Brevis Separatio

36 8 9
                                    

Unicode

Center ရဲ့ အဲကွန်းနံ့ကစိတ်ကိုကြည်လင်စေလှသည်။
ဒီနေ့သူရိုက်ရမယ့် Scene မရှိတာကြောင့် မြို့ထဲက စျေးဝယ်စင်တာကိုထွက်လာခဲ့ခြင်းဖြစ်သည်။
Yejun ကအဖော်လိုက်ပေးမို့ပြောပေမယ့် သူကတစ်ယောက်တည်းလာချင်တာမို့ မခေါ်လာမိ။
ကိုရီးယားမှာဆို ဒီလိုတစ်ယောက်တည်း
လွတ်လွတ်လပ်လပ်သွားနိုင်သည်ဆိုတာကသူ့အတွက်
အခက်ခဲဆုံးပင်။ အောင်မြင်မှုနောက်ကွယ်ကစောင့်ကြည့်နေတဲ့မျက်လုံးတွေက များလှသည်။ သာမန်လူတွေပြုလုပ်နေကျ
အပြုအမူသေးသေးလေးကပင် သူတို့လိုလူတွေလုပ်ရင် အမှားကြီးဖြစ်နေတတ်သည်။ ချစ်ပါသည်ဆိုပြီး
ဘေးနားအချိန်တိုင်းရှိနေသည့်လူတွေကပဲ
အောက်ဆုံးထိဆွဲချသွားတတ်ကြသည်။ အသက်ရူဖို့ပင်ခက်ခဲခဲ့သည့်အချိန်တွေလည်းကြုံခဲ့ဖူးသည်။
အောင်မြင်မှုနှင့်ဒွန်တွဲရရှိလာသည်က မလွတ်လပ်မလုံခြုံမှုပင်ဖြစ်သည်။

''How much is this?''

''only 45 dollars''

ချည်ထိုးဒိုင်ဒိုဆောအစိမ်းရောင်ရုပ်လေးကို သူသဘောကျစွာကိုင်ကြည့်နေမိခြင်းဖြစ်သည်။
သူ့ရဲ့မကောင်းတဲ့တစ်ချက်က Panic Buying လုပ်တတ်တာပဲ။
သဘောကျတာမျိုးဆို နှစ်ခေါက်မစဥ်းစားပဲဝယ်တတ်သည်။
Yejun ကအစပိုင်းကတားပေမယ့် နောက်ပိုင်းတော့သိပ်မပြောတော့ပေ။ တားမရလို့လွတ်ထားတဲ့ပုံပါပဲ။

.......

မွေးပျံနေသည့် Poutine ပန်းကန်ကို ဝိတ်တာလေးကလာချပေးသည်။  ကနေဒီးယန်းအစားအစာတွေထဲ
ဒါကိုသူအကြိုက်ဆုံးဖြစ်သည်။ အာလူးပူပူလေးတွေကို cheese နဲ့ရောထားပြီးမှ အပေါ်ကနေဆော့စ်စမ်းထားတာဖြစ်သည်။
အနံ့နဲ့တင်သူ့ rating အမြင့်ဆုံးဖြစ်သည်မို့ ဒီရောက်ထဲကမကြာခဏစားဖြစ်သည်။

မွေးပျံနေသည့် Poutine ပန်းကန်ကို ဝိတ်တာလေးကလာချပေးသည်။  ကနေဒီးယန်းအစားအစာတွေထဲဒါကိုသူအကြိုက်ဆုံးဖြစ်သည်။ အာလူးပူပူလေးတွေကို cheese နဲ့ရောထားပြီးမှ အပေါ်ကနေဆော့စ်စမ်းထားတာဖြစ်သည်။ အနံ့နဲ့တင်သူ့ rating အမြင့်ဆုံးဖြစ်သည်မို့ ဒီရောက်ထဲကမကြာခဏစားဖြစ်သည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
Crudelis AestasWhere stories live. Discover now