"မြ မြရောင် နင်ဘယ်လိုလုပ်."
"ငါလား ငါဘာလို့ဒီရောက်နေရတယ်ဆိုတဲ့အကြောင်းရင်းကို ငါပြောစရာတောင်မလိုဘူး"
"ဟမ် ငါကနင်ပြောမှသိမှာပေါ့ဟ"
" ဟူးးးး ပြောပြမယ် ဒါဆိုလည်း နင်ငါ့မွေးနေ့တုန်းက ရုတ်တရက် ပြန်သွားတယ်လေ ဘယ်သွားမှာလည်းတောင်ပြောမသွားဘူး ပြီးတော့ အဲ့နေ့က ငါဘဲ ကုန်ကျတာတွေရှင်းလိုက်ရတယ်."
"အဲ့တာတော့ sorry ပါဟာ ငါလည်း.. "
"တော်ပြီတော်ပြီ ရော့..."
"ဒါဘာလည်း"
မြရောက်ချယ်ကလွှမ်းရနံသင်းဆီတစ်ဖြည်းဖြည်းတိုးလာကာ ဘူးလေးတစ်ဘူးကိုပေးလိုက်သည်။ လွှမ်းရနံ့သင်း ကတော့ ထိတောင်မထိ..
"နင်ကလည်း ဒုံးဝေးလိုက်တာ ဒါက ကိတ်မုန့်လေးပါဟာ ငါအိမ်မှာလုပ်လာခဲ့တာ မြည်းကြည့်."
ကိတ်မုန့်ကိုထုတ်ရင်း တတွတ်တွတ်ပြောနေတဲ့ မြရောင်ချယ်ကို ကြည့်ပြီးတော့ ကိုယ့်ခေါင်းကိုတောင်ပြန်ကုပ်နေရသည်။ဘာကြောင့်လည်းဆိုရင် မြရောင်ချယ် ကမီးဖိုချောင်ဝင်ရသောအလုပ်ကိုအရမ်းမုန်းသည်။ ငယ်စဉ်ကတည်းကလည်း ရွှေဇွန်းကိုက်ပြီးမွေးဖွားလာသူမလို့ကြောင့်လည်းပါသည်။ အခုလိုရုတ်တရက်ကြီး ကိတ်မုန့်လုပ်လာတယ်ဆိုတော့ မြရောင်ချယ်ရောဟုတ်ပါသေးရဲ့လား ဆိုပြီးပြန်တွေးနေသည်။
မြရောင်ချယ်က ကိတ်မုန့်ကိုတဇွန်းခတ်ယူလိုက်ပြီးလွှမ်းရန့ံသင်းကိတ်မုန့် ခွံ ကျွေးလိုက်သည်။ နောက်တဇွန်းထပ်အခွံ့တွင် မြရာက်ချယ်ရဲ့လက်ကိုတွန်းထုတ်ပစ်လိုက်တဲ့လက်တစ်စုံကြောင့် လွှမ်းရနံ့သင်း က ထိုလက်ပိုင်ရှင်ကို ကြည့်လိုက်တဲ့အခါ မင်းဇာမဏီ ဖြစ်နေမှန်းသိသွားသည်။
"ရှင် ဒါဘာလုပ်တာလည်း ပြီးတော့ရှင်က ဟိုတစ်လောကပျောက်သွားတဲ့သူမလား!!"
"ဒီ မေးခွန်းက ငါမေးရမယ့်မေးခွန်းပါ မင်းဒါဘာလုပ်တာလည်း!!!"
"ဘ ဘာလုပ်လို့လည်း ကျွန်မသူငယ်ချင်းကိုမုန့်ကျွေးနေတာလေရှင်မမြင်ဘူးလား"
" ဟက် မုန့်ကျွေးနေတာ. ဟုတ်လား ဒီထဲမှာဘာတွေထည့်."
"မင်းဇာမဏီ ကျွန်တော် ပူ ပူတယ်"
YOU ARE READING
အနှာဂတ်ချစ်သူ
Romanceရုတ်တရက်တွေ့ဆုံမူလေးကနေဖြစ်ပေါ်လာတဲ့အချစ်တခုလေးနဲ့စတင်ခဲ့ပြီး ထိုအချစ်လေးက ဒီဘဝအတွက် အချိန်အနည်းငယ်သာ တည်တံခဲ့သော ဇတ်လမ်းလေးတစ်ပုဒ်