Episode 7

40 2 0
                                    

     ဆိုဖာခ‌ံုပေါ်တွင်လှဲလောင်းကာမျိုးသားကအ‌ေပါ်ကအမျိုးသမီးက‌ေအာက်‌ကအ‌ေနထားဖြင့်တစ်ယောက်ကိုတစိယောက်အချစ်က‌စားနေသောသူတို့နှစ်ဦးနေရောင်ခြည်ကလည်းဖြာချနေ၍ အရမ်းကြည်းနူးစရာကောင်းလှသည်
     "ဟာနူး တော်ပြီလို့"
     "ဘာလို့လဲကိုယ့်မိန်းမကို ကိုယ်ကတစ်ချိန်လုံးနမ်းနေမှာ"
     "တော်ပါတော့ငါ့ပါးလေးပိန်သွားအုံးမယ် တော်တော့နော်"
     "မရပါဘူးဗျာ"
     " ဟာနူးကလည်း"
     "ကိုယ့်ကိုချစ်လားအချစ်"
     "သိပ်ချစ်တာပေါ့ ကျွန်မရဲ့နှလုံးသားလေးကို"
     "ချစ်ရင် ကိုယ့်ကိုအမြဲအလိုလိုက်နော်"
     "အမြဲအလိုလိုက်နေတာပဲလေ ဟာနူးကလည်း"
     "ကိုယ်နမ်းရင်အချစ်ကလည်းပြန်နမ်းရမယ်လေ အချစ်ကပြောနေရတာပဲ"
     "မွမွမွ💋💋💋 ရော့ဒီကနှုတ်ခမ်းလေးပါ"
     "ငါမိန်းမ ဒီလိုလုပ်ရင်သိပ်ချစ်ဖို့ကောင်းတာပဲ ငါကဒီလောကမှာအကောင်းဆုံးယောကျာ်းပဲ"
     "ဟားနူး..ချစ်တယ်နော်"
     "ကိုကအချစ် ချစ်တာထက်ပိုချစ်တယ်နော် မွ"
     "နှခမ်းလေးကိုနမ်းပါ"
     "မရဘူးကအချစ်တစ်ကိုယ်လုံးကကိုယ့်အပိုင်ပဲ"
  စနောက်ကာကလိခြားထိုးလိုက်သောသူကြောင့် နာမီမနေပဲထပြေးမည်လုပ်သော် ခါးကနေဆွဲဖမ်းကသူပေါင်ပေါ်တွင် တင်၍စနောက်နေပြန်သည်
သူတို့ရဲ့အိမ်သည် ဘယ်လောက်‌ေတာင်ချိုမြိန်နေမလဲ

.................

