1.6K 142 21
                                    

오늘만큼은 나에게 달려와
ဒီနေ့တော့ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ဆီပြေးလာခဲ့ပြီး
Love me now
ကိုယ့်ကိုချစ်ပေးပါတော့

ချွမ်ရွေ့ ဂယူဘင်းကို ရှောင်နေတာ ထိုနေ့ကတည်းကဆို သုံးရက်ရှိပြီဖြစ်သည်။ လမ်းမှာထိပ်တိုက်တွေ့ရင်တောင်မှ နာမည်တောင်ခေါ်ခွင့်မပေးဘဲ လှစ်ခနဲပြေးထွက်သွားတတ်တဲ့ ချွမ်ရွေ့ကို ဂယူဘင်းဘယ်လိုရှင်းပြရပါ့? မဖြစ်တော့ပါ။ ဒီလိုဆို သူတို့နှစ်ယောက် အပြတ်ပြတ်နှင့် လမ်းလွဲသွားကြတော့မည်ဖြစ်သည်။

ချွမ်ရွေ့ရဲ့အိမ်အပြန်လမ်းကို ဂယူဘင်းနောက်နေခပ်ခွာခွာလိုက်လာခြင်းဖြစ်တယ်။ နာမည်ခေါ်လိုက်မိရင်လည်း ချွမ်ရွေ့ကရှောင်ပြေးသွားအုံးမည်ဖြစ်သည်။

ချွမ်ရွေ့ခြေလှမ်းတို့ရပ်တန့်သွားတော့ ဂယူဘင်းမှာ ချွမ်ရွေ့မမြင်အောင်ပုန်းလိုက်ချိန်မရပါပေ။

"ဂင်မ်ဂယူဘင်း.......ငတုံး!"

"ဟောဗျာ"

"မင်း ငါ့ကိုကြိုက်နေတာ တစ်လောကလုံးသိတယ်ကွ!"

"ချွမ်ရွေ့...."

ချွမ်ရွေ့က ဂယူဘင်းရပ်နေတဲ့နေရာထိ လမ်းပြန်လျှောက်လာပြီး ဂယူဘင်းလက်ကိုဆွဲကာ အနီးအနားက ဆံပင်ညှပ်ဆိုင်အနောက်ကလမ်းကြိုလမ်းကြားလေးထဲကိုခေါ်သွားတယ်။

အဆောက်အအုံပျက်နှစ်ခုရဲ့ နံရံကြားထဲထိသူတို့ရောက်သွားတယ်။ နှစ်ယောက်ကြားမှာ လေတိုးစရာပင်မရှိသည်မို့ ဂယူဘင်းရဲ့ရင်ခုန်သံတွေကို ဂယူဘင်းကိုယ်တိုင်ကြားနေရတယ်။ ချွမ်ရွေ့လည်းကြားနေမည်သာဖြစ်သည်။

"ချွမ်ရွေ့....ငါက မင်းကိုသဘောကျပေမယ့် မင်းမှာသဘောကျနေတဲ့လူရှိနေတယ်လို့ ငါ့နားနဲ့ဆက်ဆက်ကြားလိုက်တာမလို့"

"မင်းဆီက စိတ်ဖြတ်ချင်လို့ အဲ့နေ့က အဲ့လိုပြောလိုက်မိတာပါ"

ချွမ်ရွေ့ကမျက်ခုံးတွေတွန့်ချိုးလိုက်ပြီး သက်ပြင်းချတယ်။

"မင်းကွာ.....ဒီလိုတုံးတဲ့လူကို ငါဘယ်လို ရည်းစားတော်ရမှာလဲ?"

"နေ့တိုင်း စတော်ဘယ်ရီအူယူဘူးတွေလာထားတာမင်းမှန်းငါသိတယ်။ Valentine Day တိုင်း ချောကလက်တွေလာပို့တာလည်း မင်းပဲမလား? စာသင်ရင် ရှေ့ကစာတောင်အာရုံမရောက်နိုင်ဘဲ ငါ့ကိုပဲခိုးခိုးကြည့်နေတဲ့ မင်းရဲ့အကြည့်တွေ ငါက နားမလည်ဘဲနေပါ့လား....ဂယူဘင်းရယ်"

Pretty Boy [GyuRicky]Where stories live. Discover now