1.4K 141 22
                                    

예쁜 말
စကားလုံးလှလှလေးတွေ
모두 모아서 따가 주고 싶은데
အကုန်လုံးစုပြီး မင်းကိုပြောပြပေးချင်ပေမယ့်
너⁴ 앞에 서면 자꾸 들어가는 말
မင်းအရှေ့ကိုရောက်ရင်
ခဏခဏမေ့သွားတတ်တဲ့စကားလေး
너 예쁘다
မင်း တကယ်လှတယ်

"ဂယူဘင်းနား"

တိုက်ကွမ်ဒိုကလပ်ဘက်ကို သွားနေရင်းက ချွမ်ရွေ့အသံလေးကို ကြားလိုက်ရတော့ ဂယူဘင်းခြေလှမ်းတို့ကိုရပ်လိုက်ပြီး အနောက်ကိုလှည့်ကြည့်မိတယ်။

လက်ထဲမှာစာအုပ်တွေတပွေ့တပိုက်နဲ့ ချွမ်ရွေ့။
ကျောက်ရုပ်လိုရပ်ရင်း ငေးနေမိရာကနေ ချက်ချင်းပဲ ချွမ်ရွေ့ဆီကို ဂယူဘင်း ပြေးသွားလိုက်ပြီး လက်ထဲက စာအုပ်တွေကို ယူလိုက်တယ်။

"ဘယ်သူက စာအုပ်တွေ အများကြီးကို တစ်ယောက်တည်း သယ်ခိုင်းလိုက်တာလဲ?"

ဂယူဘင်းရဲ့ မောဟိုက်နေတဲ့အသံအဆုံးမှာ ချွမ်ရွေ့အသံလေးက ထွက်လာတယ်။

"အာ...ဟို....အတန်းခေါင်းဆောင်က သူ သွားစရာနေရာလေးရှိလို့ဆိုလို့..အဲ့ဒါနဲ့ပဲ"

"လိုက်ပို့မယ်...ဆရာနားနေခန်းဆီပဲမလား..."

"အွန်း"

ချွမ်ရွေ့ရဲ့ စိတ်ထားလှလှလေးကို လူတွေက အမြဲ အဲ့လိုပဲ တလွဲအသုံးချနေကြတာ! ဂယူဘင်းတွေးရင်းကနေ အတန်းခေါင်းဆောင်ဆိုတဲ့လူကို မျက်စိထဲမြင်လာသည်မို့ မျက်ခုံးတွေတွန့်ချိုးမိသွားတယ်။

"အာ...ပြောဖို့မေ့တော့မလို့...."

စာအုပ်တွေအကုန်ကို သူ့လက်ထဲမှာပဲ သယ်ထည့်ထားတဲ့ဂယူဘင်းက ချွမ်ရွေ့ကိုငဲ့ကြည့်တယ်။ ကြည့်နေရင်းက ချွမ်ရွေ့ရဲ့ မျက်တောင်ရှည်ရှည်လေးတွေဆီကို အကြည့်ပို့မိတော့ ဘယ်ဘ၀က ကုသိုလ်တွေကြောင့် အသေးစိတ်ကအစလှနေရတာလဲဆိုပြီး ဂယူဘင်းတွေးမိပြန်တယ်။

"ဂယူဘင်းနား....ငါ့ကိုကြည့်မနေဘဲ ရှေ့ကိုကြည့်လျှောက်ပါ"

"မတော်လို့ လဲသွားမှဖြင့်..."

ချွမ်ရွေ့ရဲ့ စိတ်ပူသံတိုးလျလျမှာ ဂယူဘင်းနှလုံးသားလေး အရည်ပျော်ကျသွားရတယ်။ ပြီးတော့ ရှက်စိတ်ကြောင့် ဂယူဘင်းကတော့ သေးသေးလေးဖြစ်ပြီး ပျောက်ကွယ်သွားချင်နေပြီ။သို့ပေသည့် ပျောက်ကွယ်သွားလို့မဖြစ်သေးပါ။ ချွမ်ရွေ့ကို ချစ်နေရဦးမည်လေ။

Pretty Boy [GyuRicky]Where stories live. Discover now