ညနေ ၅နာရီကျော်....။
မိုးလေးတဖွဲဖွဲရွာကျနေသည်။
ကျူရှင်ချိန်က၆နာရီမှပြန်ရမှာမို့ မောင်ထယ်တို့သူငယ်ချင်းနှစ်ယောက် ပျင်းတိပျင်းရွဲဖြင့် စာသင်ကြားနေကြသည်။
အေးစိမ့်စိမ့်ကာလမို့ ဟူဒီ အဝါရောင်လေးထဲ အကောင်ပေါက်လေးတစ်ကောင် နစ်မြုပ်နေသည်။
ချည်ထည်အကွက်စိမ်းဖြင့် မောင်ထယ်တစ်ယောက်ကလည်း တဝါးဝါးသန်းကာ စာထဲလည်းစိတ်မပါပေ။သူ၏စိတ်အစုံသည် မျက်နှာချင်းဆိုင်အတန်းမှ ကိုကို့ထံသို့။
ကိုကိုဟာ ရည်းစားစထားပြီလို့ မောင်ထယ်သတင်းကြားထားသည်။ကိုကို့ရည်းစားဖြစ်ဖို့အရေး မောင်ထယ့် အရေးဆိူပေမယ့် မည်သူကသူ့နေရာလုသွားသနည်း။ စဥ်းစားရင်းတွေးရင်း ခေါင်းခြောက်ကပ်လာတာမို့ ဒီအရည်မရအဖတ်မရစာတွေလည်း မဖတ်ချင်တော့။
''သွား......သွား....မဖတ်ဘူး....အိမ်ပြန်ပီး အသည်းကွဲချင်နေပြီ Jiminshii''
လေသံတိုးတိုးလေးဖြင့် Jimin ပုခုံးစွန်းလေးကိုမှီထားကာ ငြီးငြူလေသည်။
''စိတ်မပူပါနဲ့ မဟုတ်လောက်ပါဘူး ရွှတ်*.....ရွှတ်*''
''Park Jimin နှာစီးနေတာလား အိမ်ရောက်ရင်ဆေးသောက်ထားဦး ငါကမင်းကို ပိုစိတ်ပူတယ်''
''အင်းပါ''
''ဟိုနှစ်ယောက် စာမကျက်ပဲနဲ့ စကားများနေမှာလား''
''ကျက်နေပီ...လို့''
ဆရာမ ဆူသံကြားမှ စိတ်ပူနေတဲ့ ကလေးနှစ်ယောက်သည် ပြူံးစစဖြင့်။
အရှေ့မှ ကိုကို့ကိုလည်း တစ်ချက်လှမ်းကြည့်ရသေးသည်။တဖတ်သတ်အချစ်ကလည်း ဘယ်တော့မှ လွယ်မည်မဟုတ်။
...........................................
''ကိုကို မောင်ထယ်ကပြောစရာရှိလို့တဲ့ ညနေ ကျောင်းဆင်းရင်စောင့်နေပါတဲ့''
နှာထိပ်နီနီရဲရဲလေးဖြင့်ကောင်လေးသည် မိုးဖွဲလေးတွေကြားမှ သူဘောလုံးကစားနေရာ ဘောလုံးကွင်းသို့အပြေးလာပြီး သူငယ်ချင်း အမှာစကားကိုသေချာလေးပြောပြနေသည်။