Unicode
"မင်း ရှာတွေ့လား လီယောင်"
တစ်ဖက်ကဖုန်းသံကိုနားစွန့်ရင် ဂျောင်ဂုထိုင်ခုံကထရပ်လိုက်သည်။
"မတွေ့သေးဘူးBoss"
"အင်း ဆက်ရှာထား နေရာအဆုံလိုက်ရှာ အဆောင် ရော တိုက်ခန်းတွေကို အကုန်လိုက်ရှာထား အကြောင်းထူးရင်ငါ့ကိုသတင်းပို့ကြားလား"
"ဟုတ်ကဲ့ Boss"
ဂျောင်ဂု ဖုန်းကို အလုပ်စာပွဲ ပစ်တင်လိုက်ပြီ စိတ်ရူပ်သလို ဆံပင်ဖွလိုက်သည်ဒီတိုင်းဆို ထယ်ယောင်ကို တွေ့ဖို့ အရမ်းကြာသွားမှာ ငါကိုယ်တိုင်ရှာမှ ဖြစ်မယ်မယ်ထင်တယ်။
.................
ထယ်ယောင် ဒီနေ့တစ်နေ့လုံးနေမကောင်ပြန်ဘူး မနေ့ဆေးသောက်လိုက် ခနတော့ သက်သာပင်မဲ့ အခု ထပ်ဖြစ်ပြန်ပြီ ဘာစားစား မဝင်ပဲ ပြန်အန်ထွက်တဲ့ ခံစားချက်ကြီးက တကယ်ကို အဆင်မပြေနေပါ တစ်ကိုယ်လုံးနုံးပြီး ဘာမှာလဲ လုပ်ချင်စိတ်ရှိမနေပါ တစ်ခါ တစ်ခါ ခေါင်ကိုက်လာတဲ့ ဝေဒနာကို တကယ် မုန်းလာခဲ့ပြီ။
နေမကောင်းပင်မဲ့ လုပ်ရမဲ့ လုပ်တွေ ရှိတာကြောင့် ဒီနေ့တော့ အလုပ်ဆင်းခဲ့ပါတယ် အဒေါ် မဆင်းခိုင်းခဲ့ပင်မဲ့ သက်သာပါတယ်လို့ လိမ်ခဲ့ပြီထယ်ယောင်ဆင်းခဲ့သည် ဆိုင်မှာလူကရှင်းတာကြောင့်ဆေးစရာပန်ကန်တွေကို ယူလိုက်စဉ်က လူက မိုက်ကတည်းဖြစ်သွားတာကြောင့် ဘေးက စာပွဲကို လှမ်းကိုင်မိလိုက်သည်။
"သားထယ်ယောင် မသက်သာဘူးလားကွယ်"
"ဟုတ် နည်းနည်းခေါင်မူးသွားလို့ပါ ဒီနေ့တော့ ဆေးခန်းသွားမို့ ဒေါ်လေး "
"အေးအေး အဲ့ဆို ဒီနေ့ ဆိုင်စောစော သိမ်းလိုက်မယ်လေ ဒေါ်လေးလဲ လိုက်မယ် သားတစ်ယောက်တည်းလွတ်ရမှာ စိတ်မချပါဘူး သွားသွား ရေသွားချိုးထားချီ ကျန်တာ ဒေါ်လေ လုပ်ထားလိုက်မယ် "
ထယ်ယောင်လဲ သဘောတူလိုက်ကာ ကိုယ်ပိုင်း အခန်းဆီသို့ ဝင်သွားလိုက်သည်။
..........................
ထယ်ယောင် ညနေ နေစောင်တော့ အဒေါ်နဲ့တူတူ ဆေးခန်းကို သွားခဲ့သည် အဝေးကြီးမဟုတ်ပဲ ထယ်ယောင် တို့ရဲ့ လမ်းထိပ်ကလေးကို သာ သွားပြသည်။