Epilogue (zawgyi)

10 1 0
                                    

ချစ်ရသူကို propose လုပ်ခဲ့တာ နွေဦးတုန်းကဆိုပေမယ့် တကယ် မင်္ဂလာပွဲ လုပ်ဖြစ်တဲ့အခါမှာတော့ ဆောင်းဦးပင် ရောက်ခဲ့ပြီ ...

သူတို့ စတွေ့ခဲ့တဲ့ အချိန်ပေါ့ ...

လက်ထပ်ပွဲ အခမ်းအနားကိုတော့ ပဲရစ်မြို့ရဲ့ အငွေ့အသက်တွေ ပြည့်နှက်နေတဲ့ Chapelle Expiatorie မှာပဲ Renjun အကြိုက် စီစဉ်ခဲ့ပါ၏။

ကောင်လေးရဲ့ အကြောင်းစုံကို နှောနှောကြေကြေ သိနေတဲ့ သူကလည်း ထိုနေရာကို ဘိုကင်လုပ်ဖို့ လက်ထပ်ခွင့် မတောင်းခင် လွန်ခဲ့သော တစ်နှစ် ဇန်နဝါရီလကတည်းက ရှိသမျှ အဆက်အသွယ်တွေ အကုန် သုံးပြီး အသည်းအသန် ကြိုးစားခဲ့ရသည်လေ။

ချစ်ရသူကတော့ မသိပေမယ့်လို့ပေါ့။

"ညီမလေး ဒီလျှောက်လမ်းက နှင်းဆီနီတွေကို နှင်းဆီဖြူနဲ့ လဲပေးပါနော်။ မြန်မြန်လေးနော် ..."

ုဖြူဖြူဖွေးဖွေး နှင်းဆီတို့ကြားမှာ တစ်ပွင့်၊ နှစ်ပွင့်လောက်ပဲ ထိုးထွက်နေတဲ့ နှင်းဆီပွင့်အနီတို့ကို အတင်း ပြန်လဲခိုင်းနေတဲ့ သူငယ်ချင်းဖြစ်သူကြောင့် Jaemin ခေါင်းသာ အတွင်တွင်ခါမိ၏။

"Haechan ရာ ... ရပါတယ်ကွာ။ ပွဲချိန်လည်း နီးနေပြီကို ..."

"Renjun အကြောင်း မင်းလည်း သိရဲ့သားနဲ့။ မင်္ဂလာမဆောင်ခင် သေချင်လို့လား?"

အဲ့လိုပဲ လုပ်ဖော်ကိုင်ဖက်လည်းဖြစ်၊ သူငယ်ချင်းအရင်းကြီးလည်း ဖြစ်တဲ့ Lee Haechan က သူ့ထက်ပင် Renjun ကို ပိုခင်တွယ်သည်လေ။

"မသိရင် မင်းရဲ့ မင်္ဂလာဆောင်ကျနေရော ..."

မကျေမနပ်နဲ့ပင် သူ ခပ်တိုးတိုး ရေရွတ်မိတဲ့အခါမှာတော့ Haechan က အသံတိတ် ဆဲသလို စူးစူးရဲရဲ ကြည့်လာပါ၏။

"ကျေးဇူးကန်းစကား မပြောနဲ့နော် Na Jaemin. မင်း မင်္ဂလာဆောင်မို့လို့ကို အသေးစိတ် ပြီးပြည့်စုံအောင် လုပ်ပေးနေတာ။ ငါ့မင်္ဂလာဆောင်ဆိုရင် ငါတောင် ဘာမှ လုပ်စရာ လိုမှာမဟုတ်ဘူး။ ကိုကိုကပဲ အကုန် လုပ်ပေးမှာ ... ဟုတ်တယ်မလား Mark?"

သူငယ်ချင်းဖြစ်သူက နဂါးမျက်စောင်း တခဲခဲနဲ့ သူ့ကို ကြိမ်းဝါးရင်း အနားရောက်လာတဲ့ သူ့ချစ်သူကိုပင် အားကိုးရာရကြောင်း ဆွဲထည့်၏။

like we just met {renmin}Where stories live. Discover now