Chapter 3 (zawgyi)

8 2 0
                                    

လေဆင်နှာမောင်း ဝင်သလိုပဲ ရုတ်ခြည်း စတင်ခဲ့တဲ့ သူတို့ရဲ့ အမည်မဲ့ ဆက်ဆံရေး ...

သို့သော်လည်း 'သမီးရည်းစား' ဆိုတဲ့ အမည်တပ်လို့ရတဲ့ စည်းကို ကျော်ခဲ့တဲ့အခါမှာတော့ လှိုင်းလုံးတွေက ကမ်းပါးကို လာရိုက်ခတ်သလို သဘာဝဆန်ဆန်ပင် ...

ထိုနေ့က မှတ်မှတ်ရရပဲ သူ့ရဲ့ နားရက်မို့လို့ တစ်နေကုန် Renjun နား ကပ်ပြီး နှောင့်ယှက်နေတဲ့ အချိန်လေးဖြစ်၏။ 

"Renjun ရာ ... ဒီဇာတ်ကားကြီးက ပျင်းစရာကြီးပါဆိုနေ ..."

ကောင်လေးရဲ့ ပေါင်ပေါ်မှာ လှဲအိပ်နေရင်းက Jaemin ညည်းညူမိတော့ ပြန်ရလိုက်သည်က ဂွက်ခနဲပင် ခေါင်းအခေါက်ခံလိုက်ရခြင်း။

"ခင်ဗျားပဲ ကျွန်တော် ကြိုက်တာ ကြည့်ကြမယ်ဆိုပြီး ... ဒီထပ်ပိုမနာချင်ရင် ပါးစပ်လေး ပိတ်ပြီး အေးဆေး ကြည့်နော်"

ကောင်လေးက စူးစူးရဲရဲကို ငုံ့ကြည့်လာကာ ကြိမ်းဝါးတဲ့အခါမှာတော့ သူ ဘာမှ အထွန့်မတက်ရဲတော့။

တစ်မိုးအောက် ရှေ့နေကြီး Na Jaemin မှာလည်း Huang Renjun ရှေ့မှာတော့ ပြားပြားဝပ်နေရပြီပေါ့။

သို့ပေမယ့် ထိုစဉ်မှာပဲ ကောင်လေးရဲ့ ဖုန်းကနေ 'ting' ဆိုပြီး ရောက်လာခဲ့တဲ့ e-mail လေးတစ်စောင်။

PCA ဆိုတဲ့ တစ်စွန်းတစ်စ noti လေးကို တွေ့လိုက်တာနဲ့ သူ ချက်ချင်း ထထိုင်မိလိုက်သလို Renjun ကလည်း ဖုန်းကို ကောက်ယူကာ ပြာပြာသလဲ ဖွင့်ကြည့်၏။

ဒီလမှ ရောက်လာတဲ့ e-mail ဟာ ကောင်လေးရဲ့ scholarship အတွက် ပြန်အကြောင်းကြားတဲ့ စာဆိုတာ မှားဖွယ်မရှိ။

လွန်ခဲ့တဲ့ နှစ်လက Renjun တစ်ယောက် scholarship အတွက် form တင်လိုက်ပြီး အင်တာဗျူးတွေ အဆင့်ဆင့် ဖြေခဲ့ရသည်လေ။

သို့သော်လည်း ကျောင်းက စာကို ဖွင့်ဖတ်လို့ အပြီးမှာပဲ မျက်ခုံးတွေ တွန့်ချိုးကာ ပြောင်းလဲသွားတဲ့ မျက်နှာထားကြောင့် Jaemin မှာ စိုးရိမ်မှုတွေ လွန်ကဲလာမိ၏။

"Jaemin ..."

ကောင်လေးက မျက်ရည်တွေ သီဝေ့ကာပင် ခပ်တိုးတိုးလေး ခေါ်လာတဲ့အခါမှာတော့ သူ ဘေးကနေ ချက်ချင်း ဖက်ထားလိုက်မိပါ၏။

like we just met {renmin}Where stories live. Discover now