ဟာနူးရဲ့ကျောပေါ်မှာတစ်ယောက်ထဲအပျော်ဆုံးဖြစ်နေတဲ့နာမီတစ်ယောက် လက်တစ်ဖက်ကလည်းရေခဲမုန့်ကိုကိုင်ကာ ကံမကောင်းရင်ဟာနူးခေါင်းတောင်နာမီရေခဲမုန့်ကြောင့်ပုရွက်ဆိပ်တက်သွားနိုင်တယ် စားရင်းအိမ်ကိုပြန်လာစဉ်
ထိုအချိန်လမ်းတစ်လျှောက်တွင်ဟာနူးကိုအန်တီကြီးတစ်ယောက်ကနှုတ်ဆပ်ပါတော့သည်
"အို့မို့ မင်းကမင်ဟာနူး မင်ဟာနူးမလား"
"ဟုတ် ဟုတ်ကဲ့"
ဟာနူးရဲ့ကျောကုန်းပေါ်တွင်အပြစ်ကင်းစင်စွာရေခဲမုန်စားနေတဲ့နာဘီလည်းသူမမျက်စိရှေ့မှရှိတဲ့အန်တီကြီးကိုမြင်ကာဟာနူးေကျာေပါ်ကဆင်းရင်ကောင်းမယ်လို့တွေးမိခဲ့သည်
သူ့မကြောင့်ဟာနူးဂုဏ်သိက္ခာထိခိုက်မှာဆိုးရိမ်၍အတင်းဆင်းေတာ့သည်
ဟာနူးလည်းသူ့ကျောပေါ်ကလှုပ်ရွနေတဲ့သူ့အချစ်တော်မလေးကိုဖြည်းဖြည်းချပေးကာ ထိုအန်တီကြီးကို အရေးတယူပြုလိုက်သည်
"မင်း ကတော်တော်အရွယ်ရောက်ပြီပဲ အို့မို့အရွယ်တွေရောက်လာတာ"
အံ့ဩစရာကောင်းစွာမျက်လုံးပြူးမျက်ဆံပြူးသူ့အားလာနှုတ်ဆပ်သောအန်တီကြီးကိုမြင်ဖူးသလိုလိုဖြစ်နေပေမယ့် မမှတ်မိနိုင်သေးပါ
" ဟို စိတ်တော့စဆိုးပါနဲ့အန်တီရယ်ကျွန်တော်အန်တီကိုသိပ်ပြီးမမှတ်မိဘူးဗျ"
"ဟာနူးအန်တီမာဂင်လေသားမမှတ်မိတော့ဘူးလား"
"အန်တီမာဂင်"
☁️အန်တီမာဂင်တဲ့လားဘယ်သူပါလိမ့်☁️
"အော်အန်တီမာဂင်ဟုတ်ကဲ့ဗျ"
☁️အိုးလုံးဝမမှတ်မိတာပဲထားလိုက်ကွာ တစ်ချိန်ကလူနာဖြစ်ေလာက်မယ်ထင်တယ်☁️
"သားလေးအခုတစ်လော ဗြောလေးနဲ့ရောတွေ့ဖြစ်သေးလား"
☁️ Oh my God🔨ရည်းစားဟောင်းရဲ့အဒေါ်မာဂင်ကြီးလေ အိုး ငါလည်းမေ့လိုက်တာ☁️
"အောမတွေ့ဖြစ်ပါဘူးဗျ ကျွန်တော်လည်းလက်ထက်လိုက်တာဆိုတော့ မိန်းမနဲ့အလုပ်နဲ့ကိုပဲအချိန်ပေးဖြစ်တယ်ဗျ"
"အောဒါမင်းမိန်းမလား"
"ဟုတ်ပါတယ် ကျွန်တော့မိန်းမပါ"
"အော်"
မချိုမငန်မျက်နှာနဲ့သူမကိုပျူငှာလိုက်သောအန်တီကြီးကြောင့်နာမီစိတ်ထဲတော့ တံထွေးနဲ့အထွေးခံလိုက်ရသလိုအထင်သေးခံရတဲ့ခံစားချက်ဝင်မိသည်
"အော်ငါကတော့ဗြောနဲ့အဆင်ပြန်ပြေနေလားလို့မေးကြည့်တာပါ အခုတော့မင်းကမိန်းမတောင်ရနေပြီတဲ့လား"
