- တနင်္လာနေ့ -
"Hey Night!!!"
Canteenထဲ အခုမှ ၀င်လာတဲ့ အတန်းဖော် Captainက နေ့လည်စာကို အကျအန ဖြိုခွင်းနေသော Nightကို အလန့်တကြား နှုတ်ဆက်လာသည်
Captain က Night ထိုင်နေရာစားပွဲကို ကျော်သွားပြီးမှ Night ကို မြင်ပြီး ပြန်လှည့်လာခြင်းဖြစ်သည် ..
"ဆောင်းတွင်းကြီး မိုးတွေရွာတော့မှာပဲကွာ ... Biomedical Canteen က ဒီနေ့ပိတ်တာလား" ..
"ကျွတ် .."
Night က သူဒီနေရာမှာ စထိုင်တည်းက အထူးအဆန်းလို ကြည့်သွားတဲ့သူတွေကြောင့် စိတ်ရှုပ်နေပြီးဖြစ်သောကြောင့် ခေါင်းကို ရမ်းလိုက်ပြီး ..."ငါ ဒီမှာပဲ နေ့လည်စာစားချင်လို့ကွာ" ..
ပြောမှပဲ Captain က မေးစရာတွေ ပိုများလာဟန်နှင့် ...
"ဟာား ... နောက်ဆုံးတော့ မင်း Biomedical တတိယနှစ်က P'Love ဆိုတဲ့ အသည်းကျော်ပိစိလေးကို စိတ်ကုန်သွားပြီ မဟုတ်လား"
"ဟေ့ကောင် .. မျက်ခွက်စုတ်ချင်နေပြီလား ..
အဲ့နာမည်ပြောင်က ငါတစ်ယောက်ပဲ ခေါ်ဖို့ မှည့်ထားတာ .. မင်း ပါးစပ်က ထွက်စရာမလိုဘူး .."Night က Thai Tea ကို ပိုက်နဲ့ စုပ်သောက်ရင်း ပြောလိုက်စဉ် Captainက လက်နှစ်ဖက်ကို ပိုက်ကာ မခိုးမခန့်ဟန်နှင့် ..
"ဟမ့် ... ပိုင်သူဆိုင်သူကြီးပေါ့ .. ဟုတ်လား Night .."
ဘာမှ ထပ်မငြင်းချင်တော့လို့ မှာထားတဲ့ ပတ်ထိုင်းကြော်ကိုသာ Night ငုံ့စားလိုက်စဉ် Captain က စားပွဲမှာ ၀င်ထိုင်ဖို့ လုပ်ပြီးမှ ဆတ်ခနဲ မတ်တပ်ပြန်ရပ်သွားကာ ..
"Sawadee Krap P" ..
Prank လုပ်နေတယ် ထင်လို့ Night မျက်မှောင်တစ်ချက် ကြုတ်ပြီး နောက်ပြန်လှည့်လိုက်တော့ .. Moon Squadတစ်ဖွဲ့လုံး တကယ်ပဲ ရောက်နေကြတာဖြစ်သည် ..
Nightက နေရာမှ ထမနေတော့ဘဲ နှစ်နှစ်ခြိုက်ခြိုက် ပြုံးကာ လက်အုပ်ချီလျက် အားလုံးကို နှုတ်ဆက်လိုက်သည် ..
"Nong Night .. ခဏနေရင် အငယ်တန်းတွေအတွက် ကားပေါ်တင်ပေးရမယ့်... Camping ပစ္စည်းအတိုအထွာတွေ စာရင်းနဲ့ လာထုတ်ဦး" ..
"အိုကေ P' .."
"သဘက်ခါနော် .. Night .. မင်း လူစုမယ့် အချိန်နဲ့ နေရာ မေ့နေဦးမယ် ... နောက်မကျစေနဲ့ဦး .."
YOU ARE READING
စိတ်ချပါရစေ
General Fictionအချစ်နောက် လိုက်နေတဲ့ ကောင်လေး ... ❤️ ထိုကောင်လေး တကောက်ကောက် လိုက်နေတဲ့ အချစ်ဟာ သူမဟုတ်ကြောင်း လက်ခံထားတဲ့ နောက်ထပ်ကောင်လေးတစ်ယောက် ....