၂၅

8.1K 496 27
                                    

" မိုးညကကွာ ၊ တကယ်ပါပဲ ။ ဘယ်လိုဖြစ်လို့ အငြိမ်မနေမှန်းမသိဘူး "

ကားပေါ်က ဆင်းလာတာနဲ့ အိမ်ရှေ့မှာ ရပ်စောင့်နေတဲ့ ကျွန်မကို တန်းဆူတော့တာပါပဲ ။ ရယ်ကျဲကျဲ ဖြစ်နေတဲ့ ကျွန်မကိုလည်း သော့ဖွင့်နေရင်း မျက်စောင်းလေးက ထိုးသေးတယ် ။

" ကျွန်မ ဘာလုပ်လို့လဲ "

" ကိုယ် ဘာလုပ်လဲ ကိုယ်သိလေ "

ခြံတံခါးကို တွန်းဖွင့်နေတုန်းမှာပဲ မိုးက သွန်ချသလို ဝေါခနဲရွာချလိုက်တာကြောင့် ကားထဲပြန်ပြေးပြီး ထီးယူမယ့် ကျွန်မကို သက်ငြိမ်က ဆွဲထားတယ် ။ ခြံထဲကနေ အိမ်တံခါးဆီကို ပြေးသွားတဲ့တစ်လျောက်မှာတောင် စိုရွှဲသွားအောင် ရွာနိုင်တာကိုလည်း အံ့ဩမိပါရဲ့ ။ မိုးရေတွေ စိုရွှဲနေတော့ သက်ငြိမ်ရဲ့ လှိုင်းတွန့်ဆံပင်တွေက တစ်မျိုးကြည့်ကောင်းနေပြန်တာပဲ ။ ကမ္ဘာပေါ်က ကောင်းချီးတွေအားလုံးကို အပိုင်ရထားတဲ့ မိန်းကလေးဖြစ်နေမှန်းတော့ ကျွန်မလည်း မကြာခဏဆိုသလို တွေးမိပါရဲ့ ။

" ရေအတူချိုးမယ့်အကြောင်းပြောပြီး စရင် တကယ်ရေချိုးခန်းထဲ ဆွဲခေါ်သွားမှာ"

သက်ငြိမ်က ကျွန်မအတွက် အဝတ်အစားတွေ ထုတ်ပေးနေရင်း ပြောလာတော့ ရယ်မိပြန်ပါရော ။

" ရယ်မနေနဲ့ ဒါ ကျွန်မအိမ်နော် ၊ သော့တွေ အကုန်ပိတ်ပြီး ခေါ်ထားလိုက်မှာ "

" ဘယ်မှာလဲ အဲ့သော့ "

" ဟင် ဘာလုပ်မလို့လဲ "

" အခု လိုက်ပိတ်မလို့လေ "

သက်ငြိမ်က ကျွန်မကိုတော့ မနိုင်တော့ဘူးလို့ ရေရွတ်ရင်း သူဝတ်မယ့်အင်္ကျီတွေကို ယူပြီး အပြင်ထွက်သွားတယ် ။ ဒီနေ့က သောကြာနေ့ ဖြစ်တာကြောင့် ဒယ်ဒီ့ကိုတော့ ပင်ပန်းနေလို့ မလာနိုင်တော့ဘူးလို့ပဲ ပြောလိုက်ရတော့တယ် ။

" ထမင်းစားပြီးရင် ဘာလုပ်ကြမလဲ သက်ငြိမ် "

ရေခွက်ကို စားပွဲပေါ်ပြန်ချရင်းကျွန်မကို ဘုကြည့်ကြည့်လာပြန်တယ် ။ ကျွန်မကတော့ ရိုးရိုးသားသားမေးလိုက်တာရယ် ။ ကျွန်မရဲ့ သက်ငြိမ်က တစ်မျိုးထင်သွားရင်တော့ မပြောတတ်ဘူး ။

သက်ငြိမ်Where stories live. Discover now