Part 12

378 3 0
                                    

ဒီမနက် အိပ်ယာက နိုးတော့ ဝေယံတစ်ယောက် စိတ်ထဲ ပေါ့ပါးနေတယ်။မနေ့ညက မီးမီးကို စိတ်မကောင်းဖြစ်မိတယ်ဆိုပေမဲ့ ဒီမနက်တော့ မမကို မီးမီးနဲ့ လမ်းခွဲပြီးကြောင်းပြောပြီး မမကို ချစ်ခွင့်ပန်မှာမို့ ရင်ခုန်နေတယ်။ရေမိုးချိုး အဝတ်စားလဲ၊ထမင်းချိုင့်ပြင်ပြီး မမကိုဖုန်းလှမ်းဆက်တယ်။ မမက ဖုန်းမကိုင်ဘူး။ကျနော် နောက်သုံးလေးခါလောက်ခေါ်တယ် မကိုင်ဘူး။

မမကျနော့်ကို စိတ်ဆိုးနေတာလား မသိဘူး ။မဖြစ်ပါဘူးဆိုပြီး မမအိမ်ကို ဆိုင်ကာ်ကယ်ရီ ငှားပြီး သွားလိုက်တော့တယ်။ အိမ်ရှေ့ ရောက်တော့ မမကို လှမ်းအော်ခေါ်ကြည့်တော့၊ မမအမေ ထွက်လာတယ်။မေးကြည့်တော့ မမက ထွက်သွားတာ ကြာပြီတဲ့။အဲ့တာနဲ့ ကျတော်လဲ တစ်ယောက်ထဲပဲ ရုံးကို ထွက်လာလိုက်တော့တယ်။

ရုံးရောက်တော့ မမကိုတွေ့တော့ ကျတော် သွားနှုတ်ဆက်ပေမဲ့ မမက ကျနော့်ကို ပြုံးတောင် မပြုံးပြဘူး။အရမ်းတည်ငြိမ်နေတယ်။ထမင်းစားချိန်ရောက်တော့လဲ ကျနော့်ကို မခေါ်ပြန်ဘူး။တနေကုတ် အဲ့ပုံစံကြီးဖြစ်နေတော့တယ်။ကျနော့်လဲရုံးမှာ ဆိုတော့ ဘာမှ သိပ်ပြီး သွားပြောလို့မရဘူး။ရုံးဆင်ချိန်ရောက်တော့ မမက ကျတော့်ကို မစောင့်ပဲ တစ်ယောက်ထဲ ထွက်သွားတယ်။

ကျနော်လဲ အနောက်ကနေ အမှီပြေးလိုက်ပြီး မမကို လိုက်တောင်းပန်တယ်။မမကိုစိတ်ဆိုးနေတာလား ဆိုပြီး မေးကြည့်တယ်။မမက ဘာမှ ပြန်မပြောပဲ ငြိမ်နေတယ်။ကျနော်လဲ လုံးဝမနေတတ်တော့တာမို့ မမလက်ကို လှမ်းဆွဲလိုက်တယ်။အဲ့တော့မှ မမလမ်းလျောက်တာ ရပ်သွားပြီး ကျတော့်ကို လှည့်ကြည့်တယ်။

သူ့လက်ကို လွှတ်ပေးဖို့ ပြောတယ်။ကျနော် မမစိတ်ဆိုးနေတာဆိုရင် မလွှတ်ပေးဘူးလို့ ပြန်ပြောလိုက်တယ်။မမက မဆိုးပါဘူး လွှတ်ပါလို့ ပြောတယ်။ကျနော် မမလက်ကို လွှတ်ပေးလိုက်တယ်။ကားမှတ်တိုင် ကို လမ်းဆက်လျောက်ရင်း ဒီနေ့ တစ်လုံး ဘာလို့ကျနော့်ကို စကားမပြောတာလဲ ဆိုပြီး မေးကြည့်တယ်။ပြောစရာစကား မရှီဘူးလို့ ခါးခါးသီးသီးပဲ ပြန်ဖြေတယ်။

ကျတော်လဲ တောက်လျောက် မမကို စိတ်မဆိုးတော့ဖို့ တောင်းပန်စကားတွေ တတွတ်တွတ်ပြောရတာပေါ့။မှတ်တိုင်ရောက်တော့ လူတွေအများကြီး ရှီတာမို့ ဘာမှ မပြောရပြန်တော့ဘူး။

You've reached the end of published parts.

⏰ Last updated: Aug 08, 2023 ⏰

Add this story to your Library to get notified about new parts!

All I need is Love Where stories live. Discover now