Brown Cliff - 4

4.3K 375 24
                                    

"ဦး"

အိပ်ယာထက်အသာချလိုက်တော့ ချာတိတ်ကသူ့ကိုပါ ပြန်ခွါမရအောင် ဆွဲဖက်ထားသည်။ ရှောင်းကျန့်က ချာတိတ်ရဲ့မျက်နှာလေးကို သေချာစူးစိုက်ကြည့်ရင်း ဆံနွယ်လေးတွေကို အသာသပ်တင်ပေးလိုက်သည်။

နဖူးပြောင်လေးကို နှုတ်ခမ်းတွေနဲ့ ဖိနမ်းလိုက်‌တော့ ချာတိတ်က သူ့လည်တိုင်ကို ဖက်သွယ်ထားရင်း

"ဦး ကို ချစ် တယ်" ဟု ထပ်ဆိုလာပြန်သည်။

ရှောင်းကျန့်က ချာတိတ်ရဲ့မျက်နှာနုနုလေးကို သူ့လက်ဖဝါးကြမ်းတွေနဲ့ ပွတ်သပ်နေမိသည်။ ထို့နောက် လည်တိုင်နားတိုးဝှေ့နမ်းရှိုက်ရင်း

"အခုအချိန် နောက်ပြန်ဆုတ်ချင်ရင် အချိန်မီသေးတယ်နော်"

"ဟင့် အင်း"

ရိပေါ်က ဦးကို အတင်းဖက်ထားရင်း ခေါင်းခါငြင်းဆန်နေမိသည်။

"ဦး ... ဦး ကရော ကျွန်တော့်ကို ဘယ်ကတည်းက ကြည့်နေတာလဲဟင်။ ဦး ကျွန်တော့်ကို ... ကျွန်တော့်ကို ချစ်လားဟင်"

ရိပေါ်က ဦးရဲ့ မျက်နှာကို သူ့လက်တွေနဲ့ ထိကိုင်ထားရင်းမေးတော့ ဦးမျက်လုံးတွေက ချိုလဲ့လဲ့လေးဖြစ်သွားပြီး နှုတ်ခမ်းတွေကလည်း ခပ်တွန့်တွန့်ပြုံးသွားသည်။ ရိပေါ်က ဦးရဲ့ အနည်းငယ်တောထနေပြီဖြစ်တဲ့ ပါးမြိုင်းမွှေးတွေကို ပွတ်သပ်ရင်း အသည်းယားလာတာကြောင့် နှုတ်ခမ်းကို အသာကိုက်ထားမိသည်။

ဦးက သူ့မေးခွန်းကို ပြန်မဖြေဘဲ သူ့နှုတ်ခမ်းတွေကိုသာ စူးစူးရဲရဲကြီးကြည့်နေသည်။ ထို့နောက် ဖိကိုက်ထားမိသည့် သူ့အောက်နှုတ်ခမ်းကို အသာပွတ်သပ်လို့ ဆွဲခွါလိုက်စေသည်။

ရှောင်းကျန့်က နှုတ်ခမ်းထွေးလေးတွေကို လက်မနဲ့ အတန်ကြာအောင် အထက်အောက် စုန်ဆန်ပွတ်သပ်နေရာက သူ စိတ်ကူးနဲ့ အကြိမ်ကြိမ်ပြစ်မှားနေခဲ့သော စိုရဲနေသည့် နှုတ်ခမ်းဖူးဖူး လေးနှစ်လွှာကို စုပ်ငုံနမ်းရှိုက်ပစ်လိုက်သည်။

"အွင့်"

အငမ်းမရ စုပ်နမ်းနေရင်း ရှောင်းကျန့်ရဲ့လက်တွေက ချာတိတ်ရဲ့ အင်္ကျီပွပွကြီးထဲ ဝင်ရောက်သွားပြီး ကျောပြင် ရင်ဘတ် ဝမ်းဗိုက်သားလေးတွေကို အတင်းဖျစ်ညှစ်ပွတ်သပ်နေလေသည်။

Brown Cliff (အညိုရောင်ချောက်ကမ်းပါး)Where stories live. Discover now