"တွန်း.....တွန်း....တွန်း..."
"ဟလို ဘယ်သူလဲ ....ဝါးးးး....."
"ဟာဘာကို ဘယ်သူလဲတုန်း မီးမီးအသံကို မမှတ်မိပြန်ဘူးလား သန်းနေလိုက်တာ များ အခုထိ မနိုးသေးဘူးလား"
"ဟင်! အော်မီးမီး ပြော ဟုတ်တယ် ကိုကြီး ညက အိပ်တာ နဲနဲနောက်ကျလို့"
"ဟင်! ကိုကြီးက ဘယ်ချိန်မှ အိပ်လို့တုန်း! မီးမီးအိပ်တော့ မအိပ်သေးပဲ ဘာတွေ လုပ်နေတာလဲ ဘယ်သူနဲ့စကားပြောနေတာလဲ"
"မပြောပါဘူး မီးမီးရဲ့ ရုပ်ရှင် ကြည့်နေတာပါ ဇတာ်ကား ကကောင်းနေတာနဲ့ပဲ ပြီးတဲ့ထိ ကြည့်မိသွားတာ အခု မီးမီး ဘာပြောစရာရှီလို့လဲ ပြောလေ"
"ဘာမှ ပြောစရာမရှီပါဘူး ဒီတိုင်းပျင်းလို့ ကိုကြီး ဘာလုပ်နေလဲ လှမ်းမေးကြည့်တာ"
"ဘာမှ မလုပ်ဘူး အိပ်နေတုန်း"
"မရတော့ဘူး ကိုကြီးကို ဆုံးမမှ ရတော့မယ် နောက်ဆို မီးမီးအိပ်တာနဲ့ လိုက်အိပ်ကမယ် ဒါဖဲ"
"အင်း....."
"ဟွင်းးး....အသံကြီးကလဲ အိင်ချင်မူးတူးနဲ့ အခုဘာလုပ်မှာလဲ ဆက်အိပ်အူးမလို့လား"
"အင်း...."
"ဟာ.....ကိုကြီးကလဲ မီးမီးပျင်းလို့ပါဆို မအိပ်တော့နဲ့လေကွာ ရှစ်နာရီပဲ ကျော်နေပီ ထတော့ ထထ မျက်နာသစ်သွားတိုက်တော့"
"ထပါမယ်မီးမီးရယ်နေပါအူး ကိုကြီးမှာ ဘာမှ လုပ်စရာအလုပ်လဲ ရှီတာ မဟုတ်ဘူး ခဏလောက်အိပ်အူးမယ်လေ "
"ကိုကြီးကလဲကွာ.....အာ့ဆို နိုးရင် မီးမီးကို ဖုန်းဆက်မှာလား?"
"မီးမီးဘာလုပ်မို့လဲ မီးမီးရဲ့"
"ပျင်းလို့ပါဆို ဆက်မှာလား မဆက်ဘူးလားပဲပြော ကိုကြီးမဆက်ရင် မီးမီးတောက်လျောက် ဆက်နေမှာ နော်"
"အင်းအင်းကိုကြီးနိုးရင်ဆက်လိုက်မယ် ဟုတ်ပီလား "
"အင်းအာ့ဆို ပြီးရော ဒါပဲ အိပ်ပုတ်ကြီး"
"အင်းအင်း အာ့ဆို ချလိုက်ပီနော်"
"ဟုတ် ဟုတ်! ဟွန့်"
၁၂:၃၅....
တူ....တူ....တူ....
