2

207 17 0
                                    

''တစ်နေ့တစ်နေ့ ပျင်းလိုက်တာများ လွန်ရော စာတွေကလည်းခက် ကြာရင် ဦးနှောက်ကပျက် စာမကျက်ရင်အိမ်ကအမေကလည်းတကျက်ကျက်နဲ့ ငါတော့ခက်ပီ''

မောင်ထယ်ရဲ့တစ်နေ့တစ်နေ့ငြီးငြူမှုများကိုကြားသိနားထောင်နေရတာကတော့မူပိုင်ရှင်သူပင်ဖြစ်သည်။ပျင်းတယ်လို့များမပြောရရင်မနေတတ်။ပျင်းတယ်စကားလေးများမပြောရရင်လည်းလာပါသေးတယ်''ကိုကို့ကို ချစ်တယ်''ဆိုတာက။မောင်ထယ့်ကိုကိုကတော့ ချစ်တာကို အခွင့်ကောင်းယူကာ မောင်ထယ့်ကို အရမ်းခိုင်းသည်။ငါ့ကောင်လေးဖြစ်ချင်တဲ့သူက အလုပ်ကြိုးစားတာပဲ မြင်ချင်ပါတယ် တဲ့။ဒါပေမယ့်လည်း Yoongiရဲ့ကောင်လေးဖြစ်လာမယ့်သူက ငပျင်းကြီးလေ။

''မောင်ထယ် ငြီးမနေနဲ့ ကိုကို​ကြားရင် မင်းကိုပလစ်နေမယ်''

''ဟ ကိုကို က ငါ့ကို ပလစ်နေကျပဲကို ကိုကိုက သိပ်ရက်စက်တယ်ဗျာ သူ့အိမ်စာတွေငါ့ကိုရေးခိုင်းနေတယ် ပျင်းရတဲ့အထဲ ကိုကိုကတစ်မျိုး''

''သွားရေးလိုက်ဦး ခဏနေသံချောင်းခေါက်တော့မှ မပီးသေးရင် ဟိုက တုတ်နဲ့ဆော်နေမယ် သွားခပ်မြန်မြန်''

''ဒါ ဝဋ်ကြွေးပဲ အချစ်ရေ မင်းခိုင်းသမျှကိုယ်ကူရေးပါမယ်🎼🎼🎼''

သီချင်းတအေးအေးဖြင့်မောင်ထယ်က အတန်းထဲဝင်သွားသည်။မောင်ထယ်ကစာသာမရတာပါချစ်တတ်တဲ့နေရာမှာတော့ဆရာကြီးတစ်ဆူဖြစ်သည်။မောင်ထယ့်ရဲ့ရင်ခုန်သံအစဟာ ရပ်ကွက်ထဲက ဂစ်တာတီးတဲ့ အကိုကြီးပါဆိုပြီးကြားရတဲ့နေ့က​စ Jiminတစ်ယောက် ဂစ်တာသံနှင့်ရင်းနှီးလာခဲ့သည်။ညနေကျူရှင်ပြန်ချိန်တိုင်း ကိုကို့အိမ်ရှေ့ကစက်ဘီးဖြတ်နင်းရတာအမောပင်။ညနေတိုင်း ကိုကိုက အုတ်ခုံလေးမှာ ဂစ်တာထိုင်တီးတတ်သည်။မောင်ထယ်ကိုကို့ကိုစသဘောကျတဲ့နှစ်က သူတို့နှစ်ယောက် ခြောက်တန်းသာရှိပါသေးသည်။နှစ်နှစ်ကြီးတဲ့ကိုကိုကတော့ရှစ်တန်းကျောင်းသားကြီးပေါ့။
မောင်ထယ့်ကိုကိုက စာလည်းတော်တယ်။ဆိုးလည်းဆိုးတယ်။ငယ်ငယ်ထဲက ကိုကို လို့ခေါ်နေကျမို့ ကြီးလာတဲ့အထိသူပါရောယောင်ပီး ကိုကို ဟုခေါ်ဆဲဖြစ်သည်။
ကိုကိုကဆိုးသလောက် ကိုကို့သူငယ်ချင်းကြီးတွေကလိမ်မာသည်။ကိုကို့သူငယ်ချင်းKim Nam Joonဆို ကျောင်းမှာ နံပါတ်တစ် ကျောင်းသား ဖြစ်ပေမယ့် အတန်းAမှာမနေပဲ ကိုကိုရှိတဲ့ Bမှာသာ ကပ်တွယ်ပြီးနေသည်။ကိုကို့သူငယ်ချင်းသုံးယောက်ကသူ့လိုပင်မောင်ထယ်ရဲ့အရစ်ကိုခဏခဏခံရစမြဲဖြစ်သည်။

အချစ်ဦးမို့ ရူးခဲ့ဖူးသည်။Where stories live. Discover now