🦋②...Ⓤⓝⓘ

401 13 3
                                    

[Unicode]

"အမလေး သူဌေးလေးရေ လုပ်ပါအုံး"

ကြီးမေ၏ အလန့်တကြားအော်သံကား မိုးသံပြင်းပြင်းကိုပင်ဖောက်ထွက်လာသည်။
ဟိန်းစက္ကတစ်ယောက် နှံ့နေသောခြေထောက်အောက်သို့ချကာ အပြေးသွားကြည့်မိတော့သည်။
ကြီးမေတစ်ယောက်မိုးရေထဲ၌သတိမရှိတော့သည့် ရှိုင်းသော်တာ၏ခေါင်းကို အသာလေးမကာ "သားငယ်ရှိုင်း သတိထားပါအုံး"ဟူသော စကားကိုသာ အရုပ်ကြိုးပျက်မျက်နှာနှင့်ပြောနေလေသည်။ ဟိန်းစက္ကတစ်ယောက် ပြာပြာသလဲနှင့်ထီးပင်မယူနိုင်ပြေးသွားလိုက်သည်။

အနားသို့ရောက်သောအခါ ခြေထောက်တဖက်ဒူးထောက်လိုက်ပြီး ကြီးမေထံမှ ရှိုင်းသော်တာ၏ ပျော့ခွေနေသည့် ခန္ဓာကိုယ်လေးအား ပြာပြာသလဲဖြင့် အကြမ်းပတမ်း ဆွဲခေါ်လိုက်၏။ ရှိုင်း‌သော်တာ၏ ဒူးနှစ်ဖက်အောက်မှလက်တစ်ဖက်လျှို ရှိုင်းနောက်ကျောကိုလက် တစ်ဖက်ဖြင့်သိုင်း၍ပွေ့ချီကာမတ်တပ်ထရပ်လိုက်သည်။

ကြီးမေကလည်းခြေမကိုင်မိလက်မကိုင်မိဖြင့် စကားကလည်းအထစ်ထစ် "သူ.သူဌေးလေး .သားငယ်ရှိုင်းက..."

စကားပင်မဆုံးလိုက် ဟိန်းစက္က၏ အသံကပို၍ပင်တုန်နေသလို

"တောက်ခ်.နောက်မှ ရှင်းပြတော့ .ကြီးမေ"

အသံကားတုန်နေပေမယ့်လည်း ဗီဇအရ မာထန်နေ၏။
စိတ်တိုနေတာလည်းဖြစ်ကောင်းဖြစ်နိုင်ပါသည်။
ထို့နောက် ရင်ခွင်ထဲသတိမရှိသည့် ရှိုင်းသော်တာ ငြင်သာမှုမရှိ တင်းတင်းကြပ်ကြပ်ဖက်ထားပြီး သူ့ခန္ဓာကိုယ်ကြီးဖြင့်အုပ်မိုး၍ခြေလှမ်းကျယ်ကြီးများနှင့် အိမ်ကြီးထဲသို့ ခပ်သွက်သွက်ပင် ဝင်လာခဲ့တော့သည်။
ကြီးမေသည်လည်း အိမ်မကြီးတံခါးကိုပိတ်၍ ခြံတံခါးသော့ကို နေရာတကျ ပြန်ချိတ်လိုက်ပြီး ဟိန်းစက္ကနောက်သို့ လိုက်ရန် ဟန်ပြင်နေစဉ် ဟိန်းစက္ကမှ "ကြီးမေ အဝတ်အစားတွေ အရင်လဲလိုက် ပြီးမှ တက်လာခဲ့"ဟုဆိုသဖြင့် မိမိအခန်းရှိရာ လှေကား မျက်နှာကြက်အောက်မှ အခန်းလေးဆီသို့ ဉီးတည်ရာပြောင်းရတော့သည်။

ဟိန်းစက္ကတယောက် ရှိုင်းအခန်းရှိရာ အပေါ်ထက်သို့တက်ရန် လှေကားထစ် ၃ဆင့်လောက် တက်ပြီးသောအခါ နောက်ပြန်လှည့်၍

နားခိုရာမှားတဲ့ လိပ်ပြာငယ်Where stories live. Discover now