ရွက်ဖျင်တဲတွေဆောက်ပြီး ညအိပ်ကြမယ့် Camp site ကိုရောက်တော့ .. နေ့လည် ၁နာရီ ရှိပြီ
ဟိုးခပ်လှမ်းလှမ်းက ရေတံခွန်မှ အခြေတည်ပြီး တောင်ခြေမှာ ဝေ့ဝိုက်ပြီး စီးဆင်းနေတဲ့ ရေကြည်ချောင်းဟာ ကျောက်စရစ်ခဲ ဖြူဖြူတွေနဲ့ အနားသတ်ကာ အပြောကျယ်စွာရှိနေသည်...... ကိုယ်တွေ tent ထိုးမယ့်နေရာကတော့ ထိုချောင်းရဲ့ ကမ်းပါးနှင့်နီးသော ကျောက်စရစ်နည်းပြီး မြေပြင်ပြန့်ပြူးသည့် နေရာလပ်လေးမှာ..
မနက်ဖြန် မနက်ဆိုရင် ထိုချောင်းငယ်ကို ဖြတ်ကာ တစ်ဖက်မှာလှမ်းမြင်နေရတဲ့ တောင်၏ အထွတ်အထိပ်ဆီကို ရောက်အောင်သွားကြမည် ..
Camp site နေရာလေးက ရှုခင်းလည်းသိပ်လှတော့ ကျောင်းသူကျောင်းသားတွေက ရောက်ရောက်ချင်း အထုပ်တွေ အရင်ပစ်ချကာ .. ဖုန်းတွေကင်မရာတွေနဲ့ ပျော်ပျော်ပါးပါး ဓာတ်ပုံရိုက်ကြရင်း အလုပ်ရှုပ်သွားကြသည် ...
Night ကတော့ ချောင်းကို ဖြတ်တိုက်လာတဲ့ လတ်ဆတ်နေတဲ့ လေကို တစ်ဝကြီး ရှုရှိုက်လိုက်ပြီးနောက် ကိုယ်တာဝန်ယူထားရတဲ့ First Year နဲ့ Second Year တွေအတွက် သင့်တော်မယ့်တစ်နေရာရှာကာ ယူလာသည့်ပစ္စည်းတွေကို အရင်ချထားလိုက်၏..
"Hey Night!!!"
ကျောင်းသားအုပ်ထဲကနေ ခေါ်သံကြားလို့ နောက်လှည့်ကြည့်လိုက်တော့ ကျောပိုးအိတ်ကြီး လွယ်ကာ ပြေးလာနေသော Captain...
" Captain .. မင်း ပါလာတယ်လား" ..
Night အံသြပြီး မေးလိုက်တော့ .. Captain က ပိုင်ပါတယ်ဆိုတဲ့ ဟန်နှင့် ပြုံးလိုက်ရင်း ..
"မင်း First Year က Ti ကို သိတယ် မဟုတ်လား ..
သူက စာရင်းပေးထားပြီးမှ ဖျားနေလို့လေ ..
အဲဒါနဲ့ ငါလည်း P'Satang ကို သွားမေးကြည့်တော့ အစားထိုးပြီး လိုက်ချင်လိုက်ခဲ့တဲ့ ..""သြော်" ...
Night က ခေါင်းညိတ်ကာ လက်မထောင်ပြလိုက်သည် ..
"ဒါနဲ့ .. Night.. ငါ မင်းကို Express ပေါ်မှာ မမြင်မိဘူး .. ဘယ်နားပျောက်နေတာလဲ .."
"ငါ Express နဲ့ လိုက်လာတာ မဟုတ်ဘူး ..
P'North ခေါ်လို့ သူ့ကားနဲ့ လိုက်လာတာ ..
ငါက ကော်မတီဝင်ဖြစ်သွားပြီး သယ်စရာတွေလည်း ပါလို့လေ .."
YOU ARE READING
စိတ်ချပါရစေ
General Fictionအချစ်နောက် လိုက်နေတဲ့ ကောင်လေး ... ❤️ ထိုကောင်လေး တကောက်ကောက် လိုက်နေတဲ့ အချစ်ဟာ သူမဟုတ်ကြောင်း လက်ခံထားတဲ့ နောက်ထပ်ကောင်လေးတစ်ယောက် ....