"ဟလို ကိုကြီး နိုးပီးလား"
"အင်းစောနကပဲ ထမင်းစားပြီးတာ "
"အာ...ညစ်ပတ်လိုက်တာ မျက်နာမသစ်ဘူးလား"
"အော်သစ်ပြီးမှစားတာပေါ့ မီးမီးကလဲ "
"အဟွမ်းဟွမ်းဟီး ချစ်လို့စတာ ပါကိုကြီးကလဲ"
"ဘာလဲပြော သူများအိပ်နေတာကို အသဲအသန် ဖုန်းဆက်ပြီးနိုးတာ "
"ဟာ ကိုကြီးကလဲရင့်လိုက်တာ မီးမီးကိုစိတ်ဆိုးနေတာ လား"
"ဟားဟား မဆိုးပါဘူး စတာပါ မီးမီးပျက်းနေတယ်ဆိုလို့လေ"
"ကိုကြီးနော် မဆူနဲ့နော် ငိုမှာနော်"
"ငိုကြည့်ပါအူး ရုပ်ဆိုးလားကြည့်ရအောင်"
"မဆိုးပါဘူး ကိုယ်တွေက ငိုလဲချော ရီလဲ ချောတယ် ဘယ်လိုနေနေ ချစ်ဖို့ကောင်းနေရောပဲ အဲ့တာတောင် မချစ်တဲ့ အရူးကြီးက ရှီသေးတယ် ဟွန့်"
"ဟုတ်လား ဘယ်သူလဲ ငါ့ညီမကို ဘယ်သူက မချစ်တာလဲ "
"ဘယ်သူရှိရမလဲ အခုပြောနေတဲ့ အရူးကြီးလေ😏"
ဟုတ်လား ဘယ်တုန်းက လဲ မပြောမိပါဘူး
"မနေ့ညကလေ သူပဲ မချစ်ဘူးပြောပြီးတော့"
"မပြောမိပါဘူး ချစ်တယ်လို့ပြောတာ ပါ"
"ဘယ်လိုချစ်တာလဲ"
"ညီမလေးလိုလေ"
"မချစ်နဲ့ဟာ ညီမလေးလို"
"ဟာ လူဆိုးလုပ်နေတာပဲမီးမီးက ညီမလေးလို မချစ်လို့ ဘယ်လိုချစ်ရမှာလဲ"
"မီးမီး ဘာလို့ ကျောင်းကားစီးတာလဲကိုကြီးသိလား"
"မသိဘူးလေ လိုင်းကားမစီးချင်လို့လား ဘာလို့လဲ"
"ပုံမှန်ဆို ဦးလေးက နေ့တိုင်းလိုက်ပို့နေကျ လိုင်းကားစီးစရာမလိုဘူး"
"ဟုတ်လား အာ့ဆို ဘာလို့ကျောင်းကားပြောင်းစီးတာလဲ စုစုတို့နဲ့အတူ စီးချင်လို့လား"
"မဟုတ်ပါဘူး! ကိုကြီး နဲ့အတူစီးချင်လို့"
"ဟမ် ဘာလို့လဲ အဲ့တုန်းက ကိုကြီးနဲ့ မီးမီးနဲ့သိတောင်မသိသေး ဘူးလေ"
"ဟုတ်တယ် မီးမီး စုစုနဲ့ ကျောင်းကားနားကို လိုက်လာရင်း ကိုကြီးကိုတွေ့လို့ သဘောကျမိသွားပီး စုစုကို ကိုကြီးအကြောင်းတွေမေးကြည့်တော့ အခန်းတွေ အတန်းတွေ နာမည်တွေကလွဲ ကျန်တာဘာမှ မသိရဘူး အဲ့တာ နဲ့ ပဲ ကျောင်းကားလိုက်စီးလိုက်တာ ကိုကြီးနဲ့ရင်းနှီးချင်လို့ "
"Wait wait ကိုကိးကိုသဘောကျမိတယ်လို့ ပြောလိုက်တာလား"
"ဟုတ်တယ်" ဆိုပီး သူကျွန်တော့်ကို ပြန်ပြောတော့ သူအသံလေးမှာ မျက်ရည်တွေဝိုင်းနေသလို အသံမျိုးဖြစ်နေတယ်
"မီးမီးက ကိုကြီး ကြိုက်နေတာလား"
"ဟုတ်တယ် ကိုကြီး အဲ့တာလေး တောင် မသိဘူးလား ကားပေါ်က လူအကုန်သိတယ် ကိုကြီးတစ်ယောက်ထဲ မသိတာ" ဆိုပြီးပြောပြီး ငိုပါလေရော...
