EP (12)

333 60 37
                                    

"ငါ စက်ဝန်းနဲ့ လက်ထပ်တော့မယ် ရောင်ခြည်"

"ဘယ်လို"

လက်သူကြွယ်၌ ဝတ်ထားသည့် လက်စွပ်ကို ထောင်ပြကာ မျက်ခုံးတစ်ဖက်ပင့်၍ ပြောလာပုံက အောင်နိုင်သူကြီးကဲ့သို့နှယ်။ အိမ်သို့ ပြန်ရောက်ရောက်ချင်း ကြားလိုက်ရသည့် ထိုစကားကြောင့် မြတ်ရောင်ခြည်ခမျာ ရေတောင် အရင် သွားမသောက်နိုင်။ သူငယ်ချင်းဖြစ်သူ၏ ရှေ့သို့ သွားထိုင်လိုက်ရသည်။

"ငါမင်းတို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ရိပ်တော့ ရိပ်မိပါတယ်။ ဒါပေမဲ့ မင်းတို့ တွဲတာ တစ်နှစ်တောင် ပြည့်သေးရဲ့လား။ အခု လက်ထပ်တော့မယ်ဆိုတော့ မြန်လာချည်လား"

"မမြန်ပါဘူးကွာ။ ငါနဲ့ စက်ဝန်းတွဲတာ သုံးနှစ်ကျော်ပြီ။ တကယ်ဆို ဒီတိုက်ခန်းကို မပြောင်းခင်ကတည်းက ငါသူ့ကို ပိုးနေတာ။ အဲတာကြောင့်ပဲ သူနဲ့အနီးဆုံးနေရာကို ပြောင်းလာတာပေါ့"

သူတို့သူငယ်ချင်းနှစ်ယောက် သည်တိုက်ခန်းကိုပြောင်းလာတာ လေးနှစ်ကျော်လို့ ငါးနှစ်တည်းတောင်ဝင်တော့မည်။ သည်နှစ်တွေ အတွင်း သကောင့်သားကပဲ အနေအထိုင် ပိရိသည်လား ဒါမှမဟုတ် မြတ်ရောင်ခြည်ဘက်ကပဲ အကဲခတ်ညံ့လွန်းသည်လား မသိ။ သုံးနှစ်ကျော်ပြီဖြစ်သည့် ဆက်ဆံရေးကို သူရိပ်မိတာ တစ်နှစ်တောင် မပြည့်သေးချေ။

"ဒါနဲ့ မင်းငါ့ကို တစ်မျိုးမမြင်ဘူးလား ရောင်ခြည်"

"ဘာကို တစ်မျိုးမြင်ရတာတုံး"

"ငါလက်ထပ်မဲ့သူက ယောက်ျားလေးတစ်ယောက်လေ"

"ဒီလို ဆက်ဆံရေးမျိုးတွေကို စစချင်း ကြားဖူးတုန်းကတော့ ထူးဆန်းတယ်လို့ မြင်မိတာပေါ့။ ငါ့ တစ်သက်နဲ့ တစ်ကိုယ်မှာ တစ်ခါမှ အဲလို မြင်ဖူး၊ ကြားဖူးတာမှ မဟုတ်တာ။ ဒါပေမဲ့ ..."

"အွန်း။ ဆက်ပါအုံး"

"သေချာ ပြန်စဉ်းစားကြည့်တော့လည်း ယောက်ျား၊မိန်းမဆိုပြီး ခွဲခြားထားတဲ့ ဖြစ်တည်မှုမျိုးကို ဖယ်ကြည့်လိုက်ရင် လူသားတစ်ယောက်က အခြားလူသားတစ်ယောက်အပေါ် မေတ္တာသက်ဝင်မိတာပဲမလား။ အဲလိုတွေးမိတော့ မင်းတို့က သာမန်လူသားနှစ်ယောက် ဆယ်သွယ်ထားတဲ့ သာမန်ဆံရေးပါပဲ"

သစ်လွှမ်းရောင်ခြည်Tempat cerita menjadi hidup. Temukan sekarang