သောကြာနေ့ည ....
Weeee..
လက်ကိုင်ဖုန်း ဆီမှ Message ၀င်သံကြောင့် Night ထိတ်ခနဲ ၀မ်းသာသွားကာ .. ဖုန်းဆီ ပြေးသွားလိုက်သည် ..
P'Love ဆီက အကြောင်းပြန်တဲ့စာ ဖြစ်ရမယ် ..
ဒီမနက် P'Love ရှိရာ Biomedicalဌာနရဲ့ Canteen မှာစောင့်ကာ နေ့လည်စာစားဖို့ ထွက်လာတဲ့ P'Loveကို ဒီည ရုပ်ရှင်တူတူကြည့်ကြဖို့ ခွင့်တောင်းခဲ့သည် ..
ဒီနေ့ဟာ သောကြာနေ့ဆိုတော့ နှစ်ယောက်လုံးလည်း ညဘက် အချိန်ရသည်မို့ တောင်းဆိုခဲ့သော .. Movie Date အတွက် Night စိတ်လောကြီးကာ တက်ကြွနေခဲ့သည် ..
P'Love က ညနေဘက်မှာ Tutorial တစ်ခု ရှိသေးတာမို့ ညဘက်လိုက်ဖြစ် မလိုက်ဖြစ်ကို စာပို့လိုက်မယ်လို့ ပြောထားတော့ Message သံလေးကြားတိုင်း Night ရင်ထဲ ထိတ်ခနဲ ..
ဖုန်းကို lock ဖွင့်ပြီး ကြည့်လိုက်ချိန်မှာတော့ အချစ်ဆုံးသူငယ်ချင်း၏ နံပါတ်က ပို့ထားတာ ဖြစ်နေ၏
Ford => P'Love က ဒီညအတွက် ဘာပြန်ပြောလဲ ..
Night => အခုထိ ဘာမှ ပြန်မပြောဘူး .. ရုပ်ရှင်က နောက်တစ်နာရီဆိုပဲ ပြတော့မယ် ..
Ford => အဲ့လိုကြီးလား .. မင်း သူ့ အခန်းကို တစ်ချက်သွားကြည့်ပြီး ခေါ်လာရင်ရော ..
Night => ခုနက သွားကြည့်သေးတယ် .. အခန်းက lock ချထားတယ် လူရှိပုံမရဘူး ..
၁၅စက္ကန့်မျှ တဖက်မှာ ငြိမ်သက်သွားပြီးနောက် ..
Ford => နေဦး .. ငါ P'Markကို မေးကြည့်မယ် ..
Ford ဆီက နောက်ဆုံး Message ကို ရပြီးနောက် Night ထပ်ပြီး စာမပို့ဖြစ်တော့ဘဲ အခန်းရှေ့ ၀ရန်တာဆီ ထွက်လာခဲ့သည် ..
အခန်းပြင်မှာ ညနေက မှောင်ရီဝိုးတစ်ဝါးနဲ့ ကြယ်တွေ လင်းကာစ ပြုနေပြီ ..
Night ငယ်စဉ်ကတည်းက အခုလို နေဝင်ရီတရော အချိန်တွေကို ချစ်သည် .. တစ်နေ့တာရုံးလုပ်ငန်းမှာ ကိုယ်စီနှစ်မြုပ်ရင်း .. ကိုယ့်အတွက် အချိန်မပေးနိုင်ကြသည့် မိဘတွေရဲ့ အိမ်ပြန်လာချိန်ကို ၀ရန်တာမှ မျှော်ရင်း မိုးချုပ်သွားတတ်တာ နေ့စဉ် အကျင့်တစ်ခုလို ဖြစ်လာခဲ့တော့ ထိုအချိန်၏ အလှကို အကျွမ်းဝင်လာခဲ့သည်
YOU ARE READING
စိတ်ချပါရစေ
General Fictionအချစ်နောက် လိုက်နေတဲ့ ကောင်လေး ... ❤️ ထိုကောင်လေး တကောက်ကောက် လိုက်နေတဲ့ အချစ်ဟာ သူမဟုတ်ကြောင်း လက်ခံထားတဲ့ နောက်ထပ်ကောင်လေးတစ်ယောက် ....