"ဘာလို့ငိုတာလဲ မီးမီးရဲ့ ငိုစရာလဲမပါပဲနဲ့ ကိုကြီး မသိတာ မဟုတ်ပါဘူး မီးမီးက ဒီတိုင်း ကိုကြီးကို အကိုတစ်ယောက်လို ခင်လို့ပေါင်းတယ် လို့ပဲ မှတ်ထားတာပါ"
"ဘယ်သူက အကိုတစ်ယောက်ကို အဲ့လို ပေါင်းမှာလဲလို့ ကိုကြီးကိုချစ်လို့ ကိုကြီးကိုလိုက်ရောနေတာ အဲ့တာလေးတောင်မသိဘူးလားလို့" ပြောရင်း နဲ့သူ့ဆီက ငိုသံလေးတွေက ကျွန်တော့်ရင်ထဲ ဘာလို့မှန်းမသိ နာကျင်သလို တဆစ်ဆစ်နဲ့ခံစားလိုက်ရတယ်...
"ဘာလို့လဲ မီးမီးရဲ့ ကိုကြီးမှာ မီးမီးချစ်ချင်စရာကောင်းလောက်အောင် ဘာမှ ရှီတာလဲမဟုတ်ပဲနဲ့ ရုပ်လဲချောတာ လဲမဟုတ်ပဲနဲ့"
"မသိဘူးကွာ မီးမီးကိုကြီးကို မြင်မြင်ခြင်းထဲက ရင်ခုန်မိတာ သဘောကျမိတာ ကိုကြီးအခန်းထဲ လာလာချောင်းရင်း ကိုကြီးရီနေတာလေး တွေ ပြုံးနေတာလေးတွေကမီးမီးကို ရင်ခုန်မိစေနေတာ ချစ်မိသွားစေတာ အဲ့ချိန်တွေထဲက ကိုကြီးကိုလိုချင်ခဲ့မိတာ ကိုကြီးပြန်ချစ်တာကို ခံချင်ခဲ့တာ ကိုကြီးက အဲ့တာကို အခုထိ ညီမလေးတစ်ယောက်လိုပဲချစ်တာတဲ့လား ဘာလို့လဲ ဘာလို့လဲ မီးမီးပုံစံက ကိုကြီး စိတ်ဝင်စားတဲ့ပုံစံမျိုးမဖြစ်နေလို့လား"
ကျွန်တော် ဘာပြန်ပြောရမှန်းမသိအောင်ခေါင်းခဲနေတော့တယ် ကျွန်တော် ကိုယ်တိုင်လဲ သူ့အပေါ် ရင်ခုန်နေမိတယ်ဆိုပေမဲ့ ကျွန်တော့်စိတ်က သိပ်မပျက်သားသေး ရယ် ပြီးတော့ သူ့အသက်ကလဲ ငယ်သေးတယ်မလား ရည်းစားထားဖို့မသင့်တော်သေးဖူးလေ ဒီအချိန် ဒီလိုအရွယ်ဆိုတာ ကျောင်းစာကိုပဲ ဂရုစိုက်သင့်တာမလား ဆယ်တန်းဖြေပြီးပြီ ဖြစ်တဲ့ ကျွန်တော့်အတွက်တော့ ပြသနာမရှီပေမဲ့ သူအတွက်ကျတော့ ရည်းစားတစ်ဖက် စာတစ်ဖက်နဲ့က အဆင်မပြေဘူးလေ သူ့ပညာရေးကိုလဲ ကျွန်တော့်ကြောင့်မထိခိုက်စေချင်ဘူးကျွန်တော်ဘာလုပ်ရမလဲ....
