ညနေ ၃နာရီလောက်မှာ တဲလေးတွေ အစီအရီနဲ့ နေဖို့ထိုင်ဖို့ အားလုံးပြီးစီးသွားကြသည် ...
တငြိမ့်ငြိမ့် စီးနေတဲ့ စမ်းချောင်းဘက်ကို မျက်နှာဖွင့်ကာ U ပုံသဏ္ဍာန် ဝိုက်ပြီး ထိုးထားတဲ့ တဲတွေရဲ့ အလယ်ဗဟိုသို့ ခဏနေတော့ P'North ရောက်လာပြီး လက်ခေါက်တစ်ချက် မှုတ်လိုက်ကာ ..
"Chula ရဲ့ Camping အစီအစဉ်မှ ကြိုဆိုပါတယ် ခင်ဗျာ ..
ဒီနေ့ညမှာ မင်းတို့ ဘာဆက်လုပ်ရဖို့ ရှိတယ် ဆိုတာ နည်းနည်း ပြောပြချင်ပါတယ် .."P'North က ချက်ချင်းစကားမဆက်ဘဲ ကျောင်းသားအားလုံး လုပ်လက်စတွေ ချပြီး သူ့ဆီကို လုံးဝအာရုံစိုက်လိုက်ပြီ ဆိုမှ ..
"ည ၇နာရီမှာ .. မီးပုံပွဲနဲ့ BBQ party စပါမယ် .. မနက် တောင်တက်ရမှာမို့ ဒီညကို အရက် ဘီယာ လုံး၀ ခွင့်မပြုပါဘူး ..
BBQ ကင်ဖို့ကို မီးပုံရဲ့ ဘေးပတ်လည်မှာပဲ မီးဖို သုံးခုနဲ့ စီစဉ်ပေးထားပါတယ် ...
အားလုံး အေးအေးချမ်းချမ်းနဲ့ စနစ်တကျ ပါ၀င်ပေးကြမယ်လို့ မျှော်လင့်ပါတယ် ..မနက်ဖြန် မနက်၆နာရီတိတိမှာတော့ တောင်တက်ဖို့ အားလုံး အဆင်သင့် ဖြစ်နေရပါမယ် .. တောင်ထိပ်ကို ရောက်တဲ့အခါ .. ကျနော်တို့ Chula Universityရဲ့ အလံကို စိုက်ထူပါမယ် .. မရှင်းတာ ရှိရင်မေးပါ .."
"ဟုတ်ကဲ့ ... ရှင်းပါတယ် ..."
ထို့နောက် .. P'North လည်း သူ၏ တဲသို့ ပြန်သွားပြီး .. တောင်တက် အဖွဲ့ဝင်အားလုံးလည်း အသီးသီး တဲထဲ ပြန်ဝင်ကြလေသည် ..
Night ကတော့ P'North စကားစပြောစဉ်ထဲက မျက်တောင်မခတ်ကြည့်နေခဲ့ပြီး အခုလည်း P'Northရဲ့ အရပ်ရှည်ရှည် ပုံရိပ်လေး သူ၏ တဲအတွင်းသို့ ပျောက်ကွယ်သွားသည် အထိ လိုက်ငေးနေမိပြန်၏ ...
ည ၇နာရီမှာတော့ Camp အလယ်မှာ မီးပုံကြီးက အလျှံညီးညီးနဲ့ လှပစွာတောက်လောင်နေပြီ ...
မီးပုံကြီးဘေးမှာ ဝိုင်းထိုင်ကာ .. ဂစ်တာတီးလိုက် ဂိမ်းတွေ ဆော့လိုက်နဲ့ Senior Junior တွေ အားလုံး တသားတည်း ပျော်ရွှင်နေကြ၏
တစ်ချိန်တည်းမှာ အားလုံး အတွက် အပူခံကာ အသားကင်တွေကို မီးပုံဘေးမှာ ဒိုင်ခံကင် ပေးနေတာက တောင်တက်ကော်မတီခေါင်းဆောင်တွေ တဖြစ်လည်း Senior Moon အဖွဲ့ဝင်တွေပင် .. တချို့ကျောင်းသားတွေကလည်း ကိုယ်စားချင်တဲ့ အသား သုံးလေးချောင်းယူကာ ကိုယ်တိုင်ကိုယ်ကျ ဝင်ကင်ကြသလို တချို့ ငပျင်းလေးတွေက Senior တွေ ကင်ပေးထားပြီးသည့် ဗန်းထဲမှ ယူသွားကြသည် ..
YOU ARE READING
စိတ်ချပါရစေ
General Fictionအချစ်နောက် လိုက်နေတဲ့ ကောင်လေး ... ❤️ ထိုကောင်လေး တကောက်ကောက် လိုက်နေတဲ့ အချစ်ဟာ သူမဟုတ်ကြောင်း လက်ခံထားတဲ့ နောက်ထပ်ကောင်လေးတစ်ယောက် ....