Brown Cliff - 1

5.3K 432 20
                                    

*Brown Cliff က long fic အနေနဲ့ plot ချထားပြီးမှ campaign လုပ်ချင်တာနဲ့ mini fic အနေနဲ့ ဖြုတ်ချရေးခဲ့လိုက်တာပါ။ ဖတ်ရတာ အဆင်မပြေဖြစ်ခဲ့ရင် ပါဝင်ပေးခဲ့သူအားလုံးကို လေးငယ်က တောင်းပန်ပါတယ်နော်။*

xxxxxxxxxxxxxxxxx


သူသည် ဘယ်လိုအခြေအနေမှာမဆို အညိုရောင်ချောက်ကမ်းပါးစွန်းမှာရပ်လျက် ပို၍ညိုမှောင်သော ချောက်နက်ကြီးထဲသို့ ခုန်ချရန် မတွန့်မဆုတ် အမြဲအဆင်သင့် ဖြစ်နေတတ်ခဲ့လေသည်။

----------------------

ထိုအိမ်ကို ရိပေါ် ကြည့်နေသည်မှာ အတော်ကြာပြီဖြစ်သည်။ ဒီနေ့တစ်ရက်တည်းအနေနဲ့ပြောရင် တောင် နာရီပေါင်း အတော်များနေပြီ ဖြစ်လေသည်။ ရိပေါ်တို့မိသားစု ဒီရပ်ကွက်ကို ပြောင်းရွှေ့ လာတာ တစ်ပါတ်ကျော်ရှိပြီဖြစ်သည်။ ထိုရက်တွေပါ ထည့်တွက်လျှင် ရိပေါ် ထိုအိမ်ကို စပ်စုနေတာ ရက်တွေ နာရီတွေ အတော်ကြာနေပြီလို့တောင် ပြောလို့ရလေသည်။

ပါးပါးက ချုံချင်းရဲ့ အစိုးရရုံးကြီးတစ်ရုံးက ရာထူးအတန်အသင့်ရှိသူဖြစ်သည်။ အစိုးရပေးတဲ့ အိမ်ခန်းမှာ ပါးပါးရယ်၊ မားမားရယ် သူရယ် မိသားစု ၃ ယောက် နေနေရာမှ ပါးရဲ့ စုဆောင်းငွေနဲ့ အရစ်ကျပေးချေပြီး ဒီအိမ်ကို ဝယ်လိုက်ခြင်းဖြစ်သည်။

ရိပေါ်တို့အိမ်က နှစ်ထပ်တိုက်အိမ်လေးဖြစ်ပြီး သူက အပေါ်ထပ်အခန်းမှာနေတာဖြစ်သည်။ ပါးနဲ့မားက အောက်ထပ်မှာပဲနေတာကြောင့် အပေါ်ထပ်တစ်ထပ်လုံးက ရိပေါ်တစ်ယောက်တည်း အပိုင်လိုတောင်ဖြစ်နေသည်။

အပေါ်ထပ်လှေခါးကနေတက်လိုက်ရင်တွေ့ရတဲ့အခန်းကိုတော့ ရိပေါ်က လှေခါးနဲ့နီးလို့ သူ အိပ်ယာ ထနောက်ကျနေလျှင် မားမား လှမ်းခေါ်နှိုးလို့ရအောင်နီးနေသည့်အတွက် မရွေးချယ်ပေ။ Hall ခန်းလိုအခန်းကျယ်ကိုဖြတ်သန်းပြီးနောက် အခန်း ၂ ခန်းရှိရာ ပထမဆုံးတွေ့ရသည့်အခန်းမှာ သူနေဖို့ ဆုံးဖြတ်လိုက်သည်။ နောက်တစ်ခန်းကတော့ သူ့ရဲ့ စကိတ်ဘုတ်တွေ၊ ဘောလုံးတွေနဲ့ တစ်ခြား သူ့ရဲ့အားကစားပစ္စည်းအစုံထည့်ထားသည့် စတိုခန်းလုပ်ထားလိုက်သည်။

Brown Cliff (အညိုရောင်ချောက်ကမ်းပါး)Where stories live. Discover now