🌼part 7🌼

3 1 0
                                    

"ကိုကို အဲ့တာဘာလည်းဟင်..."

လွှမ်းရနံ့သင်း မေးတာနဲ့ချက်ချက်ဘဲစာရွက်ကိုနောက်သို့အမြန်ဖွက်လိုက်ကာ

"ဘာမှမဟုတ်ပါဘူး မောင်ရဲ့...ဒါက ကုမ္မဏီက ကစာရွက်တစ်ခုပါ.."

"ဒါဆိုပြ.."

"ထားလိုက်ပါမောင်ရယ်... မောင်ဗိုက်ဆာနေပြီလား..ကိုယ်မောင်ကြိုက်တာလေးသွားလုပ်ပေးမယ်လေ.."

မျက်နှာညှိုးငယ်နေတဲ့ လွှမ်းရနံ့သင်းကဘာမှပြန်မဖြေဘဲ မင်းဇာမဏီကိုသာဖက်ပြီးခေါင်းလေးငုံ့နေသည်။

"ဘာဖြစ်လို့လဲ မောင်ရဲ့......."

"မောင်ဘာမှမစားချင်ဘူး အိပ်ချင်တယ် ကိုကို့ ကိုဖက်ပြီးတော့.."

ဝမ်းနည်းတဲ့အသံလေးနှင့်ပြောလာသော ချစ်ရသူလေးကို အနမ်းလေးတစ်ပွင့်ပေးလိုက်ကာ အိပ်ရာဆီသို့ဉီးတည်လိုက်ပြီး သူပါအိပ်ရာပေါ်လဲလျောင်းလိုက်သည်။

နောက်မှသတိရကာ

"မောင် ညနေဖက်ကြီးမအိပ်ရဘူး ဖျားလိမ့်မယ်.."

"မထဘူး အိပ်ချင်တာ.."

"ဖျားလိမ့်မယ် မောင် ထပါလို့ ကိုကိုပြောတဲ့စကားနားထောင်ပေးပါကွာနော် နော်.."

"မထောင်ဘူး.. "

အရစ်သန်လှတဲ့ သူကြောင့် စိတ်ရှည်ရှည် ထားဖို့က မင်းဇာမဏီအတွက်ဘာကြောင့်ခက်မှန်းမသိ ကိုယ်ဝန်ရှိနေလို့ဘဲလား...

"မထဘူးလား.."

"ထဘူး.."

"ထရင် အာဘွား ပေးမယ် မထရင် ကြက်တောင်မွေးစာကျွေးမယ်.."

"ဗြဲးး"

ထိုသို့ပြောလိုက်တာကို အိပ်နေရာကနေထထိုင်ပြီး အကျယ်ကြီးအော်ငိုနေတဲ့သူကြောင့်လက်ထဲက ကိုင်ပြီးသားကြက်တောင်မွေးတောင်အဝေးသို့ ပစ်လိုက်ရကာ

"ဟောဗျာ မငိုပါနဲ့ ကိုကိုကစတာပါ.."

"မစနဲ့ဟင့် သူများသားသမီးကို မယူရသေးဘဲအနိုင်လာကျင့်နေတယ် ဗြဲး"

"အနိုင်မကျင့်ဘာပါဘူးဗျာ.....နေပါဉီး မောင်ထူးဆန်းနေတယ် ဘာဖြစ်နေတာလည်း.. "

အနှာဂတ်ချစ်သူWhere stories live. Discover now