Unicode
ထယ်ယောင်ဒီနေ့ တစ်နေ့ နေလို့မကောင်းချင် မနက်ကတည်း ခေါင်တွေကိုက်ကာ စားသမျှ ပြန်အန်ထွက် နေသည် ဘာမှ လုပ်ချင်စိတ်မရှိတာကြောင့် ဒီနေ့ တစ်နေ့ အဒေါ် ကိုပြော ပြိီးအလုပ်နားလိုက်သည်။
သိမ့် ကျယ်ဝန်တဲ့ အခန်းမဟုတ်ပင်မဲ့ ထယ်ယောင်တစ်ယောက်အတွက် အခန်းကအသင့်အတင့် ရှိပါတယ် ။ဒီကို စရောက်တာ ဒီနေ့နဲ့ဆို ၂ပတ်ကျော်လာခဲ့ပြီ ဂျောင်ဂု ကို လွမ်းတဲ့ စိတ် ကတစ်ရက်ကလေးမှာ မမေ့ခဲ့။
"ဒေါက် """"
တံခါခေါက်သံကြောင် ကုတင်ပါ်က ထယ်ယောင် ကိုယ်လေး တုန်သွား မျက်ရည်တွေ ကို ခပ်မြန် သုတ်လိုက်ပြီ တံခါ ဖွင့်လိုက်သည်။
"သက်သာလား သား"
တံခါဖွင့်လိုက်တော့ အဒေါ်က ဆန်ပြုတ်ပန်းကန်လေး ကိုင်ကာ အခန်းဝ၌ရပ်နေသည်။
"သက်သာပါတယ် လာလေ ဒေါ်အထဲ ဝင်ထိုင်းပါဦး"
ထယ်ယောင်က အရှေ့ကနေ ခပ်သွက်သွက် လေး သွား ကုတင်ဘေးက ခုံလေးကို အဒေါ်ရှေ့ ထိုးပေးသည်။ ဒေါ်လေးဆန်ပြုတ် ပန်ကန်ကို စာကြည့်ခုံ ပေါ်တင်လိုက်ပြီ ။
"ဒေါ်လေးလဲ ခုနမှ ဆိုင်သိမ်းလို့ ပြီးတာ အဲ့တာကြောင့် သားအတွက် ဆန်းပြုတ်လေး လုပ်ပြီး သားဆီ တက်လာတာ စာပြီး ဆေးလေး သောက်လိုက်ဦး အဲ့လို ဖြစ်တာ ကြာပြီလားသား"
ထယ်ယောင်က ကုတင်ပေါ်ထိုင်ကာ ဒေါ်လေးအား ခပ်ပြုံးပြုံးလေး ကြည့်နေသည်ဂျွန်တို့ မိသားစုပြီရင် သူ့အတွက် ဒုတိယ မိသားစုဝင်ပဲ မှတ်လား။
"သိမ့်တော့ မကြာသေးဘူးဒေါ်လေ သုံးရက်လောက်တော့ ရှိပြီ စိတ်မပူပါနဲ့ ဆန်ပြုတ်လေးသုံး ဆေးသောက်လိုက်ရက် သက်သာ သွားမှာပါ "
ဒေါ်လေးက တွေးစစဖြစ်ပြီ ခေါင်ညိမ့်သည်။
"အင်း မနက်ဖြန်မသက်သာရင်တော့ ဆေးခန်းသွားပြကြမယ် ကြာရင် မကောင်းဘူးသား "
"ဟုတ်ကဲ့ပါ ဒေါ်လေးရဲ့ "
"အင်းပါ ဒေါ်လေးလဲ ရေချိုးပြီ နားတော့မယ် ဆေးသောက်ဖို့ မမေ့နဲ့နော် သား ဒေါ်လေး စိတ်ချမယ် "