Chapter 11

2.4K 281 0
                                    

Unicode

ဒီတစ်ခါမှာတော့ *Dou Dizhu ကစားနေတာမဟုတ်ဘဲ တိုက်ခိုက်ရတဲ့ မိုဘိုင်းဂိမ်းအသစ်တစ်ခုကို ကစားနေတာပါ။(fight the landlord - ကတ်ဂိမ်း)

ဒီလိုဂိမ်းမျိုးကို ကစားဖို့အတွက် ထက်မြက်တဲ့ skillတွေ မလိုအပ်ဘဲ၊ ခရစ်တွန်ရွှေ (ဂိမ်းငွေကြေး) လေးတွေပဲလိုအပ်တယ်။ ပိုက်ဆံပိုသွင်းထားတဲ့ဘယ်သူမဆို ပိရမစ်ထိပ်ဖျားမှာ bossပဲ။

တရှိန်ထိုးပြေးလေလေ၊ လူတွေကို ချေမှုန်းပစ်ရတဲ့ ရင်ဖိုစရာအတွေ့အကြုံ ပိုရရှိနိုင်လေဖြစ်တယ်။

လော့ချယ်က ဂိမ်းကို စလိုက်တယ်။

သူ့ရဲ့အလွန်အမင်းတန်ဖိုးကြီးတဲ့equipmentတွေနဲ့အတူ မိနစ်အနည်းငယ်ကြာပြီးနောက်မှာ သနားညှာတာမှုတောင်းခံနေရတဲ့ ရန်သူကို မြေပြင်ပေါ် ရိုက်နှက်နိုင်ခဲ့ပြီ။ လော့ချယ်က လန်းဆန်းသွားတဲ့ပုံစံနဲ့ သူ့ဖုန်းကို ဖယ်လိုက်ပြီး "သွားရအောင်"

ကုမျန်ရဲ့နောက်sceneအနည်းငယ်က  ရိုးရှင်းပေမယ့်လည်း ခက်ခဲတယ်။

လာမယ့်ဇာတ်ကွက်က မြေခွေးငယ်လေးနဲ့ အတော်လေးဆက်နွယ်နေတာ။

မြေခွေးလေး သူမနဲ့ပူးပေါင်းဆောင်ရွက်ခဲ့ရင် သူမရဲ့ရိုက်ကူးရေးက လွယ်ကူမှာဖြစ်တယ်။ မြေခွေးလေးက မပူးပေါင်းခဲ့ရင်တော့ ဘယ်လိုရိုက်ကူးရမလဲဆိုတာ သူမတကယ်သိတော့မှာမဟုတ်ဘူး။

မူလပိုင်ရှင် ဒီsceneကို ရိုက်ကူးတုန်းက ဒါရိုက်တာနဲ့ လုံးဝရန်ဖြစ်ခဲ့ရတာကို ကုမျန်မှတ်မိနေတယ်။ အကြောင်းရင်းမှာ မြေခွေးလေးက လုံးဝ ပူးပေါင်းဆောင်ရွက်ခြင်းမရှိခဲ့တဲ့အပြင် သူမရဲ့လက်ကိုတောင် ကိုက်လိုက်ခြင်းကြောင့်ပင်။ မူလပိုင်ရှင်က ဒေါသထွက်ပြီး နေရာမှာတင် ပေါက်ကွဲသွားခဲ့တယ်။သူမက မြေခွေးလေးကို မြေကြီးပေါ်ပစ်ချပြီး သူလေးကို သင်ခန်းစာတစ်ခုတောင်မှ သင်ပေးချင်ခဲ့တာ။ အဲဒီ့နောက်မှာတော့ သူမက သူလေးကို သေလောက်အောင် ပစ်ထုတ်ပစ်မိလုနီးပါးဖြစ်သွားတော့တယ်။

အဲ့ဒီsceneကို တစ်စုံတစ်ယောက်က လျှို့ဝှက်ရိုက်ကူးပြီး အင်တာနက်ပေါ် တင်ခဲ့တယ်လေ။ အဲ့ဒီဖြစ်ရပ်က မူလပိုင်ရှင်ကို မကောင်းဆိုးဝါးအဖြစ် ပြစ်တင်ရှုံ့ချခြင်းခံခဲ့ရတဲ့ စနက်တံလည်းဖြစ်ပါတယ်။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now