Chapter 2 (zawgyi)

19 2 0
                                    

စားလို့သောက်လို့ ပြီးတော့ ပိုက်ဆံ ရှင်းရမယ်ဆိုတော့ ကျသင့်ငွေကို စားပွဲထိုးဆီ ပေးနေတဲ့ ကောင်လေးရဲ့ လက်ကလေးက တုန်တုန်ယင်ယင်။

စားတုန်းကတော့ သူပဲ တစ်ခုပြီးတစ်ခု မှာပြီး ခေါင်းမဖော်တမ်း စားခဲ့ပြီးတော့။

Jaemin တစ်ဖက်ကို လှည့်ပြီးသာ ခိုးရယ်နေမိတော့၏။

"ကိုယ်က ဒီပါစတာလေး တစ်ပွဲပဲ စားတာနော်။ ကျန်တာတွေ မင်းပဲ အကုန်စားတာ"

ပြောင်ရှင်းနေတဲ့ ပန်းကန်ပြားတွေကို ပြလိုက်ပြီးပင် သူ တမင်ကို ပြောလိုက်တဲ့အခါမှာတော့ ပြန်ရလိုက်တာက ကောင်လေးရဲ့ ဘောက်ဆတ်ဆတ် အမေး။

"ခင်ဗျားကိုရော ကျွန်တော်က ဘာပြောနေလို့လဲ?"

မျက်စောင်းခဲကာ မကျေမနပ် မေးလာတဲ့ Renjun ကို သူ မချေမငံ ပြုံးဖြီးပြရင်း ရွဲ့ပြီးပင် ဖြေလိုက်ပါ၏။

"မဟုတ်ပါဘူး ... ကိုယ်ကြောင့် အများကြီး ကုန်တယ် ထင်နေမှာစိုးလို့ပါ"

"ကျစ် ... စကားကိုများတယ်"

စုတ်တစ်ချက်သပ်ပြီး ခပ်တိုးတိုး ရေရွတ်လိုက်တဲ့ ကောင်လေးကြောင့် Jaemin ဟက်ခနဲသာ ရယ်မိတော့၏။

ဒီကောင်လေးနဲ့ တွေ့မှ သူ ရယ်နေမိတာ ဘယ်နှခါတောင် ရှိနေပြီလဲ?

သူ့ရဲ့ အေးစက်စက်ပုံစံ မဟုတ်စွာလေ ...

ဆိုင်ထဲက ထွက်လာတဲ့အခါမှာတော့ ချက်ချင်းကို အအေးဓာတ်က သိမ့်ခနဲပင်။

"ခင်ဗျား ... ဘယ်မှာနေတာလဲ? အာ ခဏ ... ရှေ့နေဆိုတော့ Rue-Palatine ကွန်ဒိုမှာ နေတာ ဖြစ်မယ်"

ရုတ်ခြည်းဆိုသလို ပြောလာတဲ့ Renjun ကို သူ ခေါင်းသာငြိမ့်ပြလိုက်ပါ၏။

"မင်းက ခန့်မှန်းတာ တော်သားပဲ"

"ခန့်မှန်းတာ မဟုတ်ပါဘူး။ သိသာနေတဲ့ဟာကို"

သူ့ကိုပင် တုံးရန်ကောဆိုတဲ့ ပုံစံနဲ့ ကြည့်ပြီး ကောင်လေးက ပြောလာတဲ့အခါမှာတော့ Jaemin ခပ်ပြုံးပြုံးနဲ့သာ အရှုံးပေးလိုက်တော့၏။

"ကျွန်တော့် တိုက်ခန်းကလည်း အဲ့လမ်းမှာပဲ ... ကွန်ဒိုတော့ မဟုတ်ပေမယ့် ... အတူတူ သွားရအောင်လေ"

like we just met {renmin}Where stories live. Discover now