🌼Part 1🌼

3 1 0
                                    

လမ်းကြားလေးထဲကနေ စက်ဘီးလေးတစ်စီးဖြင့် အလုပ်လုပ်ဖို့ တက်ကြွတက်ကြွထွက်လာတဲ့ လွှမ်းရနံ့သင်း သည်ကောင်းကင်ကိုကြည့်ကာပြုံးနေသည်။

*ငါဒီနေ့အလုပ်ရမှဖြစ်မယ် *

ရုတ်တရက်ကားတစ်စီးဖြင့်ဝင်တိုက်မိသွားသည်။

"အ သေပါပြီ ငါ့အရိုးတွေတော့ကျိုးကုန်ပြီထင်တယ် အလုပ်ကမရသေးဘူးဆေးစရိတ်ကပေးရတော့မယ််"

ကားကတော့မောင်းထွက်သွားလေပြီ လွှမ်းရနံ့သင်း ကတော့စိတ်ထဲကနေဆဲဆိုနေတော့သည်။

*ဟာကြည့်စမ်း အတိုက်ခံရတဲ့လူကိုပြန်တောင်မကြည့်ဘဲ မောင်းထွက်သွားတယ် *

ထော့ကျိုးထော့ကျိုဖြင့်စက်ဘီးလေးကိုထောင်ကာCompanyကိုရောက်လာခဲ့သည်။

"ဟဲ့နင်ဘယ်တွေသွားနေတာလည်း ငါနင့်ကိုစောင့်နေတာကြာပေါ့"

လွှမ်းရနံ့သင်း ရဲ့တစ်ဉီးတည်းသောငယ်သူငယ်ချင်း မြရောင်ချယ်ကအလုပ်အင်တာဗျူးအတွက် လွှမ်းရနံ့သင်း ကိုစောင့်နေတာကြာပြီဒါပေမဲ့ရောက်မလာသေးတဲ့သူငယ်ချင်းကိုစိတ်ပူတာရော ဒေါသထွက်ကာ ပါပေါင်းပြီးငေါက်လိုက်ချင်းဖြစ်သည်။

"နင်ကလည်းဟာ ထော့ကျိုးထော့ကျိုးနဲ့ရောက်လာတဲ့သူကို စိတ်တောင်မပူဘဲ လာအော်နေတယ်"

"အေးလေ အော်မှာပဲ ဘာဖြစ်လည်း ငါနင့်ကိုစောင့်နေတာကြာပြီ ငါအလှည့်အင်တာဗျုးဖို့ကျတာတောင် နင့်ကိုပထမဆုံးအင်တာဗျုးပါစေဆိုပြီ အကျော်ခံလိုက်တာ "

"နင့်ဘာနင်ကျော်ပြီးတော့."

"ဟာ"

"တော်ပြီ ငါ့ကိုစိတ်မပူတဲ့သူငယ်ချင်းကိုစကားမပြောတော့ဘူး"

*သူကပဲစိတ်ဆိုးရတယ်ရှိသေး*

ညနေအိမ်ပြန်လမ်းတွင် အခုထိစိတ်ဆိုးမပြေသေးတဲ့ သူငယ်ချင်းကိုဘယ်လိုချော့ရမလည်း မြရောင်ချယ်တစ်ယောက်စဉ်းစာနေသည်။

"ရနံ ရယ်စိတ်ဆိုးမနေနဲ့တော့ ကလေးလည်းမဟုတ်ဘူး"

"ဟွန့်"

မြရောင်ချယ်ခဏစဉ်းစားလိုက်ကာ အိတ်ထဲမှ တစ်ခုခုကိုထုတ်လိုက်ပြီး လွှမ်းရနံ့သင်း ရဲ့ မျက်နှာရှေ့မှာပြလိုက်သည်။

အနှာဂတ်ချစ်သူWhere stories live. Discover now