EP (16)

363 58 17
                                    

"ဆရာဘုန်းက တကယ် အဲလိုကြီးလား။ မထင်ရဘူးကွာ။ ကြက်သီးတောင် ထတယ်"

"အေး တကယ်ပါဆို။ ဟိုဘက်လမ်းက ထမင်းဆိုင်ကို သိတယ်မလား။ ခြေထောက်တစ်ဖက် မသန်တဲ့ အစ်ကိုကြီး ရောင်းတာလေ။ အဲတာ သူ့ယောက်ျား"

"စိတ်ပျက်စရာတွေ။ ဆရာလိုတောင် မခေါ်ချင်တော့ဘူး။ နောက်တစ်ခါ အနားကို အဲလူ လာရင် ဝေးဝေးက လစ်ရမယ်"

"ကိုဘုန်းကြီးကလည်း မင်းကို မကြွေပါဘူးကွာ။ သူကြွေတာ ဟိုဆိုင်က နုနုဖတ်ဖတ်လေးကွ။ ဟား..ဟား"

"ဟဲ့ နင်တို့နှစ်ကောင် ကိုယ့်ဆရာကို ပစ်မှားမနေနဲ့။ ဆယ်တန်းကို နှစ်ချင်းပေါက်ကျမယ်။ ဆရာ့ရဲ့ ဖြစ်တည်မှုက ဘယ်သူ့ကိုမှ ထိခိုက်မနေဘူး"

"အံမယ် ဂျပုမကများ ဆရာကြီး လာမလုပ်နဲ့"

"နင်တို့ နှစ်ကောင်တော့နော်... သေတော့မယ်"

"မင်းတို့ကို စာဖြေခိုင်းထားတယ်မလား။ ဘာလို့ ဆူညံနေတာတုံး"

မြတ်ရောင်ခြည်၏ အသံကို ကြားမှ တစ်ခန်းလုံး ငြိမ်ကျသွားသည်။ သဘောကောင်းသည့် သူတို့ဆရာက ယခုလို ဒေါသထွက်သည့် အသံဖြင့် ပြောလာချိန်ဆို ကျောင်းသားတွေ အကုန် ကြောက်ကြရပါသည်။

စာဖြေခိုင်းထားသည့် အတန်းက ဆရာဖြစ်သူ အပြင် ခဏလေး ထွက်သွားသည်နှင့် ဆူညံပွက်လောရိုက်နေကြသည်။ စာသင်ချိန်ဆို အပြင်ထွက်ခဲပေမဲ့ မေမေ့ထံမှ လာသည့် ဖုန်းကြောင့် စာခဏဖြေခိုင်းထားကာ အတန်းအပြင်သို့ ထွက်လာခဲ့ခြင်း ဖြစ်၏။

ထို့နောက် ဖုန်းပြောပြီး အတန်းထဲ ပြန်ဝင်လာတော့ ထင်ထားသည့် အတိုင်းပင်။ စကားသံမျိုးစုံဖြင့် ဆူညံနေကြ၏။ ထိုအချိန် ကြားလိုက်ရသည့် စကားများက မြတ်ရောင်ခြည်၏ ရင်ကို စူးအောင့်သွားစေ၏။ 

ကလေးတွေ ပြောနေကြသည့် ဆရာဘုန်းဆိုသည့် လူက သူ၏ သူငယ်ချင်းဖြစ်သူ ဘုန်းရောင်ခြည်ပင် ဖြစ်သည်။ လက်ထပ်ပြီးသည်နောက် ထမင်းဆိုင်လေးဆီ ပြောင်း၍နေရာမှ အစပြု၍ နှစ်ဦးသား၏ ပတ်သက်မှုက တစ်ဆင့်စကား တစ်ဆင့်ကြား၍ ကျူရှင်၌ ပျံ့နှံ့လာခဲ့သည်။

သစ်လွှမ်းရောင်ခြည်Where stories live. Discover now