာတွေဖြသ်နေတာလဲမသိဘူး "ဟွင်း မသိလဲနေတော့ အိပ်တော့မယ် ဒါဖဲ" အင်းအင်း အိပ်တော့ ၁၀နာရီကျော်နေပီ တာ့တာ Gn ..."Gn ငပေါကြီး😏"
😅😅😅😅Gn Gn .....

Part 3 will Coming soon...
Thank you for reading this Shit .....

All I need is Love Where stories live. Discover now