Uni code
''မင်းသား ဒီလိုလုပ်လို့မဖြစ်ပါဘူး။ ကျတော်တို့ ထုတ်လုပ်ရေးပိုင်းနဲ့ပြဿနာအကြီးကြီး တတ်မှာပါ။ ပြန်ရအောင်ပါနော်မင်းသားရယ်။ ဒီတစ်ပိုင်း...မဟုတ်ဘူး မဟုတ်ဘူး ဒီ Scene တစ်ခုပဲရိုက်ပြီးတာနဲ့ ဒီနေ့ရူတင်ကို break ခိုင်းပါမယ်။ ကတိပေးပါတယ်ဗျာ''
''မရဘူး..မင်းကိုငါအစထဲကဘာပြောလဲ။ ဒီအခန်းကိုဇာတ်ညွှန်းမပြင်ပေးရင်လုံးဝမရိုက်နိုင်ဘူးလို့ ရှေ့၂ရက်ထဲကပြောခဲ့တာလေ။ မင်း manager လုပ်နေပြီး ဘာလို့အဲ့ထုတ်လုပ်ရေးကလူတွေနဲ့မညှိခဲ့လဲ''
ပြောရင်းကားကိုအရှိန်တင်လိုက်သည်မို့ GENESIS GV80 သည် ပြေးလမ်းပေါ်မှအနီရောင်မြှားတစ်စင်းအလား ပင်လယ်လေနှင့်အတူ လွင့်လူးနေသည်။
''သိပြီ..သိပြီမို့ Hyung အရှိန်ကိုနည်းနည်းလျှော့ပေးပါဗျာ။
တော်ကြာ ကိုရီးယားပြန်မရောက်ခင် ဒီမှာတင်ကျတော်တို့ ညီအကိုနှစ်ယောက်လုံးဘဝကူးနေမယ်''သူ့လက်မောင်းကိုကိုင်လှုပ်ရင်းပြောလာသော yejun ကြောင့်
ခပ်သဲ့သဲ့ရယ်ရင်း အရှိန်ကိုအနည်းငယ်လျှော့ချလိုက်သည်။''မကြောက်ပါနဲ့။ ငါ့ညီကိုတော့ငါအသေမသတ်ပါဘူးကွာ။''
''Hyung ကျတော်ကို ဦးလေးကင်မ်အသေဆူတော့မှာဗျ။
မရိုက်ချင်လည်း အဲ့ scene ကိုဖြတ်ရအောင်
ကျတော်ပြောပေးပါမယ်။ ဒါရိုက်တာကို ဒူးထောက်တောင်းပန်ဆိုလည်း
တောင်းပန်ပါမယ်။အခုတော့ ပြန်ရအောင်နော်။ သူများနိုင်ငံဆိုတော့အဖော်မပါပဲဒုက္ခရောက်ကုန်ပါ့မယ်ဗျာ''''Ye Jun na..မင်းအသက်က ၂၀ကျော်လေးပဲရှိသေးတာ ဘာတွေအဲ့လောက်
တွေးကြောက်နေတာလဲ။ ဟိုးမှာကြည့်စမ်း..
မင်းနဲ့ရွယ်တူလေးတွေ လွပ်လပ်ပေါ့ပါးပြီး ငယ်ရွယ်မှုကိုခံစားနေလိုက်တာများ''''အင်းပေါ့။ Hyung က card တွေမှသိမ်းမခံရဖူးပဲကိုး။အဲ့စကားပြောနိုင်မှာပေါ့''
Chesterman ကမ်းခြေတစ်လျှောက်
အရွယ်စုံလူများနှင့်အတူ
အမိုးဖွင့်ကားနီလေးတစ်စီးသည်
နေဝင်ချိန်ကို ဖြတ်သန်းလျှက်ရှိသည်။ရုတ်တရက်ထိုးရပ်သွားသောကားကြောင့် သူကော Ye Jun ပါကြောင်တောင်တောင်
ဖြစ်သွားကြသည်။
YOU ARE READING
Crudelis Aestas
FanfictionSo cut the headlights, summer's a knife I'm always waiting for you just to cut to the bone