"ချွမ်ရွေ့ကော....ညီမ့ကိုပြန်ချစ်ပေးပါ့လား?"
ထမင်းစားချိန်ပြီးလို့ အခန်းထဲကိုပြန်လာတဲ့လမ်းမှာ ကြားလိုက်ရတဲ့ အသံကြောင့် ဂယူဘင်းခြေလှမ်းတို့ကိုရပ်လိုက်ရတယ်။ ခြေသံကိုခပ်ဖွဖွလျှောက်လိုက်ပြီး ရေစက်နားမှာရပ်နေတဲ့ ချွမ်ရွေ့နဲ့ ကောင်မလေးတစ်ယောက်။
ချွမ်ရွေ့က အားနာနေဟန်မျက်၀န်းတွေနဲ့ ကောင်မလေးကို တွေတွေလေးကြည့်နေတော့ ဂယူဘင်းရင်ထဲ တစ်မျိုးဖြစ်သွားရတယ်။ နံရံနောက်က ချောင်းကြည့်နေရင်းကနေ ဂယူဘင်း ထိုကောင်မလေးနဲ့ ချွမ်ရွေ့ကြားကို သွားရပ်လိုက်ချင်တယ်။ သို့ပေသည့် မဖြစ်သေးပါ။ ထို့ကြောင့် ငြိမ်ငြိမ်လေးပဲ ထိုနေရာမှာတင် အသက်အောင့်ရင်း ရပ်နေလိုက်ရတယ်။
"တောင်းပန်ပါတယ်....ကောဆီမှာ သဘောကျရတဲ့လူရှိနေတာမို့...."
ကောင်မလေးကအငြင်းခံလိုက်ရသည်မို့ နေရာကနေထွက်ပြေးသွားတယ်။
ရပ်နေရာကနေ ကမ္ဘာကြီးချာချာလည်သွားတာကတော့ ဂယူဘင်းသာဖြစ်တယ်။
ဘယ်လို? ချွမ်ရွေ့ဆီမှာ သဘောကျတဲ့လူရှိနေတာပေါ့။ ဘယ်ကတည်းကလဲ? ဘယ်သူလဲ?စသည်ဖြင့် question mark တွေတန်းစီနေတဲ့ ဂယူဘင်းခေါင်းထဲက အဖြေတွေကို ဘယ်သူလာဖြေပေးမှာတဲ့လဲ.....။"ဂယူဘင်းနား.."
ရင်ဘတ်ထဲမွန်းကြပ်လာပြီး လည်ချောင်းထဲစို့တက်လာသည်မို့ ရပ်နေရာကနေ ထွက်သွားဖို့ ပြင်လိုက်ဆဲမှာပဲ ချွမ်ရွေ့ရဲ့ခေါ်သံကိုကြားလိုက်ရတယ်။ မဖြစ်ဘူး။ အခုလိုအခြေအနေမျိုးကြီးနဲ့ ဂယူဘင်းက ချွမ်ရွေ့ကို ဘယ်လိုရင်ဆိုင်နိုင်မှာတဲ့လဲ?
ချွမ်ရွေ့ရှိရာဘက်ကို မျက်နှာမလှည့်ခင်မှာဘဲ မျက်အိမ်ထဲက မျက်ရည်အချို့က စီးကျလာတယ်။
လုံး၀ကိုအကျိုးနည်းတာပဲ။ ချွမ်ရွေ့က ဂယူဘင်းရှေ့မှာ လာရပ်တော့ ဂယူဘင်းမျက်နှာကိုငုံလိုက်ရတယ်။ဒါပေမယ့်အလုပ်မဖြစ်လိုက်ပါဘူး။ သူငိုနေတာကို ချွမ်ရွေ့ကသတိထားမိသွားပါတယ်။
"အယ်....ဂယူဘင်းနား...."
"ဘာလို့ငိုနေတာလဲဟင်?"
တုန်ရီနေတဲ့ချွမ်ရွေ့ရဲ့အသံကြောင့် ဂယူဘင်းပိုလို့စိတ်မကောင်းဖြစ်သွားတယ်။
YOU ARE READING
Pretty Boy [GyuRicky]
Fanficဘယ်လိုဖြစ်ပြီး ဒီလောက်လှတဲ့လူက လောကကြီးမှာရှိနေရတာလဲ? Kim Gyuvin X Shen Quanrui