Part-10

383 2 0
                                    

မနေ့ညက မမကို ပြောချင်တာ တွေစွတ်ပြောပြီး ဒီမနက် အလုပ်ကို ဘယ်မျက်နာနဲ့ သွားရမယ်မှန်း မသိတော့ဘူး။အလုပ်ရောက်တော့ မမကိုမနှုတ်ဆက်ရဲဘူး မမကတော့အေးဆေး ပဲ ပုံမှန်အတိုင်းပဲနေတယ်။အဲ့တော့မှကိုယ်လဲ စိတ်ပေါ့သွားတော့တယ်။

ဒီနေ့နေ့လည် ရုံးမှာအစည်းအဝေးရှီတယ်၊လာမဲ့စုံညီပွဲအတွက် ပြင်ဆင်သင့်တဲ့အကြောင်းတွေကျောင်းအုပ်ကြီးက ညွှန်ကြားတယ်၊မနက်ဖန်ကနေစပြီးတော့‌လဲ ကလေးတွေ ကျောင်းပိတ်ပြီ၊ကျွန်တော်တို့ကတော့မပိတ်‌ဘူးပေါ့ ပြင်ဆင်ရေးတွေလုပ်ကျရမှာပေါ့။

ရုံးဆင်းချိန်ကျ ခါတိုင်းလိုပဲ မမနဲ့ကျနော် မှတ်တိုင်မှာကားစောင့်တယ်။ရင်တွေတဒိန်းဒိန်း ခုန်နေတယ် မနေ့ကလို ကားလူကြပ် ပါစေဆိုပြီး ဆုတောင်းနေမိတယ်။မမဘက်က နေစကားစပြောလာတယ်၊ဒီနေ့လဲ ကားပေါ်လူကြပ်ဦးမလားမသိဘူးဆိုပြီး မချိအပြုံးလေး ပြုံးပြီး ပြောတယ်။မမဘက်က အဆင်ပြေသာယာ နေတာသေချာ နေတော့ ကျနော် မမကို အရင်လို မကြောက်တော့ဘူး။

"အင်းဟုတ်တယ်နော်၊ဒီချိန်က ရုံးဆင်းချိန်‌ဆိုတော့ လူကကျပ်ဦးမှာပဲ"

"အင်း နော် စိတ်ညစ်စရာကြီး၊အလုပ်ပင်ပန်းပါတယ်ဆို တလမ်းလုံး မတ်တပ်ရပ်ရဦးမယ်"

"မောင်လေးကတော့ ကြပ်ပါစေပဲ ဆုတောင်းနေတာ၊မနေ့ကလို မမ အနောက်က မမကိုဖက်ပြီး စီးချင်လို့"

"ဒီလိပ်ကလေး ကိုယ့်ဘက်ပဲ ကိုယ်ယက်ပြောနေပါရောလား၊သူများပင်ပန်းနေတာကျ ဂရုစိုက်မယ်မရှီဘူး"

"မဟုတ်ပါဘူး မမရဲ့ မောင်လေးဖြစ်ချင်တာကို ပြောပြတာပါ၊မမပင်ပန်းနေရင် မောင်လေး Taxi ငှားလိုက်မယ်လေ"

"နေပါ၊တော်ပါပြီ ပိုက်ဆံကုန်ပါတယ် ဒီချိန်တို့ဘက်ကို ဘယ်ကားမှ လိုက်မှာ မဟုတ်ဘူး၊လိုက်လဲဈေးကြီးမှာ"

"မောင်လေး သိပါတယ်၊မမ မောင်လေးနဲ့ပဲ မနေ့ကလိုစီးချင်နေတာမလား"

"မောင်လေးနော် မမကို မဟုတ်တာ မပြောနဲ့ဟွန့်"

မမမျက်စောင်းလေးလှမ်းထိုးပြီးမျက်နာလေးနီသွားတယ်။

All I need is Love Where stories live. Discover now