Uisge an earraich

34 4 8
                                    

Unicode

လေယာဥ်ပြတင်းတံခါးမှမြင်ရသော ဆိုးလ်မြို့ညနေခင်းသည် တိမ်တွေဖုံးနေသည်။ နွေအကုန်ဆောင်းအကူးကာလမို့ရာသီဥတုက ကြည်လင်နေရာမှအုံဆိုင်းသွားလိုက် အုံဆိုင်းနေရာမှပြန်လည်
သာယာလိုက်ဖြင့် မခန့်မှန်းနိုင်။

''Hyung... ဒီရက်ပိုင်း schedule မရှိဘူး။ ၃ရက်လောက်အားမယ်။ ဘာလုပ်မယ်စဥ်းစားထားလဲ''

''အိမ်မှာပဲနားချင်တယ်။ ဒီတစ်ခေါက်ခရီးအရမ်းပင်ပန်းတယ်''

''ဟုတ်တယ် Hyung မျက်နှာတောင်ချောင်သွားတယ်။
နားရမယ်သေချာ။ဒါဆို ဆင်းရင် တိုက်ခန်းပြန်မှာလား''

''ဟင့်အင်း ဒီတစ်ညတော့အိမ်ပဲသွားရအောင် သူဌေးကင်မ် ကို
မျက်နှာလေးသွားပြရအောင်လေ။ ငါ့အသံမကြားရလို့စိတ်ချမ်းသာတာကြာနေပြီမလား...သူက''

ခပ်တိုးတိုးသာသူပြောမိသည်။ ဒီတစ်ခေါက်နိုင်ငံခြားခရီးက စိတ်ကောလူကောပင်ပန်းစေလှသည်။
---~----

''ဒေါက်ဒေါက်...ဒေါက်''

ခပ်မှန်မှန်ထွက်လာသော တံခါးခေါက်သံက
သူရဲ့ကြိုးစားထားရသောအိပ်စက်ခြင်းကို ကောင်းကောင်းဖျက်ဆီးစေသည်။

''ဘယ်သူလဲ''

အိပ်ထားသောကြောင့် ခပ်အက်အက်ဖြစ်နေသော
အသံဖြင့်သာမေးမိသည်။

''အကိုလေး..ကျွန်မပါ။ Boss ပြန်လာပြီမို့ ထမင်းစားဖို့လာခေါ်တာပါ''

''အင်း...ကျွန်တော်လာခဲ့မယ်'

Ms.Shin  ဖြစ်သည်။ သူ(မ)က ကျွန်တော့်ကိုမေမေဆုံးပြီးထဲက ကလေးထိန်းလုပ်‌လာတာမို့သံယောဇဥ်တော့ရှိလှသည်။ဒီအချိန်ထိလည်း အလုပ်မထွက်ပဲ အိမ်ရဲ့ဝေယျာဝစ္စအဝဝကို တာဝန်ယူသည်။ ယောကျ်ားသား၂ဦးသာရှိသောအိမ်မို့ စားရေးသောက်ရေးအတွက် သူ(မ)ကအတည်အားကိုးရသည်။
အဝတ်အစားပင်မလဲတော့ပဲ ညအိပ်ဝတ်ချည်သားဝမ်းဆက်ဖြင့်ပင် အောက်ထပ်ကိုဆင်းလာမိသည်။သူဌေးကင်မ်က စားပွဲဝိုင်းထိပ်မှာ ipad ကိုကြည့်ရင်းထိုင်စောင့်နေသည်။ Suit နဲ့မဟုတ်ပဲ အိမ်နေရင်းဆွယ်တာတစ်ထည်ကိုဝတ်ထားတာကြောင့် ပြန်ရောက်တာကြာပြီဖြစ်ပုံရသည်။ သူဝင်လာတာမြင်တော့တစ်ချက်သာမျက်လုံးလှန်ကြည့်ပြီး ipad ကိုအထက်အောက်ရွေ့ရင်း‌ပြန်ကြည့်သည်။

You've reached the end of published parts.

⏰ Last updated: Nov 22, 2023 ⏰

Add this story to your Library to get notified about new parts!

Crudelis AestasWhere stories live. Discover now