"ကျွန်တော်မိန်းမရတာ ၉နှစ်လောက်ရှိနေပြီဗျ "
"အော်ဟုတ်လား မင်းကတော့ မိန်းမနဲ့၉နှစ်လုံးသာယာနေမှာပဲငါ့တူမကိုတော့သနားတယ်အေ မင်းနဲ့အဆင်ပြေနေတယ်ထင်လို့ငါကစိတ်ချလိုက်ရတာအခုတော့ အေးလေငါတို့ဘက်ကအရမ်းမျှော်လင့်မိလို့ဖြစ်ပါလိမ့်မယ်ထားပါတော့ သွားတေ့ာမယ်"
"ဘေဘီ😶"
"အဟွန်းစိတ်ထဲမထားပါနဲ့ချစ်ရယ် ရည်းစားဟောင်းပါပြီးခဲ့ပါပြီ☺️"
☁️ရည်းစားဟောင်းငါကအချစ်ဦးမဟုတ်ဘူးလား☁️
"ချစ်သွားရအောင်ေလလာကိုယ့်ပေါ်ပြန်တက်"
သူမချစ်ခဲ့သူကမျက်နှာများတဲ့လူလားသူမဒီလောက်မျက်စိအောင်ကအပျောက်မခံပဲလိုက်ကြည့်နေခဲ့တာဘာတဲ့ရည်းစားဟောင်းတဲ့လား
"ဝါးအသေသတ်ချင်လိုက်တာ"
"ဟမ်းချစ်ဘာပြောလိုက်တာလဲ"
"ဟာနူးဒီလောက်ငါနင့်ကိုကျောငိးတုန်းကမျက်စ်အောက်ကအပျောက်မခံပဲလိုက်လိုက်ချောင်းနေခဲ့တာနင်ကဘယ်အချိန်ကရည်းစားထားလိုက်တာလဲပြော"
"ဟို ဒီလို ဘာမှမဟုတ်ဘူးရည်စားလည်းမဟုတ်ပါဘူး သူတို့အိမ်ကကောင်လေးခေါ်လာခိုင်းတော့သူကလည်းရည်းစားမရှိတာနဲ့ကိုယ်ကသူ့ရည်းစားအနေနဲ့ဟန်ဆောင်.."
"လာလိမ်မနေနဲ့!!!!!"
" ချစ်မလိမ်ပါဘူးကွာ"
"ဒါဆိုဘာလို့ရည်းဟားေဟာင်းလဲပြော ဒီလိုဟန်ဆောင်တာရည်းစားမှမဟုတ်တာ ဒီအတိုင်းဒီအတိုင်းဘာမှမဟုတ်ဘူးလေ"
"ဟုတ်ပါတယ်ချစ်ရယ်ဟန်ဆောင်ကာလကကြာတယ်ချစ်ရဲ့တစ်ပတ်အတွင်းကြာအောင်တွဲပြရတယ်ကလေးရဲ့ယုံကြည်ဖို့အပြတ်အသတ်ဟန်ဆောင်ပြရတာအဲ့လိုအသုံးနှုန်းတော့ဝင်သွားတယ် ဒါပေမယ်ချစ်စိတ်မပူပါနဲ့သူကLGBTပါကလေးရဲ့သူကကောင်မလေးကြိုက်တာကောင်လေးကြိုက်တာမဟုတ်ဘူး"
"အဲ့လိုရှိတာလား🤨"
"အွန်း😔😥"
"ထားပါေတာ့ ချစ်လို့ယုံလိုက်မယ်နော်"
"ယုံပါချစ်လေးရယ်"
"အွန်းအွန်း"

KAMU SEDANG MEMBACA
Crush
Fantasiအချစ်ကိုကိုးကွယ်ပြီးဘယ်အရာကိုမှဂရုမစိုက်တက်တဲ့ကောင်မလေးကင်နာမီ သူမရဲ့ချစ်ရတဲ့crushဖြစ်သူမင်ဟာနူး၊အချိန်ကာလကူးပြောင်းသွားခဲ့ပြီးသူမရဲ့crushဖြစ်သူကသူမရဲ့ခင်ပွန်းဖြစ်လာတဲ့အချိန်မှာ။သူမရဲ့အိမ်ထောင်ရှင်မကောင်းဘဝကိုဘယ်လိုတွေတာဝန်ယူရမလဲသူမရဲ့ယောကျာ်းဖြစ်လာ...