"မီးမီးရယ် မီးမီးကငယ်ပါသေးတယ်ကွယ် အခုမှ ရှစ်တန်းပြီးကာစရှီသေးတယ်လေ ကွယ် ကိုးတန်းတွေဆယ်တန်းတွေကျန်သေးတယ်လေ ကွာ ရည်းစားထားလို့အဆင်မပြေဘူးလေကွယ် မီးမီးအမေက မီးမီးကို စိတ်ချလို့ ဦးလေးတွေ အဒေါ်တွေနဲ့ထားခဲ့တာ မီးမီးကဒီမှာ ကျောက်းတောင်မပြီးသေးဘူး ရည်းစားထားနေပီ ဆို ဘယ်ကောင်းပါ့မလဲ မီးမီးရဲ့"
"မသိဘူးကွာ ကိုကြီးချစ်တာပဲသိတယ် ကိုကြီးပြန်ချစ်တာကိုပဲလိုချင်တာ၊ ပြီးတော့စာကစာ ချစ်သူကချစ်သူပဲ မီးမီးလဲစာမကြိုးစားပဲနေမှာမှ မဟုတ်တာ"
"ဒါပေမဲ့ မီးမီးရယ် ရည်းစားတစ်ဖက်နဲ့ဆို စာထဲဘယ်လိုလုပ်အာရုံရတာမှာလဲ မီးမီးရဲ့"
"ရတယ် စာထဲလဲ အာရုံထားမယ် ကိုကြီးလဲချစ်မယ်
ကိုကြီးလဲပြန်ချစ်ရမယ်" သူ့ဘက်က အဲ့လို ဇွတ်တွေပြောနေတော့ ကျွန်တော်လဲ စဉ်းစားရာမရတော့ပဲ အဖြေပြန်ပေးမိလိုက်တယ်
"အဲ့တာဆို မီးမီးကိုကြီးကို ကတိတစ်ခုပေးရမယ်"
"ဘာကြီးလဲ"
"စာလုပ်ရမဲ့ အချိန်မှာ စာလုပ်ပြီး စာမေးပွဲတွေလဲ အောင်အောင်ဖြေရမယ် အမှတ်ကျတာတို့ စာမေးပွဲကျတာတို့မဖြစ်စေရဘူး ဘယ်လိုလဲ ကတိပေးလား"
"အင်း..အင်း...ကတိပေးတယ် ကိုကြီးကအာ့ဆို မီးမီးကို ပြန်ချစ်မှာလား "
"အင်း မီးမီးဆယ်တန်းပြီးရင်ပြန်ချစ်မယ်"
"အာ......................အဲ့လိုမရဘူးလေကွာ အခုချစ်ရမှာလေကွာ အခုချစ်လို့......အခုမချစ်ရင် မီးမီးစာမလုပ်ပဲနေမှာနော်.......လို့......"
"ဟာ မီးမီးက ကိုကြီးကိုပြန်ပတ်နေပါရောလား"
"မသိဘူးကွာ ပြန်ချစ်ကွာ ပြန်ချစ်ပါလို့ မချစ်ရင် အကုန်လုံးကြားအောင်အော်ငိုနေမှာနော်.....လို့"
"အင်းပါ ချစ်မယ် ချစ်မယ် ဟုတ်ပီလား"
"အခုချစ်ရမှာနော်"
"အင်းအခုချစ်မှာ"
"ကိုကြီးတကယ်ပြောတာနော်"
"အင်းတကယ်ပြောတာ "
"အာ့ဆိုချစ်လား"
"အင်းချစ်တယ်"
"ဟီး ... နောက်တစ်ခေါက်လောက်ထပ်ပြောပါဦး နားထောင်လို့ကောင်းလို့ ဟီး"
"ချစ်တယ် ချစ်တယ် ချစ်တယ် အများကြီးချစ်တယ်လို့ ရပီလား"
"ဟီးဟီးဟီးဟီး....." သူ့ကီသံလေးတွေကြားရတော့ ကျွန်တော့်စိတ်ထဲလဲပျော်နေသလိုခံစားလာရတယ်
အဲ့တာ တကယ်အချစ်ဟုတ်ရဲ့လား ဒါမှမဟုတ် ဒီတိုင်းသူ့ပေါ် သာယာမိတာလား ကြည်နူးမိတာလားဆိုတာ တော့မသဲကွဲခဲ့ဘူးရယ်....ဘာပဲပြောပြောပါ အဲ့နေ့က ကျွန်တော်နဲ့မီးမီးနဲ့ ချစ်သူတွေ စဖြစ်သွားခဲ့တယ်.....
