2019 ခုနှစ်၊ 11 လပိုင်း ...
ဆောင်းဦး ဝင်စမို့ နှင်းမှုန်တို့က မဆိုသလောက်လေး တဖွဲဖွဲ ကျနေပေမယ့် လရောင်မှိန်မှိန်အောက်က ပဲရစ်မြို့ကြီးကတော့ ရောင်စုံမီးရောင်တို့ဖြင့် ထိန်လင်းလို့။
သူရောက်နေတဲ့ ခေါင်မိုးထက်ကနေ လှမ်းမျှော်ကြည့်လိုက်ရင်ဖြင့် မြို့ရဲ့ပြယုဂ်ဖြစ်တဲ့ Eiffel Tower ကြီးဟာ ရွှေရောင်တဖိတ်ဖိတ်တောက်နေသလို အောက်ကို ငုံ့ကြည့်လိုက်ရင်လည်း ဝါကျင့်ကျင့်မီးရောင်တို့ ထိုးကာ သွားလာနေကြတဲ့ ကားတွေကလည်း ပုရွက်ဆိတ်တွေအလား။
သို့သော်လည်း ကောင်းကင်ယံထက်က ပြည့်ဝိုင်းနေတဲ့ လမင်းကြီးကိုသာ Jaemin မော့ကြည့်မိရင်း ရှိုက်နေတဲ့ စီးကရက်အငွေ့တွေကိုသာ လေထဲဝယ် မှုတ်ထုတ်လိုက်ပါ၏။
ဒီတစ်နေ့တာဟာလည်း ဒီအတိုင်း ပြီးဆုံးသွားပြန်ပြီပေါ့။
နေ့တိုင်း မရိုးရသော အမှုတွေကို တစ်ခုပြီးတစ်ခု ကိုင်တွယ်နေရပေမယ့် နောက်ဆုံးကျတော့လည်း သူ့အတွက် ရလဒ်က "အောင်နိုင်ခြင်း" ဆိုတဲ့ ဘယ်တော့မှ မပြောင်းလဲသော ဒီအဖြေပဲမို့လို့ ကြာလာတော့ စိတ်လှုပ်ရှားမှုတို့က တဖြည်းဖြည်း သေဆုံးလာ၏။
တိုက်ခန်းကောင်းကောင်းနဲ့ နေနိုင်ပြီး ကားကောင်းကောင်းစီးနိုင်တဲ့ အကျော်အမော် ရှေ့နေတစ်ယောက်မို့လို့ မြင်သူတိုင်းက အားကျကြပေမယ့် အရောင်ကင်းမဲ့သော သူ့ရဲ့ အဖြူအမဲ ဘဝကြီးက နေထိုင်ဖို့ ဘာအဓိပ္ပာယ်များ ရှိမှာလဲလေ?
ဒါပေမယ့်လည်း ထို့နေ့မှာတော့ ရှင်လျက်သေဆုံးနေတဲ့ သူ့ဘဝကြီးကို ဗြောင်းဆန်ခတ်သွားစေတဲ့ ကောင်လေးက လေဆင်နှာမောင်း ဝင်တိုက်သလိုပင် ရောက်လာခဲ့ပါ၏။
"ဟေ့! အခုချက်ချင်း ရပ်လိုက်စမ်း! လိုက်ကြဟေ့! အဲ့ကောင်လေး ခေါင်မိုးထပ်ကို ပြေးတက်သွားပြီ"
အရာအားလုံးဟာ အေးချမ်းဆိတ်ငြိမ်ရာမှ ဝရုန်းသုန်းကား အခြေအနေသို့ ရုတ်ခြည်းဆိုသလို ပြောင်းလဲသွားခဲ့၏။
လှေကားကနေ တဒုန်းဒုန်းနဲ့ တက်လာတဲ့ ခြေသံတွေဟာ ကျယ်လောင်လှသလို ထိုအနောက်ကနေ ပြေးလိုက်လာဟန်တူတဲ့ ခြေသံတွေကလည်း မဝေးတော့သယောင်။
YOU ARE READING
like we just met {renmin}
Fanfiction[𝗰𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱] 𝑤𝑒 𝑑𝑜𝑛'𝑡 𝑛𝑒𝑒𝑑 𝑛𝑜𝑡ℎ𝑖𝑛𝑔 𝑖𝑡'𝑠 𝑝𝑒𝑟𝑓𝑒𝑐𝑡 𝑒𝑛𝑜𝑢𝑔ℎ 𝑦𝑜𝑢 𝑎𝑛𝑑 𝑚𝑒 》a mini fiction #1 main: renmin language: burmese start: 16.8.2023 end: 16.8.2020