''ကိုကို''
မှောင်ရိပ်သန်းနေသော ပတ်ဝန်းကျင်တစ်ခုတွင် အရိပ်လေးတစ်ခုသည် အရိပ်လေးတစ်ခုဆီသို့ရွေ့လျားနေသည်။
''ကိုကို ဆေးလိပ်သောက်နေတာလား''
ပုဏ္ဏရိပ်ပင်အောက်မှာ ဆောင့်ကြောင့်ထိုင်လျက် ဆေးလိပ်ငွေ့တို့ မှုတ်ထုတ်နေသော Min Yoongi ကိုမေးလိုက်သည်။
ကိုယ့်အာရုံနဲ့ကိုယ်လွင့်ပျံ့နေစဥ် ရုတ်တရက်ဘေးရောက်လာသော မောင်ထယ်ကြောင့် သောက်လက်စဆေးလိပ်တိုကိုပစ်ချကာ ဖိနပ်ဦးဖြင့် နင်းချေပစ်လိုက်သည်။
''ငထယ် ဘယ်က ဘယ်လိုရောက်လာတာလဲ''
လွယ်အိတ်လေးနှင့်ကျုရှင်ကပြန်လာမှန်းသိသာပါသော ထိုကလေးအား မသိချင်ယောင်ဆောင်ကာမေးလိုက်သည်။
''ကျွန်တော် ကျူရှင်ကပြန်လာတာ ကိုကို ကျူရှင်မလာလိူ့လေ အဲ့ဒါဒီဘက်လမ်းကလှည့်ပြန်ရင်း ကိုကို့ကိုတွေ့လိုက်လို့လာခဲ့တာ''
''သြော်....မှောင်နေပြီ လာ...လာ...ကိုယ်အိမ်ပြန်လိုက်ပို့ပေးမယ်''
အညိုရောင်လွယ်အိတ်လေးရဲ့တစ်ဘက်ခြမ်းမှာ အဖြူရောင်သန်းနေသော လက်တစ်စုံတို့အိမ်ပြန်ချိန်ဟာ ရိုးရိုးလေးပါပဲ။
ကိုကိုသည်ဆေးလိပ်တွေခိုးသောက်တတ်လာသည်။ ကျုရှင်တွေပျက်တတ်လာသည်။
ဆံပင်ရှုပ်ပွပွနဲ့ကိုကိုဟာ ညရဲ့အလင်းဖျဖျအောက်မှာ ရူးမိုက်စွာရင်ခုန်ဖို့ကောင်းနေတုန်း။
မှတ်မိပါသေးသည်။
လွန်ခဲ့တဲ့၂နှစ်လောက်က ဝုန်းဒိုင်းကြဲခဲ့ရတဲ့ညတစ်ညကို။ လွန်ဆန်မရတဲ့ စိတ်ခံစားချက်ဟာ ဂစ်တာတီးနေကျ တစ်ဖက်လမ်းမှ အကိုကြီးအား တိတ်တဆိတ်ချစ်မိခြင်း။
ခေါက်တုန့်ခေါက်ပြန်စက်ဘီးနင်းခဲ့ရတဲ့ကိုကို့အိမ်ရှေ့တွေမှာ Park Jiminနဲ့အတူသွားဖူးတဲ့ခြေရာတစ်ချို့လည်းရှိခဲ့ဖူးသည်။ ခံစားချက် တစ်စုံတစ်ရာနားမလည်တဲ့Park Jiminဟာ သူ့ရဲ့ပြောင်းလဲ ဖြစ်တည်လာတဲ့နိယာမကိုလက်ခံခဲ့သည်။
ကိုကို့လက်ကလေးများကိုဆုတ်ကိုင်ခဲ့ဖူးပေမယ့် ကိုကို့ကိုချစ်နေတာကိုသိနေပေမယ့် ယနေ့အထိကိုကို့ကိုချစ်ပါတယ်လို့ ကိုကို့ရှေ့မှာဖွင့်ဟဝန်မခံရသေး။