🦋⑤...Ⓩⓐⓦⓖⓨⓘ

68 7 0
                                    

...............

ကျောင်းဝန်းကျယ်ကြီး ထဲတွင်အငယ်တန်းကလေးများက ပြေးလွှားဆော့ကစားနေလျက်..
အထက်တန်းကျောင်းသားကြီးများကလည်း နှစ်ဝက်စာမေးပွဲ နီးနေပြီမို့ စာအုပ်ကိုယ်စီနှင့် စာကျက်သံက ကျောင်းအောက်ထပ်ကပင်ကြားနေရလေသည်....

ကျောင်းဆောင်ကြီးဆီသို့မရောက်ခင် ဉီးတည်လိုက်သည်မှာ စတုတ္ထတန်း Cခန်းသို့ပင်..
အငွေ့အသက်စိမ်းနေသည့် ကျောင်းတော်ကြီးကို လိုက်လံငေးမော စူးစမ်းနေချိန် ဝင်တိုက်လာသည့် အငယ်တန်းလို့ထင်ရသူကလေးငယ်ကြောင့် မြေကြီးပေါ် ဖင်ထိုင်လျက်သား လဲကျသွား၏....

တဖက်က ကလေးငယ်လည်း ကိုယ့်နည်းတူ မြေကြီးပေါ်၌ ထိုင်ချလျက်သား ကလေးငယ်ကတော့ကိုယ့်ထက်အရင် ပြာပြာသလဲထရပ်လိုက်သည်....

လှမ်းပေးလာသည့် လက်ကလေးက ဖြူလွှလွှ လက်ချောင်းလေးများက သွယ်လျလျလေး မြေကြီးပေါ်လက်ထောက်လျက် လဲကျထားသည်မို့ လကျဖဝါးထကျ၌ သွေးရောင် လေးက တစိုးတစ လွှမ်းနေ၏......

"ရလားအကို ကျွန်တော်တောင်းပန်ပါတယ်ဗျ့ ကျွန်တော် အလျင်လိုနေလို့လူလာနေတာသတိမထားမိလိုက်ဘူး"

"အာ ယပါသယ်"

ပြောရင်းဆိုရင်း လှမ်းပေးထားသည့်လက်ကလေးအား ဆွဲကိုင်ပြီး ထလိုက်၏...အင်မတန်နူးညံ့လိုက်တဲ့ လကျဖဝါးလေးဘဲ အိစက်နေတာ ပြန်တောင်မလွှတ်ပေးချင်တော့ဘူးး

"အကိုက အင်္ဂလိပ်လူမျိုးလား ရုပ်ရည်ကမြန်မာနဲ့လည်းမတူဘူး စကားပြောတာလည်း သိပ်မပီဘူးဆိုတော့"

"ဟုတ်ပါသယ် အကိုက နိုင်ငံခြားသားပါ အင်္ဂလိပ်လူမျိုးလို့ မပြောရဘူး ဘေဘီ"

"ဘေဘီတော့ ကျွန်တော်သိတယ် ကလေးလို့ပြောတာမလား"

သူ့အမှားကိုထောက်ပြလိုက်တော့ ကလေးငယ်က ရှက်လို့ထင်ပါရဲ့ ပါးလေးနှစ်ဖက်တောင်ရဲတက်သွားပုံက ဆွဲကိုက်လိုက်ချင်စရာ

"အကို့ နာမှီက ဟယ်လ်ဆန်ဂျော့ခ်နစ် ဂျော့ခ်လို့ တော်တော်များများဂ ခေါ်ကြပါသယ် ဘေဘီကတော့ ကြိုက်တလို ခေါ်နိင်ပါသယ်"

"ကျွန်တော့်နာမည်က ရှိုင်းသော်တာ ရှိုင်းလို့ လူတော်တော်များများက ခေါ်ကြပါတယ်.ကျွန်တော်အကို့ကို Nikလို့ ခေါ်မယ်ရတယ်မလား"

နားခိုရာမှားတဲ့ လိပ်ပြာငယ်Where stories live. Discover now