meet agin

32 6 2
                                    

Uni

သူတို့ဝိုင်းကို ခပ်တည်တည်နဲ့ဝင်ထိုင်လာသော ကိုရီးယားစကားနားလည်တဲ့ ကနေဒါသားကို သူခပ်စူးစူးကြည့်မိသည်။ Hoddie ခေါင်းစွပ်ကိုလှန်ရင်း သူ့ကိုခပ်ပြုံးပြုံးကြည့်ကာ Hello. we met again ဟုဆိုလာသည်မို့ သူစိတ်သိပ်မကြည်ချင်တော့ ကိုရီးယားလိုတတ်ရင် ကိုရီးယားလိုပြောပါလား။ ဘာကောင်မှန်းကိုမသိ

''ဘာကိစ္စရှိလို့ ဒီမှာလာထိုင်တာလဲ''
သူ့ကိုရီးယားစကားအဆုံးတွင် yejun က
''Hyung သူ နားမလည်ဘူးလေ''ဟု ခပ်ကြောင်ကြောင်ကြည့်ကာ သူ့ကိုပြောလာသည်။

'ကောင်လေး အကို့ကို bar မှာ ဘီယာတစ်ခွက်လောက်မှာပေးလို့ရမလားဟင်' ဟု ပီပီသသပြောသံကြောင့် Yejun မျက်လုံးဝိုင်းတွေက ပိုမိုဝိုင်းစက်သွားသည်။  အေး မင်းအကိုငါ့အလှည့်တုန်းကဆို ဘလိုင်းကြီးတိုက်ခိုက်သွားတာ ဟုစိတ်ထဲကဆိုလိုက်မိသည်။

ခပ်ကြောင်ကြောင်နဲ့ ဟုတ် ဟုပြောကာထသွားသော yejun ကိုကြည့်ရင်း ထိုလူ့မျက်လုံးတွေကရယ်မြူးရိပ်သန်းနေသည်။

'မင်း manager က ငယ်သေးတယ်နော်။'

''အဲ့တာငါ့ညီဝမ်းကွဲ''

'အော်..' ဟုဆိုကာ ပြန်လည်တိတ်ဆိတ်သွားသောစကားဝိုင်း။

သက်တောင့်သက်သာမဖြစ်မှုကြောင့် သူ wine ကိုသာပြန်သောက်နေလိုက်သည်။  စားပွဲဝိုင်းကို တစ်ဒေါက်ဒေါက်ခေါက်နေသော လက်တွေ။  Hoodie လက်ရှည်အောက်က လက်ဆစ်တွေမှာ english alphabet
တို့က နက်နက်စွေးစွေးရှိလှသည်။

'ဝိုင်နဲ့လိုက်တယ်'

''ဟမ်''
သူ့ကိုကြည့်ရင်းပြောလာမို့ အနည်းငယ်ကြောင်သွားသည်။

'အော်..အဲ့ဝိုင်နဲ့လိုက်တယ်လို့ မင်းက'

''အကိုဒီမှာ ဘီယာ။ဘာသောက်တတ်မှန်းမသိလို့ Budweiser ပဲယူခဲ့လိုက်တယ်''
Yejun ကြောင့် ထိုလူ့စကားစရပ်သွားသည်။

''မင်းကကိုရီးယားလား''

ခွက်ကိုမော့နေရင်း သူ့ကိုငဲ့ကြည့်လာသည်။ တစ်ငုံသေချာသောက်ပြီးကာမှ

'အမေက Scottish-Canadian
အဖေကတော့ မင်းတို့ဆီကပဲ'

''ဝါး မိုက်တယ်အကို ဘာသာစကားတွေအများကြီးတတ်မှာပေါ့''

Crudelis AestasWhere stories live. Discover now