ဟိန်းစက္ကတစ်ယောက် ဒီလောက်ထိပြာယာခတ်နေပုံထောက်ရင် ဘယ်လောက်ထိအလျင်လိုနေလဲဆိုတာ ဇော်လွင်သန့်ကောင်းကောင်းကြီးရိပ်မိပါသည် သူ့အသံကြားလိုက်ရတာနဲ့တင်လူက ခြေမကိုင်မိလက်မကိုင်မိ ဘယ်ဟာထကိုင်လို့ကိုင်ရမှန်းမသိ ဖြစ်နေပြီ အသံကလည်း အထက်ဆီးဆန်သေး ချိုသာနာအေး တစ်ခွန်းမှ မပြောတတ် အကူအညီတောင်းတာတောင် ဆဲတာကပါလိုက်သေး ဒီလိုအသံ ဒီလိုအသုံးအနှုန်းနဲ့ဆို သူလိုအပ်တဲ့အချိန်သူ့ဆီအချိန်မှီမသွားနိုင်ရင် နားသောကရောက်မှာထက် ငယ်ထိပ်တည့်တည့် အလေးနဲ့ထုချလိုက်သလို ထိထိမိမိတွေပြောခံရတော့မယ်မှန်း ငယ်ပေါင်းဖြစ်တဲ့ဇော်လွင်သန့် တစ်ယောက်အသိဆုံးပင်...
ဟိန်းစက္ကဖုန်းချသွားသည်နှင့် ပြာပြာသလဲထကာ မျက်နှာကို ရေဖြင့်သာသစ်၍ ပလုတ်ကျင်းကာ လိုအပ်သည်များ ကောက်ထည့်၍ လှေကားမှ ပြုတ်မကျရုံတမယ် ဒုံးဆိုင်းပြေးရတော့လေသည်..အလျင်လိုရင်နှောင့်နှေးတာကတော့ ထုံးစံဘဲမလား
ကားပေါ်ရောက်မှ သတိထားမိသည်က အိပ်ယာထဲတွင်ဖုန်းမေ့ကျန်ထားခဲ့လေပြီ .."အာ ဖုန်းကကျန်ထားခဲ့ပြန်ပြီ ကျစ်"
ဖုန်းထက်အရေးကြီးတာက ဟိုသကောင့်သားမလား ဒါကြောင့်ဖုန်းပင်တက်မယူတော့ဘဲ အမြန်ဆုံးနည်း အရှိန်ကုန်မောင်း၍သာ အိမ်မှထွက်လာခဲ့ရတော့သည်..
ဟိန်းစက္ကတို့ခြံရှေ့ရောက်တော့ တံခါးကြိုဖွင့်ထားသည်မို့ အသင့်မောင်းဝင်လာခဲ့လိုက်သည်.အိမ်ထဲရောက်တော့ ကြီးမေက ပါလာသည့်ဆေးသေတ္တာ လေးကိုကူသယ်ဖို့ လက်ကလေးလှမ်းပေးကာ
"ပေး ဆရာ ကြီးမေ သယ်ကူပါ့မယ်"
မိမိထက် အသက်ပင်ငယ်သော်လည်း ဆရာဟုသာ သုံးနှုန်းနေသည့် ကြီးမေ၏ အသုံးအနှုန်းကြောင့် နေရတာသိပ်တော့အဆင်ပြေမနေ ဆေးသေတ္တာလေးသယ်ကူဖို့ကတောင်းနေသည့် ကြီးမေ၏လက်ကလေးအား အသာအယာပင်ဖယ်ထုတ်လိုက်မိပြီး
"ရပါတယ် ကြီးမေရယ် ကျွန်တော် သယ်နိုင်ပါတယ်ဗျာ "
ကြီးမေကတော့ လက်ကလေးပြန်ရုတ်ကာ ဖြူစင်စွာပင် ပြုံးပြ၍
"အပေါ်ထပ်ကို ကြီးမေလိုက်ပို့ပေးမယ် ဆရာ.."
"ရပါတယ်ကြီးမေ ကျွန်တော့်ဘာသာဘဲ တက်သွားလိုက်ပါ့မယ်ဗျ့မိုးလည်းချုပ်နေပြီဆိုတော့ ကြီးမေလည်းနားလိုက်ပါအုံး မနက်ကျအစောကြီးထရအုံးမယ်မလား"
YOU ARE READING
နားခိုရာမှားတဲ့ လိပ်ပြာငယ်
Siêu nhiênစာရေးသူ၏စိတ်ကူးသက်သက် ဖန်တီးထားတာဖြစ်လို့ အပြင်လောကနှင့် အချိုးမကျနိုင်ပါ