တနင်္ဂနွေနေ့မှာလဲ သူရယ်သူ့သူငယ်ချင်းတွေ ရယ်သွားတဲ့ ချောင်းသာ အပန်းဖြေခရီး ကျွန်တော်ပါခဲ့တယ် သူ့ဦးလေး ပါတာမို့သိုသိုသိပ်သိပ် ပဲနေခဲ့ကျပေမဲ့ သူ့သူငယ်ချင်းတွေကတော့ ကျွန်တော်တို့ တွဲနေကျတာကို သိသွားခဲ့တယ် အားလုံးကတော့ ဝိုင်းအားပေးကျတယ် သဘောတူ ကျတယ် အဲ့ခရီးက နစ်ညအိပ် သုံးရက်ကြာခဲ့တယ် အဲ့နောက်ပိုင်း သူက ကွန်ပျုတာ သင်တန်း တတ်မယ်ဆိုပြီး နွေရာသီ ပိတ်ရက်မှာ ကျွန်တော် နဲ့ coffee date တို့ လျောက်လည်တို့လုပ်ခဲ့ကျတယ် အရာအားလုံးက သာမန်သမီးရည်းစားတစ်တွဲလိုပါပဲ လျောက်လည်မုန့်သားလိုက်ပေါ့ ကျွန်တော်လဲ ဆယ်တန်းအောင်စာရင်းထွက်တော့ အောင်ခဲ့တယ် bio ဂုဏ်ထူးတစ်လုံးပါတယ် ကျွန်တော် တက္ကသိုလ်ဝင်ခွင့်လျောက်တော့ သူက ကျွန်တော့်ကို အဝေးသင်အတင်းယူခိုင်းတယ် day တတ်မှာ ကိုသူ
စိတ်မချဘူးတဲ့ အဲ့တုန်းကသူက ဆယ်တန်းတတ်နေပီ ကျွန်တော်လဲ သူစိတ်ချမ်းသာအောင်စာပေးစာယူပဲ ယူလိုက်တယ် ကျွန်တော် first year ကိုအိမ်မှာပဲ သင်တန်းတွေ လျောက်တတ်ပီး ပြီးသွားခဲ့တယ် ကျွန်တော်first year အောင်တော့ သူလဲဆယ်တန်းအောင်သွားပီး တကသိုလ် မတတ်ခင် တစ်နှစ်နားရတယ် ကျွန်တော်ကတော့ အဲ့အချိန် sec year စတတ်နေပီး အလုပ်လဲ ရသွားပီ သူဆယ်တန်းပြီးတော့ သူ့ဦးလေး နဲ့အဒေါ်ကို ကျွန်တော်နဲ့ တွဲနေကြောင်းပြောပြလိုက်တယ်
အစက တော့လူကြီးတွေ ဆိုတော့ တားကျတာ ပေါ့ ဒါပေမဲ့ သူက တစွတ်ထိုး ဆိုးလဲဆိုးတော့ လူကြီးတွေလဲ လက်လျော့လိုက်ကျပီး ကျွန်တော်နဲ့သဘောတူထားကျတယ် သူ့မိဘတွေက တော့မသိသေးဘူး၊ကျွန်တော် အလုပ်ပိတ်တဲ့နေ့တွေဆို သူ့အိမ်ကိုသွားပီး သူ့ကိုခေါ်ပြီး အပြင်ထွက်တာမျိုး ရှီသလို တစ်ခါတစ်လေ သူ့အိမ်မှာပဲ တစ်ခုခု လုပ်စားကျတာမျိုးလဲ ရှီတယ်..