2.7K 152 7
                                    

말도 안 돼 어쩜 이리 예쁜 사람이 세상에 있나?
ဘယ်လိုဖြစ်ပြီး ဒီလောက်လှတဲ့လူက
လောကကြီးမှာရှိနေရတာလဲ?

ဒီနေ့ကျောင်းကိုနောက်ကျပြီးရောက်လာတဲ့ ဂယူဘင်းက လိုက်ကာနားမှာရပ်နေတာ မိနစ်ပိုင်းလောက်ရှိပြီဖြစ်တယ်။ လိုက်ကာကိုတစ်ချက်ကြည့်လိုက်၊ ခုံပေါ်မှာမှောက်အိပ်နေတဲ့ချွမ်ရွေ့ကိုကြည့်လိုက်နှင့် အလုပ်ရှုပ်နေခြင်းဖြစ်တယ်။

နို့နှစ်ရောင်ဖြူအုအုမျက်နှာလေးပေါ်မှာ ရောက်နေတဲ့နေရောင်ကြောင့် မျက်နှာလေးက ပိုလင်းလက်နေသလို။ နေရောင်ထိုးနေတာတောင် အိပ်နေရာကနေ နိုးမလာတော့ ချွမ်ရွေ့ ညက ဘယ်လောက်တောင် အိပ်ရေးပျက်ခဲ့တာလဲလို့တွေးမိသွားတယ်။

အခန်းထဲကို ဆူဆူညံညံ၀င်လာတဲ့ ကျောင်းသားတချို့ကြောင့်သာ ကျောက်ရုပ်လိုရပ်နေမိရာကနေ ဂယူဘင်း အသိ၀င်လာတော့တယ်။လိုက်ကာကိုဆွဲပေးလိုက်တော့ မျက်နှာပေါ်ကျနေတဲ့ နေရောင်ပျောက်သွားသည့်တိုင်မျက်နှာလေးကတော့ ကြည်လင်နေဆဲ။

ချွမ်ရွေ့ရဲ့မျက်လုံးလေးတွေပွင့်လာပြီး ဂယူဘင်းကိုကြည့်လာတယ်။ မျက်တောင်လေးတွေတဖြတ်ဖြတ်ခတ်ရင်းကနေ နှုတ်ခမ်းထောင့်စွန်းလေးတွေကော့တက်သွားအောင်ထိ ဂယူဘင်းကိုပြုံးပြတယ်။

ဂယူဘင်းရဲ့ကမ္ဘာကြီးတစ်ခုလုံးလင်းလက်သွားတယ်။အပြုံးလေးကြောင့် ထပ်တိုးကြည်လင်နေတဲ့မျက်နှာလေးကိုငေးကြည့်နေရာကနေ ချွမ်ရွေ့ကို ဂယူဘင်းလည်း ပြုံးပြလိုက်တယ်။

နေ့တစ်နေ့ဟာ မနက်ခင်းကတည်းက စိတ်ကြည်စရာကောင်းနေပါရော့လား.....။

_____________________

"အိမ်စာတွေ မနက်ဖြန်ထပ်ဖို့မမေ့ပါနဲ့ ကလေးတို့။
ဒါဆို ဒီနေ့ဒီလောက်ပါပဲ...။ အိမ်ကိုတန်းတန်းမတ်မတ်ပြန်ကြပါကလေးတို့...."

ဆရာမဆီက နောက်ဆုံးစကားကြောင့် အတန်းသားအကုန်လုံး ပြုံးဖြီးဖြီးဖြစ်ကုန်ကြတယ်။ ဆရာမကတော့ သူ့ကလေးတွေအကြောင်းသူအသိဆုံးဆိုတဲ့ မျက်နှာပေးနဲ့ အတန်းထဲကထွက်သွားတယ်။

"ချွမ်ရွေ့"

ဂယူဘင်းရဲ့ခေါ်သံကိုကြားတော့ ချွမ်ရွေ့က အနောက်ကိုလှည့်ကြည့်လာတယ်။ နေကြာပန်းခင်းဆီက ဖြတ်သန်းလာတဲ့ လေတစ်ချို့ဟာ ချွမ်ရွေ့ရဲ့ ဆံပင်လေးတွေကို ကပိုကရိုဖြစ်သွားအောင်ဖြတ်တိုက်သွားတာမို့ ရှေ့ဆံပင်တွေ မျက်လုံးထဲမ၀င်အောင် ချွမ်ရွေ့က လက်ညှိုးလေးနဲ့ဖယ်လိုက်တယ်။

အနောက်နေက နေရောင်သည် ချွမ်ရွေ့မျက်နှာပေါ်ကို ကျနေပြန်သည်။ ဂယူဘင်း စကားမပြောခင် သက်ပြင်းတစ်ချက်ကို ချွမ်ရွေ့မကြားအောင်ခိုးချလိုက်ရသည်။ ဒီလိုမျိုး အချိန်တိုင်းလှနေတော့ ဂယူဘင်းနှလုံးသားလေးတော့ ခက်ရချည်ရဲ့....။

လက်ထဲက Physics စာအုပ်ကို ချွမ်ရွေ့လက်ထဲထည့်ပေးလိုက်ပြီး

"မင်း ကျန်နေခဲ့လို့..."

"မနက်ဖြန် အိမ်စာထပ်ရမယ်လေ.."

နောက်ဆုံးစကားကိုတော့ ဂယူဘင်း လေသံတိုးတိုးနဲ့

"ကျန်နေလို့မဖြစ်တာကို..."

ချွမ်ရွေ့က အပြုံးနုနုလေးနဲ့ ဂယူဘင်းနှလုံးသားလေးကို လာတိုက်ခိုက်ရင်း လေသံငြိမ်ငြိမ်လေးနဲ့

"အာ....ကျေးဇူးပဲနော်....ဂယူဘင်းနား~"

ထပ်ပြီး ချွမ်ရွေ့က ခေါင်းကိုငုံ့ပြီး ဂုတ်ထိလုဆဲ ဆံပင်လေးတွေကို လက်နဲပွတ်ရင်း

"မဟုတ်ရင်...မနက်ဖြန်ကျ အတန်းရှေ့တစ်ချိန်လုံး မတ်တပ်ရပ်နေရတော့မှာ..."

ဟုတ်ပါတယ်။ ဂယူဘင်းက အဲ့လိုမဟုတ်ရင်တောင် စာအုပ်ကို ချွမ်ရွေ့ဆီလာပေးမှာပါပဲ။ အဝေးကငေးကြည့်နေရတဲ့ အချိန်တွေကို ဂယူဘင်းက သဘောမကျသည်မို့ ချွမ်ရွေ့နဲ့နီးစပ်အောင် တစ်နည်းမဟုတ်တစ်နည်း သူကြိုးစားနေမည်သာဖြစ်သည်။

🎧: IKON- For Real

Pretty Boy [GyuRicky]Where stories live. Discover now