🌼part 6🌼

4 1 0
                                    

"မင်းတို့တွေ အိမ်မှာနေခဲ့. "

"ဗျာ..ဘာလို့လည်း Bossကလည်း .."

"မင်းတို့ ဒီလက်ကပုံစံနဲ့ လိုက်ရဲမှာတဲ့လား ဇေပိုင်ကအသာထားအုံး  ရှင်းနိုင်မင်းက ဒီပုံစံနဲ့လိုက် ပြီးရင် ရှက်ရမ်းရမ်းအုံးမယ်."

"ဟီးဟီး ဟုတ်သားဘဲ.. "

သောက်လက်စကော်ဖီခွက်ကို ချထားလိုက်ပြီး မြည်နေသောဖုန်းကိုကိုင်လိုက်တော့

📱****

အသံတစ်ခုကိုကြားတော့ ဖုန်းကိုကျစ်ကျသ်ပါအောင် ဆုပ်ကိုင်ပြီး တစ်နေရာသို့သွားကာ

📱မင်း!

📱Babyကလည်းကွာ လွမ်းလို့ဖုန်းဆက်တာကို မဆက်ရတာလည်းကြာပြီဆိုတော့လေ.

📱မင်းနဲ့ငါနဲ့အဲ့နေ့ကတည်းဇာတ်လမ်းအဆုံးသတ်သွားပြီဆိုတာမင်းသိသင့်တယ်

📱အော်ဟုတ်သားမေ့နေတာ ဒါပေမဲ့ ကိုယ်ကပြန်စချင်နေတာ အဲ့ဒါကြောင့် ဆူးငြောင့်ခလုတ်တစ်ခုကိုဖယ်ပစ်နေတာဖယ်လို့မရဘူးကွာကိုယ်ဘယ်လိုလုပ်ရမလည်းပြောပါအုံးဇာမဏီ လေးရာ...

📱မင်းသူ့ကို ထိရဲထိကြည့်!!!

📱ကိုယ်ကမထိပါဘူးသူ့ကိုသေမင်းဆီကိုရောက်အောင်ဘဲတန်းပို့ပေးမှာ...

"ခွမ်း"

"တောက်စ်!!"

*မောင့်ကို ကိုကိုကာကွယ်ပေးမှာ မောင့်ကိုသူထိလို့မရစေရဘူး*

"ကိုကို့!"

သူ့ဆီကို အလောတကြီးပြေးလာတဲ့ လွှမ်းရနံ့သင်း ရဲ့မျက်နှာက စောနတုန်းက ဖုန်းကိုလွှင့်ပစ်လိုက်တဲ့အသံကြောင့် စိတ်ပူနေတာသိသာသည်။

"ကိုယ်ဘာမှမဖြစ်ပါဘူး ..."

"ဒါဆိုဘာလို့. "

"အော်ဟုတ်သား ရုံးသွားရမဲ့အချိန်နောက်ကျနေပြီဘဲ. "

စကားလမ်းကြောင်း လွှဲကာ ရှောင်ဖယ်တဲ့သူကို လက်ကိုဆွဲလိုက်ကာ

"ကိုကို မောင်မေးစရာရှိတယ်"

"ဟင်.."

"အမှန်တိုင်းသာပြောပေးပါ မောင့်ကို..."

အနှာဂတ်ချစ်သူWhere stories live. Discover now