And Ever

10.1K 539 62
                                    

" ကျွန်မ ဒီမှာ သုံးရက်ပဲ နေရမှာလေ သက်ငြိမ်ရဲ့ ၊ အဲ့လိုအချိန်ရှားပါးနေတာကို ကျွန်မကို စိတ်ကောက်ရင်း အချိန်တွေ ကုန်လိုက်တော့မှာလား "

ဟိုတယ် reception မှာ အခန်းရှင်းပေးဖို့အတွက် ပြောနေတုန်း ကလေးမလေးတစ်ယောက် ကျွန်မကို ဖုန်းနံပါတ်လာတောင်းတယ် ။ မပေးနိုင်ကြောင်း ငြင်းနေတာကိုတောင် လက်မောင်းကို အတင်းတွဲချိတ်လာလို့ ချွေးပါပျံတယ် ။ သက်ငြိမ်က reception မှာရှိတဲ့ ခုံမှာ ထိုင်နေတာလေ ။ မမြင်ဘဲ နေပါတော့မလား ။

အခုလည်း သွားမယ့်နေရာကို မသွားတော့ဘူးဆိုပြီး ဟိုတယ်ဧည့်ခန်းက ဆိုဖာပေါ်မှာ လက်‌ပိုက်လို့ စိမ်ပြေနပြေ စိတ်ကောက်နေတဲ့ ကျွန်မရဲ့ သက်ငြိမ်ကို အရှေ့မှာ ခြေဖျားထောက်ထိုင်ချပြီး ချော့မော့နေရတာ ။ ဒါက နိုင်ငံမှာ အချမ်းသာဆုံးစာရင်းဝင် ဦးမိုးယံရဲ့ လုပ်ငန်းတွေကို ဆက်ခံရတော့မယ့် မိုးညမြူပါတဲ့ ။

" ဂရုမစိုက်ဘူး ၊ ရှင့်ဟာရှင် ဖုန်းနံပါတ်ပေးရုံမကလို့ လူပါ ပေးပေး "

" အို လူတော့ မပေးနိုင်ပါဘူး ၊ လူက သက်ငြိမ်ရဲ့ အပိုင်ပဲဟာကို ။ အခုက ကလေးမလေးက အရမ်းကပ်နေတော့ မြန်မြန်ခွာသွားအောင် ပေးလိုက်ရတာပါ ၊  နော်  ကျွန်မက ဖုန်းနံပါတ်အစိမ်းတွေကို ဘယ်တုန်းက ကိုင်ဖူးလို့လဲ သက်ငြိမ်ရဲ့ ။ ကျွန်မပြောတာကို ယုံနော် "

ကျေးဇူးနဲ့ တောင်ကြီးကို သွားရမယ့်အချိန်တစ်ဝက်စာလောက်ကို ချော့ရင်း ဖြတ်သန်းရတော့မှာပဲ ။ ကံကောင်းစွာနဲ့ပဲ သက်ငြိမ်က ကျွန်မ အမှားလည်း မဟုတ်ပါဘူးလေ ဆိုတဲ့ စကားကို ပြောပြီး စိတ်လျှော့လိုက်တယ် ။

" သက်ငြိမ် ခဏ "

သက်ငြိမ်ရဲ့ လှုပ်ရှားမှုတိုင်းကို အရိပ်တကြည့်ကြည့် ဖြစ်နေခဲ့လို့ အခုလည်း ဟိုတယ် အပြင်ကို ထွက်ခါနီး ပြေနေတဲ့ ဖိနပ်ကြိုးကို မြင်လိုက်ရတယ် ။ ဒူးထောက်ချလိုက်ပြီး ကြိုးကို ချည်ပေးတော့ ဝန်ထမ်းတွေဆီက တီးတိုးစကားတွေ ထွက်ကျလာတယ် ။ အတင်းအဖျင်းဖြစ်ဖြစ် ချီးကျူးစကားဖြစ်ဖြစ် ကျွန်မ ဂရုစိုက်မနေပါဘူး ။ ကျွန်မအတွက် အရေးကြီးတာက ကျွန်မရဲ့ သက်ငြိမ်လေ ။

သက်ငြိမ်Where stories live. Discover now