နောက်နေ့ မနက် ၆နာရီမှာတော့ Night တို့ တောင်တက် အဖွဲ့ဝင်တွေ လမ်းလျှောက်ခရီးကြမ်းကို စတင်ခဲ့ကြသည် .. စမ်းချောင်းလေး တလျှောက် ရေကြည်ကြည်ကို ဖြတ်နင်းရင်း တောင်ကြောရဲ့ အစကို ချဉ်းကပ်မိကြတော့ ..... ဦးတည်ရာဖြစ်သော တောင်ထွတ်က အဝေးမှာ မြူတွေနဲ့ မှိုင်းမှိုင်းပြပြ ..
တောင်ကြောဆီ မတက်ခင် ရှေ့ဆုံးက ဦးဆောင်သွားနေတဲ့ P'North နဲ့ P' Aunတို့က ခြေလှမ်းကို ခဏရပ်လိုက်ကာ အားလုံးကို ကြည့်လိုက်ပြီး ..
"တို့အားလုံးရဲ့ ရည်မှန်းချက်က ဟိုးးမှာ မြင်နေရတဲ့ တောင်ထိပ်ပဲ ..
အခု ပါလာတဲ့ ကျောင်းသား အယောက်၆၀လုံးဟာ အရေးပေါ် ကျန်းမာရေး အခြေအနေတွေက လွဲပြီး အဲဒီကို ခြေချနိုင်ရမယ်ဆိုတဲ့ စိတ်ကို ပိုင်းဖြတ်ထားပါ ...""Heyyy ... Heyyy...."
P'North စကားအဆုံးမှာ အော်ဟစ်အားပေးသံတွေ ဆူညံသွားသည်နှင့်အတူ ...စမ်းချောင်းအလယ်လောက်မှာ ရပ်နေတဲ့ ကျောင်းသားအုပ်စုက ခုန်ပေါက်လိုက်ကြပြီးနောက် .. ထိုအုပ်စုမှ ကျောင်းသူတစ်ဦးက ခြေချော်ကာ ဗွမ်းခနဲ ရေထဲ ဖင်ထိုင်လျက်လဲသွားလေသည် ...
"ပြန်ထ .. ပြန်ထ .. You can do it ... Chula ကျောင်းသူ ကွ .."
"Wayyyyy...."
ထိုကျောင်းသူ မတ်တပ်ပြန်ရပ်နိုင်သွားပြီးနောက် သူမကို အဝတ်အမြန်လဲစေပြီး အားလုံး ပျော်ပျော်ပါးပါး .. ခရီးဆက်ခဲ့ကြသည် ..
Night ကတော့ အားလုံးထဲမှာ အပျော်ဆုံးလို့ ကိုယ့်ကိုယ်ကို ထင်မိသည် .. ဘာကြောင့်ဆို လမ်းခရီးတလျှောက် P'North က Nightဘေးမှာ ကပ်ရပ် အမြဲရှိနေပေး၍ ..
စစချင်း တောင်ကြောပေါ်ရောက်တော့ Night ကပဲ Senior အဖွဲ့နဲ့ တူတူ လိုက်တက်ခဲ့ခြင်းဖြစ်သည် ..
P' တွေ အားလုံးကလည်း ကော်မတီဝင် ဖြစ်နေသော Night ကို သူတို့နား လာနေလို့ ဘာမှ ထူးထူးဆန်းဆန်း ဖြစ်မနေကြ ..နာရီဝက်လောက် တောလမ်းကိုလျှောက်အပြီးမှာ အမောခံနိုင်ရည်စွမ်းနဲ့ လျင်မြန်မှုက စကားပြောပြီ ဖြစ်၍ လူ၆၀မှာ အုပ်စုတွေ ကွဲသွားကြသည် ..
မိန်းကလေး အတော်များများ .. နောက်ချန်ကာ သူတို့ နှုန်းနဲ့ သူတို့ ကြိုးစားပြီး လိုက်လာကြ၏..
YOU ARE READING
စိတ်ချပါရစေ
General Fictionအချစ်နောက် လိုက်နေတဲ့ ကောင်လေး ... ❤️ ထိုကောင်လေး တကောက်ကောက် လိုက်နေတဲ့ အချစ်ဟာ သူမဟုတ်ကြောင်း လက်ခံထားတဲ့ နောက်ထပ်ကောင်လေးတစ်ယောက် ....