9.3K 577 16
                                    

ကော်ဖီဆိုင်ထဲက သက်ငြိမ် ထွက်အလာကို  ဆိုင်ရှေ့မှာ ကားကို မှီလို့ ရပ်စောင့်ရတဲ့ ခံစားချက်က ရှင်သန်လာရတဲ့ နှစ်ဆယ့်ရှစ်နှစ်အတွင်း ပထမဆုံး ပျော်ရွှင်မှုဆိုတာကို သိခဲ့တာပဲ ။

ကားမှန်ကို ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် ဘယ်နေရာ လိုအပ်နေသလဲဆိုတာ စစ်ဆေးရတယ် ။ ပုခုံးကျော်နေတဲ့ ဆံပင်တွေကို စည်းထားရမလား ဒီတိုင်းထားရမလား လက်နဲ့ ချိန်ဆနေတုန်း သက်ငြိမ်ထွက်လာတာကို တွေ့လိုက်လို့ လုပ်နေသမျှ အကုန်ရပ်သွားတယ် ။ ကျွန်မရဲ့ သက်ငြိမ်က ဘယ်လောက်တောင် လှရက်နိုင်တာပါလဲ ။

မိုးပြာရောင် ဂါဝန်လေးနဲ့ ကျောထက် ဝဲကျနေတဲ့ ခပ်ကြေကြေဆံနွယ်တွေ ၊ ကျွန်မမြင်နေတဲ့ နှုတ်ခမ်းထက်က အပြုံးက အရောင်ဖျော့ဖျော့နှုတ်ခမ်းနီနဲ့ သိပ်ကို လိုက်ဖက်တယ် ။ သက်ငြိမ်ရဲ့ ခြေလှမ်းတွေကို အနှေးပြကွက်တစ်ခုလို မြင်လာတယ် ၊ ထူးထူးခြားခြားကို နေရောင်ခြည်က ကျွန်မရဲ့ သက်ငြိမ်အပေါ်ကို ဖြာကျနေသလိုပဲ ။ ကျွန်မတစ်ယောက်တည်းရဲ့ အမြင်မှာတောင် သက်ငြိမ်က တကယ်ကို တောက်ပနေရပါတယ် ။

" အဲ့လောက် မကြည့်နဲ့ ၊ ဆိုင်ထဲက ကလေးတွေ လှမ်းကြည့်နေပြီ "

သက်ငြိမ်ရဲ့ အရွှမ်းဖောက်စကားက ကျွန်မကို အယောင်ယောင်အမှားမှားတွေ ဖြစ်စေပါတယ် ။ ကားတံခါးကို ဖွင့်ပေးတော့ သက်ငြိမ်က ကျွန်မကို ကြည့်ပြီး ရယ်တယ် ။

" First date မှာ ကားမောင်းခိုင်းတဲ့လူကို အခုမှ တွေ့ဖူးတော့တယ် "

" ဟင် "

ကားထဲကို ပြန်ကြည့်မှ Driver seat ဘက်ကို မှားဖွင့်ပေးထားမှန်း သတိပြုမိတယ် ။ ဘာလို့ ဂနာမငြိမ်နိုင်ရတာလဲ ။ ဒီနေ့ကိုတော့ ခပ်မိုက်မိုက်ကလေး နေပြလိုက်ပါမယ်ဆိုကာမှ လွဲလိုက်ရတာတွေများ ။

တစ်ဖက်ကို မပြေးရုံတမယ် ကူးလို့ တံခါးကို ဖွင့်ပေးတဲ့အထိ သက်ငြိမ်က အရယ်မရပ်ဘူး ။ မဟုတ်ဘူး ၊ ပြောရရင် ကျွန်မ ကားပေါ် ရောက်တဲ့အထိ သက်ငြိမ်က ရယ်နေတုန်းပဲ ။

" အဲ့လောက် ရယ်မနေနဲ့လေ သက်ငြိမ်ရဲ့ "

" မိုးညက ဒီလောက် ချစ်ဖို့ကောင်းနေတာကို "

သက်ငြိမ်Where stories live. Discover now