၁၃

8.7K 563 8
                                    

" သက်ငြိမ် "

ကျွန်မနဲ့ သက်ငြိမ်ရဲ့ conversation တွေက အမြဲတမ်း 'သက်ငြိမ်'ဆိုတဲ့ နာမ်တစ်ခုနဲ့ပဲ အစပြုတယ် ။ သူ့နာမည်ကို ကြားတဲ့အခါတိုင်း ကျွန်မကို ပြုံးပြီး ကြည့်လာတဲ့ သက်ငြိမ်ကို ကျွန်မတော့ သိပ်ချစ်တာပဲ ။

" ညစာစားလာပြီးပြီမဟုတ်လား မိုးည "

" ဟင့်အင်း မစားရသေးဘူး သက်ငြိမ် "

" ကဲ ကျွန်မကို မလိမ်ပါနဲ့ ၊ ဗိုက်ပြည့်နေမှာကို သိလို့ ဘာမှကြိုမပြင်ထားဘူး ။ ဒီတိုင်း ကော်ဖီပဲ ဖျော်ပေးမှာ ၊ စားမလာဘူးဆိုရင်တော့ မိုးည မှားတာပဲ "

ကျွန်မတို့ နှစ်ယောက်က တကယ်ကို ထူးဆန်းတာပါပဲ ။ ကျွန်မက သက်ငြိမ်ကို လိမ်လို့မရသလို သက်ငြိမ် လိမ်နေရင်လည်း ကျွန်မက တန်းသိတာပဲ ။ ဘယ်လိုတောင် ရယ်ချင်စရာ ကောင်းနေတာပါလဲနော် ။

" ကျွန်မ ဒယ်ဒီနဲ့ ညစာ စားလာပြီးပါပြီ "

သက်ငြိမ်က ကျွန်မရဲ့ အဖြေကို သဘောတကျနဲ့ ခေါင်းငြိမ့်တယ် ။

" ကဲ လာ ၊ ကျွန်မ ကော်ဖီဖျော်ပေးမယ် "

ကော်ဖီ ဖျော်ပေးမယ်လို့ ပြောပေမယ့် ထိုင်ခုံဆီမဟုတ်ဘဲ ကော်ဖီဖျော်စက်အနားကို လက်ဆွဲပြီး ခေါ်သွားတယ် ။

" ရော့ "

သက်ငြိမ်က ကော်ဖီစေ့တွေ ထည့်ထားတဲ့ စက္ကူအိတ်လေးကို ကျွန်မရှေ့ကို တွန်းပို့တယ် ။

" အာ ကျွန်မ မဖျော်တတ်ဘူးလေ "

" Barista တစ်ယောက်လုံးကို ရည်းစားတော်ထားပြီးတော့ ဘာတွေ စိတ်ပူနေတာလဲ မိုးညရဲ့  ။ ကျွန်မ သင်ပေးမှာပေါ့ "

သက်ငြိမ်က ကျွန်မရဲ့ နောက်မှာ ရပ်ပြီး ခါးအောက်ကနေ လက်ကို လျှိုဝင်လို့ တကယ် သင်ပေးတော့မယ့် အနေအထားမှာ ရှိတယ် ။

" မိုးညက double သောက်တာဆိုတော့ ကော်ဖီစေ့က 14 gram ထည့် "
" ထည့်ဦး နည်းနည်း ၊ မပြည့်သေးဘူးလေ ဒီမှာ "
" အာ အဲ့လောက်ကျ များသွားပြီ "
" အမှုန့်ရရင် tamb နဲ့ ဖိ ၊ အရမ်း အားမထည့်နဲ့ ။ လက်တုန်မနေနဲ့လေ "

" ဆရာမက ကြောက်ဖို့ ကောင်းလိုက်တာ "

တမင် အသံကို ချွဲကာပြောတော့ သက်ငြိမ်က ရယ်တယ် ။ ကျွန်မရဲ့ ပုခုံးပေါ်ကိုလည်း မေးတင်ထားသေးတယ် ။ ဘေးကို စောင်းလို့ ကြည့်လိုက်တော့ သက်ငြိမ်က ကျွန်မရဲ့ ပါးကို ဖျက်ခနဲ နမ်းတယ် ။ ပြုံးနေမိတာကလည် ရပ်လို့မရတော့ဘူး ။

သက်ငြိမ်Where stories live. Discover now