ဒါပေမဲ့ ကျွန်တော်တို့နစ်ယောက် တစ်ခါမှတော့ sex ကိစ္စတွေ မဖြစ်ရသေး ဘူး...တစ်ခါတစ်လေ သူနဲ့ပန်းခြံ သွားတာ မျိုးတွေ ရုပ်ရှင်ရုံသွားတာမျိုးတွေ ပုံမှန်မဟုတ်တဲ့ ခံစားချက်မျိုး ကျွန်တော်ခံစားနေရတယ် အထူးသဖြင့်နစ်ယောက်ထဲ ရှီတဲ့အချိန်တွေပေါ့ များသောအားဖြင့်ကျွန်တော်တို့ date တဲ့အခါ သူ့ဦးလေးက စိတ်မချလို့ စုစုပါမှ လွှတ်တာ များတယ် ဒါပေမဲ့နောက်ပိုင်းကျ သူ့ဦးလေးလဲ ကျွန်တော့်ကိုယုံကြည်လာလို့နဲ့တူပါတယ် စုစုမပါလဲ ကျွန်တော်နဲ့ စိတ်ချသွားတယ် သူ uni first year စတတ်တော့ သူလဲ အဝေးသင်ပဲ ယူပြီး တခြားအပြင်သင်တန်းတွေ တတ်တယ် ကျွန်တော်ရုံးပိတ်ရက်တွေဆို ကျွန်တော်နဲ့ ဒိတ်တယ် အရင်စုစုပါတုန်းကလဲ သူနဲ့လက်ချင်းတွဲတာတို့ ပုခုံးဖက်တာတို့ လူလစ်ရင် အာဘွားခိုးပေးတာတို့ရှီပေမဲ့ သူနဲ့နစ်ယောက်ထဲတွေ့တာအခါကျ ကျွန်တော့် အသွေးထဲအသားထဲက ကို တစ်ခုခုကို လိုချင်သလို ခံစားလာရတယ် သူ့အသားနုနုလေးတွေ နဲ့ထိတွေ့ရတဲ့အခါ သူပါးမို့မို့လေးတွေကို နမ်းတဲ့အခါ သူ့နှုတ်ခမ်းပါးနွေးနွေးလေးတွေကို နမ်းရတဲ့အခါမျိုးတွေ ရင်တွေ ကွဲထွက်လာမတတ် ရင်ခုန်သံတွေ မြန်နေမိတယ် ခါတိုင်းလဲ နမ်းဖူးတယ် ဆိုပေမဲ့လို့ ခံစားချက်က မတူဘူးဖြစ်နေတယ် ... တစ်နေ့ သူမွေးနေ့ ရောက်လာတော့ .............Part-4 will Coming soon
Thank you for reading this shit
YOU ARE READING
All I need is Love
Romanceကောင်လေး တစ်ယောက်နဲ့ ကောင်မလေးနစ်ယောက် အချစ်ဇာတ်လမ်းလေးပါ၊စိတ်ကူးယဉ်သက်သက်ပါပဲ၊ပထမဆုံးစရေးတာမို့ အရေးအသားညံ့တာ တောင်းပန်ပါတယ်၊လိင်အသားပေးအပိုင်းတွေလဲ ပါတာမို့ ၁၈နှစ်ပြည့်ဖတ်ပါခင်ဗျ။ ‼️18+ warning ⚠️