    ရုပ်ရှင်ကြည့်ရသည်ကိုအရမ်းကြိုက်သောနာမီသည် တီဗီမှလာသော အလွှမ်းဇာတ်လမ်းကိုကြည့်ကာတစ်ယောက်တည်းမျက်ရည်ကျနေရသည်
        "ဟင့်..ဟင့်...🥺"
     ဆေးရုံမှအရေးကြီးခေါ်၍သွားရန်ပြင်ဆင်နေသောဟာနူးတစ်ယောက်သည် နာမီငိုနေသည်ကိုမသိပါ
        "အချစ် ကိုလေ ...ဟမ်ချစ် ဘာ.ဘာဖြစ်နေတာလဲ ကိုယ်ဘာမှားလို့လဲ "
        "အဲ့ကားထဲမှာမင်းသားသေသွားပြီ.....ဟင်း.......😭 ..... ဟင်း ...."
    ငိုနေရင်းနဲ့သူ့ကိုကြည့်မိသည်အခါဟာနူးလက်ထဲတွင်အလုပ်အိတ်နှင်ပင်
        "ဟင် ဟာနူးကဘယ်လဲ"
        "ကိုယ် ဆေးရုံကအရေးကြီးခေါ်လို့သွားရမယ် အချစ်လေးကမငိုပါနဲ့ကွာ ကိုယ်စိတ်မကောင်းလို့ ဟင် နော် ကလေးလေး"
        "ဟင်မဟုတ်ပါဘူးရုပ်ရှင်ကြည့်ရင်းဝမ်းနည်းလို့ပါ သွားလေဟာနူး"
        "ချစ်ဝမ်းနည်း‌ေနရင်မကြည့်နဲ့‌ေတာ့ကိုယ်နဲ့လိုက်ခဲ့လေ ချစ်ကိုကိုယ်မုန့်ဝယ်ကျွေးမယ်နော် လိုက်ခဲ့ပါ"
        "ရပါတယ်ဟာနူး နာမီကြောင့်စိတ်ရှုပ်နေရဦးမယ်နာမီနေခဲ့လိုက်ပါမယ်နောက်မှလိုက်မယ်နော် ဒါနဲ့ဟာနူးဆေးရုံလိပ်စာလေးတော့ပေးခဲ့ပါလား"
        "ခဏလေးနော်ကိုယ်အခုရေးပေးမယ် ယောကျာ်းရဲ့အလုပ်လိပ်စာကိုမေ့နေသောအချစ်လေးအတွက် ကိုကိုသေချာရေးပေးပါ့မယ်ဗျ"
        "ဟာနူးတကယ် ရုတ်တရက်မေ့သွားလို့ပါ"
        "ရပါတယ် အချစ်ရဲ့နေကောင်းအောင်နေ ကိုယ့်ကိုကိုယ်ဂရုစိုက် ကိုယ်စောစောပြန်လာခဲ့မယ် ထမင်းလည်းကောင်းကောင်းစားထားနော်အချစ်‌ကလေး"
        "ခဏပဲသွားတာပဲ စိတ်မပူပါနဲ့ဟာနူးရဲ့"
        "မွ!!(သူမနဖူးကိုဖြည်းညင်းစွာနမ်းလိုက်သောသူ)ကိုယ်သွားတော့မယ်နော် ဘိုင့်ဘိုင်
        "ဘိုင့်ဘိုင်ပါဆင့်"
        "လူနောက်မလေး"
  ...........
    နာမီတစ်ယောက်တည်းအိမ်မှာနေစဉ်အတွေးပေါင်းစုံတွေးတောနေမိတယ် တစ်ယောက်တည်းပါးစပ်ကလည်းရင်ထဲကစကားတွေရည်ရွတ်နေပါလား
     "အားလုံးကငါကလွဲရင်အလုပ်ကိုယ်စီတွေနဲ့လား ငါကတော့အလုပ်မရှိအကိုင်မရှိပေါ့ ဒီလိုအချိန်တွေကကူးပြောင်းသွားတာနဲ့အဲ့လောက်တောင်ပြောင်းလဲသွားကြလား အကုန်လဲပဲနင်ပါအပါအဝင်"(အောက်ကဖုန်စုတ်စက်ကိုကြည့်ကာ)
      "ဒါ နဲ့ပျင်းလိုက်တာအလုပ်မရှိတဲ့ဘဝကြတ်သရေမရှိလောက်အောင်ဆိုးသွမ်း‌ေနတယ် ဟာနူးဆီသွားချင်လိုက်တာ ဟာနူးစိတ်များရှုတ်သွားမလား no no မသွားရပါဘူးတော်ကြာငါ့ကိုဟာနူးကစိတ်ရှုတ်နေရင်အချစ်တွေလျော့သွားမယ် ဟာနူး‌ေရဘယ်အချိန်ပြန်လာမှာလဲ ဒါလင်ရဲ့ ၊အခုချိန်မှာ ပုစွန်ဆန်မပြုတ်ပူပူလေးသာသောက်ရလောက်ရင် ငါသေပျော်ပါပြီ ပုစွန်ဆန်ပြုတ်လေးရယ် နင့်ကိုငါ ပိုက်ဆံရှိ‌တာတောင်ဝယ်စားလို့မရပါလား"(ဘောစိဖြစ်နေပါသော်လည်း စိတ်မချမ်းသာရသောနာမီမ)
       တစ်ယောက်တည်းညီးတွားကာ အိပ်ပျော်သွားလေသည်
.......................
      ညဘက် ၁၀နာရီ‌ေကျာ်ပြန်နိုးလာရာသူမကုတင်ပေါ်သို့ရောက်နေသည် ဘေးတွင်လည်းဟာနူးကအဝတ်အစားများမလဲပဲအိပ်ပျော်နေသည်
     "ဟာနူး"
     "အချစ်လေးနိုးပြီလား"
     "ဟာနူးမှို့ယာပေါ်တင်ပေးထားတာလား"
     "အင်းဘာလို့ဆိုဖာ‌ေပါ်မှာအိပ်ပျော်သွားတာလဲ အအေးပတ်တော့မှာပဲ အေးယားကွန်းဒီလောက‌်အေး‌ေနတာ သတိထားရမှာပေါ့"
     "ဂွီ...."(ဗိုက်ဆာ၍်ထွက်ပေါ်လာသောအသံ)
     "အချစ်လေးဘာမှမစားပဲအိပ်ပျော်နေတာလား"
     "‌အော မေ့သွားတယ် ဟာနူး"
     "အခုသွားရအောင် ကိုယ် ညစာလုပ်ကျွေးမယ်"
     "ဟာနူး နင်ပင်ပန်းပါတယ် ငါချက်ပါရစေ နော် ငါချက်ကျွေးပါမယ်"
     "ညစာတောင်မစားပဲအိပ်နေတဲ့အိပ်ပုတ်ကြီးမလေးကို ကိုယ်က ညစာထလုပ်ခိုင်းရင်သူဟင်းထဲဆားနှစ်ခါခပ်မိမှာပေါ့ ကျွန်တော်ပဲလုပ်ပါရစေဗျာသခင်မလေးရယ် ခနနေကျမှကျွန်တော်မျိုးစားချင်တဲ့အရာကိုကျွေးသိရဲ့လား"
      "ဟားနူး !!ဘာတွေပြောနေတာလဲနင်မရှက်ဘူးလား"
      "သွားမယ် အချစ်လေးမြန်မြန်ထ ကိုယ်စိတ်မရှည်တေ့ာဘူးကွာ"
      "အမယ်လေး"(ဟာနူးကရုတ်တရက်ကောက်ချီလိုက်သည်)
      "ဟာနူး ကိုယ့်ဘာသာကိုလျှောက်နိုင်ပါတယ် ချပေးပါ  "
      "အချစ်လေးမင်းပိန်တယ်နော် ကိုယ်မင်းကိုချီနေကျပါဘာလို့ဒီလောက်ပေါ့သွားတာလဲ မရဘူး အများကြီးစားရမယ်နော် ကိုယ်အာဟာရရှိတာတွေများများချက်ကြွေးမယ် "
     ဟာနူးလည်ပင်းလေးကိုဖက်ကာ ‌ငြိမ်‌ငြိမ်လေးလိုက်သွားလေသည်
      
    

Crush Donde viven las historias. Descúbrelo ahora