5

278 25 2
                                    

Channel တစ်ခုမှ လာနေသော ဇာတ်ကား၏ အမည်သည် ''အချစ်ဦး''တဲ့။ 

မောင်ထယ့်ရဲ့စကားအရ ဘယ်နေရာကို သဘောကျကျ ပထမဦးဆုံး ရင်ခုန်သံဟာ အချစ်ကြောင့်တဲ့။ အချစ်ဦးနဲ့အချစ်အကြောင်းတွေးမိတော့ မျက်လုံးဝိုင်းဝိုင်းလေးတွေက ရင်ထဲရောက်လာသည်။သူတကယ်ရင်ခုန်တတ်နေပြီလား။သူ့ရဲ့အသက်သည် ၁၄နှစ်ကျော်မျှသာ ရှိသေးသော်လည်း သူရင်ခုန်တတ်နေခဲ့သည်။

သိူ့သော် လက်မခံနိူင်စရာအခြေနေသည် တဖက်မှလူက ယောက်ျားလေးတစ်ယောက်ဖြစ်နေခြင်းသာ။သူက မိန်းကလေး​တွေကိုပင်ရင်မခုန်ဖူးတတ်သူမို့အခုအရာက ထူးဆန်းနေခဲ့သည်။

ဝန်မခံချင်ပါ။ယောက်ျားတစ်ယောက်ကိူသဘောကျပါ၏ ရင်ခုန်ပါ၏လို့ ကိုယ့်ကိုကိုယ်ဝန်ခံရမှာ သိပ်ရှက်လှပါသည်။

တွေးလက်စအတွေးပေါင်းစုံကိုရပ်ချကာ TVအား ပိတ်ပစ်လိုက်သည်။စားလက်စ snacksတစ်ထုပ်ကိုယူကာ အိမ်ရှေ့ ဒါန်းပေါ်သွားထိုင်နေလိုက်သည်။

မိူးရွာပြီးကာစအခြေအနေမို့ကောင်းကင်ဟာ ကြည်လင်နေသည်။ ဟိုနေရာဒီနေရာ တိမ်စိုင်တစ်ချို့က ရွေ့ကာ ရွေ့ကာသွားနေသည်။

တစ်ဖက်ခြံမှ မောင်ထယ်၏စာကျက်သံသည် ကျယ်လောင်စွာရှိလျှက်။ညနေက ကိုကိုက ဘာပြောလိုက်လို့ ဒီကောင်ဒီလောက်စာကျက်နေမှန်းမသိ။အသံကိုစာလို့။သူတစ်ယောက်သာအတွေးပေါင်းစုံနှင့်ချာချာလည်ရင်း စာမကျက်နိုင်။

မေမေကစရင်းဇယားနဲ့အလုပ်ရှုပ်နေသည်မို့သူစာကျက်သည်မကျက်သည်ကိုလိုက်မပြောတတ်ချေ။ဖေဖေကလည်းသူ့အလုပ်နှင့်သူမို့သူ့အားအချိန်ပြည့်လိုက်မကြည့်တတ်။ဒီလိုနဲ့ဒီတစ်ညတော့သူလေလွင့်လိုက်ပါဦးမည်။Jeon Jung Kookဆိုတဲ့သူအ​ကြောင်းတွေးရင်းပေါ့။

ဘာလို့အဲ့လူကနူးညံ့စွာဖြစ်တည်နေရတာလဲနားမလည်နိုင်။မျက်လုံးမျက်ခုံးကအစ မေးဖျားထပ်က မှဲ့ကလေးကအဆုံး ပိပိရိရိနှင့် ချောနိုင်လွန်းစွာ။

မိန်းကလေးများအကြားရေပန်းစားလွန်းနေသည်ဟုလည်းတစ်စွန်းတစ်စကြားမိပါသေးသည်။အကုန်လုံးကိုနူးညံ့စွာဆက်ဆံတတ်သည်တဲ့လေ။ဒီလူကြီးက ဘာကြောင့်များ မေတ္တာဓာတ်တွေဝေမျှနေရတာပါလိမ့်။

အချစ်ဦးမို့ ရူးခဲ့ဖူးသည်။Where stories live. Discover now