Unicode
"ထယ်ယောင်ရေး ဟိုနားက ဝိုင်းကို ဒီခေါက်ဆွဲ ပန်ကန်လေး ချပေးပါဦး"
"ဟုတ်ကဲ့ အန်တီ "
ထယ်ယောင် ဂျွန်ရဲ့ အိမ်ကဆင်းလာကတည်းက သွားစရားမရှိတာကြောင့် ခြေဦးတည့်ရာသွားရင် သိမ့်ပြီးကျယ်ဝန်လှတဲ့ အဆောင်တော့မဟုတ် သူဟာနဲ့ သူတော့ သပ်သပ်ရက်ရက်ရှိတဲ့ အဆောင်ပေါ့ စားသောက်ဆိုင်နဲ့ တွဲ ဖွင့်ထားပြီး စားသောက်ကြတဲ့ လူတွေတော့ ခပ်များများရယ်။ကျွန်တော် ဒီကို ရောက်တော့ အဆောင်တွေက အားလုံးပြည့်သည်။သွားစရာမရှိတာကြောင့် ဘယ်နေရာပဲ ဖြစ်ဖြစ် နေပါမယ်လို့ဆိုတော့ ထိုအဒေါ်က သနားသွားတယ်ထင်တယ် အဆောင်ရဲ့ အပါ်ထပ် ထပ်ခိုးမှာ ရှိတာကြောင့် ပိုက်ဆံ မယူပဲ အလကားနေခိုင်းခဲ့သည် ထိုအဒေါ်က ဆွေးမျိုးမရှိတာကြောင့် ကျွန်တော်ကိုတော့။တော်တော်ခင်တွယ်သာ အခုဆို ဒီကိုရောက်တာ ၁ပတ်ပင်ပြည့်တော့မယ်။
"ထယ်ယောင်ရေး ဒီနေ့တော့ တော်တော် ပင်ပန်းတယ်မှတ်လား ?"
ထယ်ယောင်လူရှင်းသွားတာကြောင့် ခုနက စားထားတဲ့ ပန်ကန်များကိုသိမ်းက စာပွဲ ကိုရေစိုဝတ်ဖြင့်တိုက်နေသည်။
"မပင်ပန်ပါဘူး ဒေါ်လေးရဲ့ ကျွန်တော်ကိုလည် နေစရာပေးတယ် လုပ်အားခလဲ ပေးတာ ဒီလောက်သဘောကောင်းတဲ့ ဒေါ်လေးအတွက် အလုပ်လုပ်ပေးရတာပဲ မပင်ပန်းပါဘူး"
"အောင်မလေး စကားတွေ တက်နေလိုက်တာ ထယ်ယောင်လေးက နုနုနယ်နယ်လေးဆိုတော့ ဒါတွေ လုပ်နိုင်မယ်မထင်ပါဘူး အေး..."
ထိုသို့ဆိုကာ အဒေါ်ကြီးက မီးဖိုးချောင်ထဲဝင်ကာ ထယ်ယောင်စားဖို့ ပဲခေါက်ဆွဲကို ပြုတ်ပေးနေသည်။
"ကျွန်တော် ယောင်္ကျားလေးပါ ဒေါ်လေးရဲ့ သားခံနိုင်ရည်ရှိပါတယ် "
"ဟုတ်ပါပြီအေ ဒီမှာ ခေါက်ဆွဲ ပြုတ်ပေးထားတယ် ကျက်ရင် ချပြီး ကိုယ့်ဘာသာ လုပ်စားတော့ ထယ်ယောင်ရေး အဒေါ် လူရှင်းတုန်း ရေချိုးလိုက်ဦးမယ် "
"ဟုတ် ....ဒေါ်လေး"
...........
ထယ်ယောင်ပန်ကန်တွေအားလုံးဆေးပြီးခုနက ဒေါ်လေးပြုတ်ပေးထားတဲ့ ခေါက်ဆွဲ ကို ပန်ကန်ထဲ ထဲက ကောင်တာမှာပဲ ထိုင်စားနေသည်။